Archive | May 6, 2019

You are browsing the site archives by date.

ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာ သွားခွင့်ပြုဖို့ ကန် အတွင်းဝန် ပြောကြား

■ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမယ့် အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးအတွင်းဝန် (David Hale) ဒေးဗစ် ဟေးလ် က ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ နေရပ်ဒေသ ပြန်လာနိုင်ရေးကို အထောက်အပံ့ဖြစ်စေဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာသွားလာခွင့် ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ပြောကြားခဲ့တာပါ။   မြန်မာနိုင်ငံမှာ သောကြာနေ့အထိ ၃ ရက်ကြာနေထိုင်မယ့် ဒေးဗစ်ဟေးလ် က ရခိုင်ပြည်နယ်ရဲ့ လက်ရှိ အခြေအနေဟာ ဒုက္ခသည်တွေ ပြန်လာရေးအတွက် လုံခြုံမှု မရှိသေးကြောင်း၊ မြန်မာ အာဏာပိုင်တွေနဲ့ တွေ့ဆုံတဲ့အခါ သူတို့ကို အဓမ္မပြန်လည်နေရာချထားခြင်း မပြုဖို့ သူတင်ပြမှာဖြစ်ကြောင်းနဲ့ မြန်မာ့တပ်မတော် […]