Leave a comment

အင်းဒင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အကြောင်းဖော်ထုတ်ခဲ့တဲ့ ၀လုံးနဲ့ကျော်စိုးဦး တို့ ပူလစ်ဇာဆုရရှိ

image

ဧပြီ ၁၆၊ ၂၀၁၉                                                                                                                      Myanmar Muslim Media

ရိုက်တာသတင်းဌာနဟာ တနင်္လာနေ့က ပူလစ်ဇာဆုနှစ်ဆုရရှိခဲ့ပြီး တစ်ဆုဟာ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာမွတ်စလင်၁၀ဦးကို မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဗုဒ္ဓဘာသာ ရွာသားတွေ အစုလိုက်အပြုံလိုက် အကြမ်းဖက်သတ်ဖြတ်ခဲ့မှုကိုဖော်ထုတ်ခဲ့တဲ့ ကိုဝလုံးနဲ့ကျော်စိုးဦးတို့ ရရှိခဲ့တာဖြစ်ပြီး နောက်တစ်ဆုကတော့ အမေရိကန်နိုင်ငံတွင်းရွှေ့ပြောင်းခိုလှုံသူများအရေးဓာတ်ပုံတွေအတွက် ဆုရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၉ခုနှစ်အတွက်ပူလစ်ဇာဆုဂုဏ်ပြုခံရတဲ့ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ၀လုံးနဲ့ကျော်စိုးဦးတို့ဟာ ပဋိပက္ခဇုန်ဖြစ်နေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ၁၀ဦးအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအကြောင်းဖော်ထုတ်ခဲ့မှု အတွက် မြန်မာနိုင်ငံမှာထောင် ကျနေတာရက်ပေါင်း ၄၉၀ ရှိ လာခဲ့ပြီဖြစ်ပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ၀လုံးနဲ့ကျော်စိုးဦးတို့နှစ်ဦးဟာ မြေပြင်ကနေထိုးထွက်နေတဲ့အရိုးတွေပြည့်နေတဲ့ အစုလိုက် အပြုံလိုက် မြုပ်နှံထားမှုကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ကျူးလွန်သူတွေ မျက်မြင်သက်သေ တွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေ ဆီကနေ သက်သေထွက်ဆိုချက်တွေ ကိုစုဆောင်းခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ ရွာသားတွေဆီကနေ ထိမိတဲ့ဓာတ်ပုံသုံးပုံကိုရရှိခဲ့ပါတယ်။ နှစ်ပုံမှာ ရိုဟင်ဂျာ၁၀ဦးကိုကြိုး တုတ်ပြီးဒူးထောက်ခိုင်းထားပါတယ်။ တတိယပုံကတော့ အဲဒီလူ၁၀ဦးကိုပဲ ပစ်သတ်ထားပြီး ကျင်းထဲပစ် ထည့်ထားတဲ့ ပုံဖြစ်ပါတယ်။ ၀လုံးနဲ့ကျော်စိုးဦးတို့ သူတို့ဖော် ထုတ်နေတဲ့ သတင်းကိုအပြီး မသတ်နိုင်ခင် ၂၀၁၇ ဒီဇင်ဘာမှာ ဖမ်းဆီးခံခဲ့ရပြီး ဒီလုပ်ရပ် ကိုနိုင်ငံတကာ လေ့လာသူတွေက ဝေဖန်ရှုတ်ချခဲ့ကြပြီး သတင်း အစီရင်ခံစာ ကိုပိတ်ဆို့တားဆီးနိုင်ဖို့ အာဏာပိုင်တွေရဲ့လုပ်ရပ်လို့ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ကြပါတယ်။ “မြန်မာနိုင်ငံကအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု” အစီရင်ခံစာကို သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဆီမွန်လဲဝစ်နဲ့ အန်တိုနီဆလိုကို စကီးတို့က အပြီးသတ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ဖေဖေါ်ဝါရီမှာထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်စက်တင်ဘာမှာ နိုင်ငံရဲ့ လျှို့ဝှက်ဥပဒေပုဒ်မချိုးဖောက်မှုတွေအတွက် ၀လုံးနဲ့ကျော်စိုးဦးတို့ထောင်ဒဏ် ၇နှစ်ချမှတ်ခံခဲ့ရပါတယ်။ “၀လုံး ကျော်စိုးဦးနဲ့ သူတို့ရဲ့လုပ်ဖော် ကိုင်ဖက်တွေရဲ့ ရဲရင်တဲ့ဖော်ထုတ် မှုတွေကိုအသိအမှတ်ပြုခံရတဲ့အတွက် ပီတိဖြစ်မိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ရဲရင့်တဲ့သတင်းထောက်နှစ်ဦးဖြစ်တဲ့ ၀လုံးနဲ့ကျော်စိုးဦး တို့ဟာ ထောင်ကျခံနေရ ဆဲဖြစ်ပါတယ်။” လို့ ရိုက်တာအယ်ဒီတာအကြီးအကဲ စတီဗင်ဂျေအဒ်လာက ပြောကြားခဲ့ပါတယ်။

ပူလစ်ဇာဆုဟာသတင်းထောက်တွေအတွက် အမြင့်ဆုံးနိုင်ငံတကာဆုဖြစ်ပြီး ၁၉၁၇ခုနှစ်ကစတင်ဂုဏ်ပြုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဟန်ဂေရီနိုင်ငံဖွား အမေရိကန်သတင်းစာဆရာကြီး ဂျိုးဇက်ပူလစ်ဇာတည်ထောင်ခဲ့တဲ့ဆုဖြစ်ပါတယ်။

Reuters သတင်းဌာနပါ Daniel Trotta ရေးသားသည့် “Jailed Reuters reporters,US border photographers win Pulitzer Prizes” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: