Archive | April 16, 2019

You are browsing the site archives by date.

အင်းဒင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အကြောင်းဖော်ထုတ်ခဲ့တဲ့ ၀လုံးနဲ့ကျော်စိုးဦး တို့ ပူလစ်ဇာဆုရရှိ

ဧပြီ ၁၆၊ ၂၀၁၉                                                                                                                      Myanmar Muslim Media ရိုက်တာသတင်းဌာနဟာ တနင်္လာနေ့က ပူလစ်ဇာဆုနှစ်ဆုရရှိခဲ့ပြီး တစ်ဆုဟာ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာမွတ်စလင်၁၀ဦးကို မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဗုဒ္ဓဘာသာ ရွာသားတွေ အစုလိုက်အပြုံလိုက် အကြမ်းဖက်သတ်ဖြတ်ခဲ့မှုကိုဖော်ထုတ်ခဲ့တဲ့ ကိုဝလုံးနဲ့ကျော်စိုးဦးတို့ ရရှိခဲ့တာဖြစ်ပြီး နောက်တစ်ဆုကတော့ အမေရိကန်နိုင်ငံတွင်းရွှေ့ပြောင်းခိုလှုံသူများအရေးဓာတ်ပုံတွေအတွက် ဆုရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်အတွက်ပူလစ်ဇာဆုဂုဏ်ပြုခံရတဲ့ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ၀လုံးနဲ့ကျော်စိုးဦးတို့ဟာ ပဋိပက္ခဇုန်ဖြစ်နေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ၁၀ဦးအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအကြောင်းဖော်ထုတ်ခဲ့မှု အတွက် မြန်မာနိုင်ငံမှာထောင် ကျနေတာရက်ပေါင်း ၄၉၀ ရှိ လာခဲ့ပြီဖြစ်ပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ၀လုံးနဲ့ကျော်စိုးဦးတို့နှစ်ဦးဟာ မြေပြင်ကနေထိုးထွက်နေတဲ့အရိုးတွေပြည့်နေတဲ့ အစုလိုက် အပြုံလိုက် မြုပ်နှံထားမှုကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ကျူးလွန်သူတွေ မျက်မြင်သက်သေ တွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေ ဆီကနေ သက်သေထွက်ဆိုချက်တွေ ကိုစုဆောင်းခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ […]