Leave a comment

ရိုဟင်ဂျာ အရေးတရုတ်ရဲ့ ထောက်ခံမှု အတွက် မြန်မာစစ်တပ် အကြီးအကဲ ကျေးဇူးတင် စကားဆို

image

ဧပြီ ၁၂၊ ၂၀၁၉                                                                                                               Myanmar Muslim Media

ရခိုင်ပြည်နယ်မှာရိုဟင်ဂျာဆန့်ကျင်ရေးလုပ်ဆောင်ချက်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုဆန့်ကျင်ရပ်တည်ပေးမှုအတွက် မြန်မာစစ်တပ် အကြီးအကဲ ဖြစ်သူက တရုတ်ကို ချီးကျူးခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ၁၀ရက်နေ့က ဘေဂျင်းမြို့မှာ တရုတ်ဗဟိုစစ်တပ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ပူးတွဲဌာနအကြီး အကဲနဲ့တွေ့ဆုံစဉ် အတွင်း ရိုဟင်ဂျာ မွတ်စလင်တွေ အပေါ်မြန်မာစစ်တပ်ရဲ့ဆန့်ကျင်လုပ်ဆောင်မှုတွေကိုထောက်ခံပေးမှုအတွက် တရုတ်အစိုးရကို ကျေးဇူးတင် ကြောင်းပြောကြားခဲ့ပါတယ်။ “ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာအဖွဲ့အစည်းကို ဆန့်ကျင်ပြီး အိမ်နီးချင်းကောင်းပီသစွာရပ်တည်ပေးခဲ့မှုအတွက် မြန်မာကတရုတ်ကို ကျေးဇူးတင်ရှိပါတယ်”လို့ မြန်မာ စစ်တပ် အကြီးအကဲက ပြောကြား ခဲ့တယ်လို့ မီဒီယာထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

“မြန်မာဟာတရုတ်ကိုထာဝရမိတ်ဆွေအဖြစ်အလေးထားသွားမှာဖြစ်သလို နည်းဗျူဟာမဟာမိတ်နိုင်ငံအနေနဲ့ပါ အလေးထားသွားမှာဖြစ်တယ်”လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာသောင်းကျန်းသူတွေကနယ်ခြားစခန်းတွေကိုတိုက်ခိုက်မှုကိုတုံ့ပြန်တဲ့၂၀၁၇ သြဂုတ်ကတည်းက မြန်မာစစ်တပ်ရဲ့ဖိနှိပ်တဲ့စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ၇သိန်းကျော် ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ရပါတယ်။ ပြည်နယ်အတွင်းရိုဟင်ဂျာတွေအပေါ်ရက်စက်မှုတွေ ကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံတကာဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာသတ်မှတ်ချက်လုပ်ရပ်၅ရပ်မှာ လေးရပ်ကိုကျူးလွန်ခဲ့တာကို ကုလအချက်အလက်ရှာဖွေရေးမစ်ရှင်ကရှာဖွေတွေ့ရှိခဲ့ပါတယ်။ မြန်မာစစ်တပ်အကြီးအကဲမင်းအောင်လှိုင်နဲ့ တစ်ခြားစီနီယာဗိုလ်ချုပ်၅ဦးကို လူမျိုးတုံးသတ်ဖြတ်မှု လူသားမျိုးနွယ်အပေါ်ရာဇ၀တ်မှုရာဇ၀တ်မှုကျူးလွန်မှု တွေနဲ့တရားစွဲဆိုသွားဖို့ပြောကြားထားပါတယ်။ ဒီရက်စက်တဲ့လုပ်ရပ်ကျူးလွန်မှုတွေကို စစ်တပ်ကငြင်းဆန်ထားပြီး ရိုဟင်ဂျာသောင်းကျန်းသူတွေကိုအမြစ်ပြတ်ချေမှုန်းတဲ့နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးဖြစ်ကြောင်းအခိုင်အမာဆိုထားပါတယ်။

ဘေဂျင်းက မြန်မာကိုနိုင်ငံတကာဖိအားနဲ့ ကုလရဲ့ဒဏ်ခတ်မှုတွေကနေ ကာကွယ်ပေးထားခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ်မြန်မာစစ်တပ်ရဲ့ရာဇ၀တ်ကျူးလွန်မှုတွေကို ပယ်ချပြီးကူညီပေးမှုတွေအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘေဂျင်းကိုကျေးဇူးတင်စကားပြောခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအာရှဒါရိုက်တာ ဖီလ်ရောဘတ်ဆန်ကပြောကြားခဲ့ပါတယ်။ “လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်ရက်စက်မှုတွေကိုအရေးယူဖို့ နိုင်ငံတကာကတောင်းဆိုလာတဲ့အခါ တရုတ်ကအမြဲတမ်းပြသနာထဲဝင်ပါလာပါတယ်။ သူတို့ကိုယ်တိုင်ကလည်း ဇင်းကျန်းပြည်နယ်ထဲက အွီဂါလူမျိုးစုတွေအပေါ်လူ့အခွင့်အရေးချိုးဖောက်ရက်စက်မှုတွေကျူးလွန်နေတာပဲဖြစ်တာကြောင့် ဒီလိုတူညီတဲ့ရာဇ၀တ်မှုတွေကျူးလွန်နေတဲ့ မြန်မာလိုနိုင်ငံမျိုးတွေကိုလွတ်အောင်ဝမ်းမြောက်ဝမ်းသာ ကူညီနေတာပဲဖြစ်ပါတယ်။” လို့ ရောဘတ်ဆန်က Ucannews သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

