Leave a comment

ပြည်သူမကြိုက်သည့်အတွက် ဆူဒန် စစ်အာဏာသိမ်းခေါင်းဆောင် ၂၄ နာရီ အတွင်း နှုတ်ထွက်

image

ဧပြီ ၁၃၊ ၂၀၁၉
M-Media

– ဆူဒန်အာဏာရှင် အိုမာရ် အလ်-ဘရှီးရ်ကို ဖြုတ်ချပြီး စစ်ကောင်စီ အကြီးအကဲအဖြစ် တက်လာတဲ့ စစ်ခေါင်းဆောင် အောင်ဝဒ် အစ်ဗနေ့ အောက်ဖ်ဟာ ၂၄ နာရီအတွင်းမှာပဲ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပြီး တိုင်းပြည်အကျိုးအတွက် ဒီလိုဆောင်ရွက် ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆူဒန်ပြည်သူတွေဟာ ဘရှီးရှ်နှုတ်ထွက် ပေးရေး ၅ လနီးပါးကြာ ဆန္ဒပြခဲ့ပြီးတဲ့နောက်ပိုင်း ကြာသာပတေးနေ့မှာ အောက်ဖ် ဦးဆောင် တဲ့ စစ်တပ်က အာဏာသိမ်း ကာ ဘရှီးရ်ကို ဖမ်းဆီး အကျဉ်းချ ခဲ့ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရပ်ဆိုင်းကာ ၂ နှစ်တာ အသွင်ကူးပြောင်းရေး ကာလ သတ်မှတ်ပြီး တိုင်းပြည်ကို စစ်ကောင်စီ က အုပ်ချုပ်သွားမယ်လို့ အောက်ဖ်က ရုပ်သံကနေ တိုင်းပြည်ကို ပြောကြားခဲ့ ပါတယ်။

ပြည်သူတွေက အောက်ဖ်ဦးဆောင်တဲ့ စစ်ကောင်စီကို ဆက်လက်ဆန္ဒပြ နေကြတာကြောင့် ၂၄ နာရီမပြည့်ခင် မှာပဲ အောက်ဖ်ဟာ စစ်ကောင်စီ အကြီးအကဲအဖြစ်ကနေ နှုတ်ထွက် ကြောင်း ကြေငြာခဲ့ပါတယ်။

“စစ်ကောင်စီ အကြီးအကဲဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ရာထူးကနေ နှုတ်ထွက်ကြောင်း ကြေငြာလိုပါတယ်။ ဒါဟာ တိုင်းပြည်ကို ထိခိုက်စေနိုင်တဲ့ ကိုယ်ကျိုးထက် တိုင်းပြည် ကောင်းကျိုး အတွက် ဆောင်ရွက် တာပါ။ ခင်ဗျားတို့အားလုံး ပူးပေါင်း ဆောင်ရွက်ပြီး အဖြေတစ်ခုကို လျင်လျင်မြန်မြန်နဲ့ ရှာဖွေဖို့ အကြံပြု လိုပါတယ်”

စစ်ကောင်စီ အကြီးအကဲနေရာအတွက် ဒုတိယဗိုလ်ချုပ်ကြီး အဘ်ဒဲလ် ဖာတာ ဘူရ်ဟန်ကို အောက်ဖ်က ခန့်အပ်ခဲ့ပြီး ဘူရ်ဟန်ဟာ တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းကြောင်းနိုင် မယ် ဆိုတာ ယုံကြည်ကြောင်း၊ စစ်တပ် အတွင်း ညီညွတ်ရေးအတွက် အခုလို နှုတ်ထွက်ခဲ့တာဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဘူရ်ဟန်ဟာ စစ်ဦးစီး အရာရှိချုပ်နဲ့ ကြည်းတပ် အကြီးအကဲအဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဘရှီးရ်ရဲ့ တာဝန် ပေးခြင်းကို ခံခဲ့ရသူပါ။ ဒါပေမယ့် ဘရှီးရ်အစိုးရနဲ့ ဆူဒန်စစ်တပ်မှာ အစွန်းအထင်း အကင်းဆုံးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ဆန္ဒပြပြည်သူတွေနဲ့ ဆက်ဆံရေး အဆင်ပြေဆုံးသူလည်း ဖြစ်ပါတယ်။

နိုင်ငံအနောက်မြောက်ပိုင်း ဒါဖာရ် ဒေသမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှု အတွင်း ဘရှီးရ်၊ အောက်ဖ်တို့ အပါအ၀င် ဆူဒန်အစိုးရနဲ့ စစ်တပ်က တာဝန်ရှိသူတွေဟာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရပါ တယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: