Archive | May 2019

You are browsing the site archives by date.

ရိုဟင်ဂျာအရေး OIC ဆွေးနွေး

■ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို တာဝန်ခံမှုရှိရေး အတွက် OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ဝန်ကြီးများ အစည်းအဝေးကို ဆော်ဒီ အာရေးဗီးယားနိုင်ငံ၊ ဂျက်ဒါမြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။   ဒါဟာ အခုနှစ်အတွင်း ဒုတိယအကြိမ်ကျင်းပတဲ့ အစည်းအဝေး ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်က သူတို့နိုင်ငံကို မြန်မာနိုင်ငံက ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေက အခြေအနေတွေကို အသေးစိပ်တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ OIC အဖွဲ့ဝင် တွေကလည်း ရိုဟင်ဂျာတွေရဲ့ လက်ရှိ အခက်အခဲတွေ နဲ့ အနာဂတ်ပြဿနာတွေ ဖြေရှင်းရေးအတွက် အဖွဲ့ဝင်နိုင်ငံ အားလုံး သဘောတူနိုင်မယ့် နည်းလမ်းတွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ ဂျက်ဒါမြို့က လာတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ ဓါတ်ပုံ – […]

ပြည်သူ့ဂုဏ်ရည်ဆု မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံရရှိ

နိုင်ငံတကာရောက် မြန်မာမိသားစု များရဲ့ လှူးဒါန်းငွေများနဲ့ ချီးမြှင့်တဲ့ န၀မအကြိမ်မြောက်၂၀၁၈ခုနှစ် ပြည်သူဂုဏ်ရည်ဆုကို ရန်ကုန်မြို့ ဘားလမ်း မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံကို ရွေးချယ်လိုက်ပါတယ်။ ခုလိုရွေးချယ်လိုက်တဲ့အကြောင်း မေလ ၂၆ရက်နေ့စနေနေ့မှာ အမေရိကန်နိုင်ငံ နယူးယောက် ပြည်နယ် မှာပြုလုပ်တဲ့ ပြည်သူ့ ဂုဏ်ရည်ဆု ကြေညာပွဲအခမ်းအနား မှာ ကြေညာသွား ခဲ့ပါတယ်။ ဆုရရှိတဲ့ မူစလင်ကုသိုလ်ဖြစ်ဆေးရုံကို ဆုငွေ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ချီးမြှင့်မှာဖြစ်ပြီး အထူးဆုအဖြစ် အဖွဲ့အစည်းသုံးခုကိုလည်း ရွေးချယ် လိုက်ပါတယ်။ အထူးဆုရရှိသူတွေကို ဒေါ်လာ ၁၀၀၀ချီးမြှင့်မှာဖြစ်ပါတယ်။ ဆုရရှိသူတွေနဲ့ပတ်သက်ပြီး ပြည်သူ့ ဂုဏ်ရည်ဆုရွေးချယ်ရေးအဖွဲ့က ဘဏ္ဍာရေးမှူး ဦးကျော်ဝဏ္ဏက “ ဒီနှစ်မှာ အထူးဆုသုံးဆုနဲ့ ပြည်သူ့ ဂုဏ်ရည်ဆုကို ချီးမြှင့်ပါတယ်။ အထူးဆုသုံးဆုကို နွမ်းပါးပညာရေး အလှူအဖွဲ့၊ ဒေါက်တာမြတ်စန္ဒာသန့် […]

သတင်းပေးရင် ဖမ်းမိတဲ့ငွေရဲ့ (၁၀%)၊ ကူဖမ်းပေးရင် (၂၀%) ထိပေးမယ့် လောင်းကစား ဥပဒေကို အတည်ပြု လိုက်ပါပြီနော်

လောင်းကစားဝိုင်းတွေကို စီးပွားဖြစ် သတင်းပေးပဲ လုပ်တော့မယ်…. လောင်းကစားဝိုင်းတွေ ပြုလုပ်နေတယ်ဆိုရင် သတင်းပေးရုံနဲ့ သိမ်းဆည်းရမိတဲ့ တန်ဖိုးရဲ့ (၁၀)% တရားဝင်ရရှိမယ် (သို့မဟုတ်) ဖမ်းဆီးရေးအဖွဲ့မှာ ပါဝင်မယ်ဆိုရင် (၂၀)% ရာခိုင်နှုန်းအထိ ရရှိမယ်။(သတင်းပေးသူအမည်ကိုလျှို့ဝှက်ထားရမည်) မြို့နေရပ်ကွက်တွေမှာ လူအများနဲ့သက်ဆိုင်တဲ့နေရာတွေမှာ လောင်းကစားပြုလုပ်ရင် ရပ်ကွက်အုပ်ချုပ်ရေးမှုးကိုယ်တိုင် ဖမ်းဆီးနိုင်တယ်။ မြန်မာနိုင်ငံသားများ(Casino) ကာစီနိုကစားခွင့်မရှိပါ။ ကျေးရွာအတွင်းမှာ(သို့မဟုတ်)ကျေးရွာအုပ်စုအတွင်းမှာ လောင်းကစားမှုပြုလုပ်နေတယ်ဆိုရင် ကျေးရွာအုပ်ချုပ်မှုးကိုယ်တိုင် ၀ရမ်းထုတ်ပေးနိုင်တဲ့ ……….. ၂၀၁၉-ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်-၁၃ လောင်းကစားဥပဒေ ယနေ့ အတည်ပြုလိုက်ပါပြီ။ MoeHein ခရီးသည်

ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာ သွားခွင့်ပြုဖို့ ကန် အတွင်းဝန် ပြောကြား

■ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမယ့် အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးအတွင်းဝန် (David Hale) ဒေးဗစ် ဟေးလ် က ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ နေရပ်ဒေသ ပြန်လာနိုင်ရေးကို အထောက်အပံ့ဖြစ်စေဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာသွားလာခွင့် ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ပြောကြားခဲ့တာပါ။   မြန်မာနိုင်ငံမှာ သောကြာနေ့အထိ ၃ ရက်ကြာနေထိုင်မယ့် ဒေးဗစ်ဟေးလ် က ရခိုင်ပြည်နယ်ရဲ့ လက်ရှိ အခြေအနေဟာ ဒုက္ခသည်တွေ ပြန်လာရေးအတွက် လုံခြုံမှု မရှိသေးကြောင်း၊ မြန်မာ အာဏာပိုင်တွေနဲ့ တွေ့ဆုံတဲ့အခါ သူတို့ကို အဓမ္မပြန်လည်နေရာချထားခြင်း မပြုဖို့ သူတင်ပြမှာဖြစ်ကြောင်းနဲ့ မြန်မာ့တပ်မတော် […]