ဧပြီလ၁၀ရက်နေ့က တရုတ်သမ္မတဇီကျင်းပင်နဲ့ တွေ့ဆုံမှုအတွင်း မြန်မာစစ်တပ်အကြီးအကဲမင်းအောင်လှိုင်က မြန်မာဟာ တရုတ်ရဲ့ Belt and Road Initiative (BRI) ကိုထောက်ခံကြောင်းပြောကြားခဲ့ပါတယ်။ “BRI ထဲမှာပါဝင်တဲ့ပရောဂျက်အများအပြားဟာ မြန်မာကိုအကျိုးအမြတ်ရှိစေတာကြောင့် တပ်မတော်ဟာပူးပေါင်းသွားမှာဖြစ်တယ်”လို့ သူကပြောကြားခဲ့ပါတယ်။ ဧပြီ ၂၆ရက်နေ့မှာစတင်ဖို့စီစဉ်ထားတဲ့ BRI ဆိုင်ရာဒုတိယမြောက်ဖိုရမ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်စုမတက်ရောက်ခင်နှစ်ပတ်အလိုမှာ မြန်မာစစ်တပ်အကြီးအကဲကတရုတ်နိုင်ငံကိုသွားရောက်ခဲ့တာဖြစ်ပါတယ်။

“၀မ်းနည်းစရာကောင်းတာက စစ်တပ်အကြီးအကဲနဲ့ဒေါ်စုတို့ဟာ တရုတ်ရဲ့ထောက်ခံမှုရဖို့ အတွက်အပြိုင်အဆိုင်ဖြစ်နေပါတယ်။ မြန်မာပြည်သူတွေကသာ အခွင့်အရေးဆုံးရှုံးမှုတွေ မြေသိမ်းခံရမှုတွေနဲ့ ကပ်ဘေးရောက်နိုင်တဲ့ရေကာတာစီမံကိန်းတန်ဖိုးတွေကိုပေးဆပ်ရမှာဖြစ်ပါတယ်”လို့ HRW ရဲ့ ရောဘတ်ဆန်ကပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ်ကမြစ်ဆုံစီမံကိန်းကိုပြန်စဖို့ ဒေါ်စုအစိုးရဟာ တရုတ်ရဲ့ဖိအားပေးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။  တရုတ်နောက်ခံပြုထားတဲ့ဒီမီဂါစီမံကိန်းကြီးဟာ မြန်မာလူထုကြားလူကြိုက်များနှစ်သက်မှုမရှိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ဒီစီမံကိန်းဟာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိုးရိမ်ပူပန်စရာတွေဖြစ်လာနိုင်တာကြောင့်ဖြစ်ပါတယ်။

နယ်စပ်မှာတည်ငြိမ်မှုရှိစေဖို့လိုလားတာကြောင့် မြန်မာစစ်တပ်နဲ့လက်နက်ကိုင်အဖွဲ့တွေကြားအပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ဖို့ တရုတ်အစိုးရက မြန်မာအစိုးရကိုတွန်းအားပေးနေခဲ့ပါတယ်။ ဒီဇင်ဘာ၂၁ရက်နေ့ကနေ ဧပြီ၃၀ရက်နေ့ထိ နိုင်ငံမြောက်ပိုင်းဒေသတွေမှာ မြန်မာစစ်တပ်ကအပစ်အခတ်ရပ်စဲရေးကြေငြာချက်ဟာ တရုတ်ရဲ့ဖိအားပေးမှု ရလဒ်တွေအဖြစ် လေ့လာသူတွေကမြင်ထားကြပါတယ်။ တည်ငြိမ်မှုရှိမှသာ မြန်မာနိုင်ငံတွင်းတရုတ်ရင်းနှီးမြုပ်နှံမှုတွေကိုဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပြီး BRI စီမံကိန်းအောက်မှာ နည်းဗျူဟာကျအခြေခံအဆောက်အအုံပရောဂျက်တွေနဲ့ တရုတ်မြန်မာစီးပွားရေးလမ်းကြောင်းတွေပါပါဝင်တယ်လို့ လေ့လာသူတွေကထောက်ပြခဲ့ပါတယ်။

UCA News သတင်းဌာနပါ John Zaw ရေးသားသည့် “Myanmar military chief praises China for support over Rohingya crisis” အမည်ဖြင့် ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: