Leave a comment

ပြည်သူ့ဂုဏ်ရည်ဆု မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံရရှိ

image

နိုင်ငံတကာရောက် မြန်မာမိသားစု များရဲ့ လှူးဒါန်းငွေများနဲ့ ချီးမြှင့်တဲ့ န၀မအကြိမ်မြောက်၂၀၁၈ခုနှစ် ပြည်သူဂုဏ်ရည်ဆုကို ရန်ကုန်မြို့ ဘားလမ်း မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံကို ရွေးချယ်လိုက်ပါတယ်။ ခုလိုရွေးချယ်လိုက်တဲ့အကြောင်း မေလ ၂၆ရက်နေ့စနေနေ့မှာ အမေရိကန်နိုင်ငံ နယူးယောက် ပြည်နယ် မှာပြုလုပ်တဲ့ ပြည်သူ့ ဂုဏ်ရည်ဆု ကြေညာပွဲအခမ်းအနား မှာ ကြေညာသွား ခဲ့ပါတယ်။

ဆုရရှိတဲ့ မူစလင်ကုသိုလ်ဖြစ်ဆေးရုံကို ဆုငွေ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ချီးမြှင့်မှာဖြစ်ပြီး အထူးဆုအဖြစ် အဖွဲ့အစည်းသုံးခုကိုလည်း ရွေးချယ် လိုက်ပါတယ်။ အထူးဆုရရှိသူတွေကို ဒေါ်လာ ၁၀၀၀ချီးမြှင့်မှာဖြစ်ပါတယ်။ ဆုရရှိသူတွေနဲ့ပတ်သက်ပြီး ပြည်သူ့ ဂုဏ်ရည်ဆုရွေးချယ်ရေးအဖွဲ့က ဘဏ္ဍာရေးမှူး ဦးကျော်ဝဏ္ဏက

“ ဒီနှစ်မှာ အထူးဆုသုံးဆုနဲ့ ပြည်သူ့ ဂုဏ်ရည်ဆုကို ချီးမြှင့်ပါတယ်။ အထူးဆုသုံးဆုကို နွမ်းပါးပညာရေး အလှူအဖွဲ့၊ ဒေါက်တာမြတ်စန္ဒာသန့် မြင့်မိုဃ်မေတ္တာ နားခိုရာဂေဟာ တည်ထောင်သူရယ်၊ မန္တလေးမြို့မှာရှိတဲ့ ယုံကြည်ရာ အသိပညာပြန့်ပွား ရေးအသင်း တို့ဖြစ်ပါတယ်။ ဒီသုံးဖွဲ့ဟာ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ရဲ့ အထူးဆုတွေရရှိပြီး ၂၀၁၈ အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ရန်ကုန်မြို့ဘားလမ်းမှုစလင် ကုသိုလ်ဖြစ်ဆေးရုံရရှိပါတယ်။ “

ဆုများကိုရွေးချယ်ရာမှာ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ဗြိတိန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ရှိတဲ့ ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေးအဖွဲ့ခွဲ၂၀မှာပါဝင်တဲ့ မြန်မာမိသားစုတွေက အသီးသီးရွေးချယ်ကြပြီး ဗဟိုအလုပ် အမှုဆောင်ကော်မတီကို အမည် စာရင်းများ ပေးပို့ကြတာဖြစ်ပါတယ်။ ပေးပို့လာတဲ့ အမည်စာရင်းတွေထဲက မဲအများဆုံးရရှိတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို ဆုချီးမြှင့် တာဖြစ်ပါတယ်။ ခုလိုချီးမြှင့်မဲ့ ဆုငွေများကို မြန်မာနိုင်ငံကို လာရောက် ချီးမြှင့်မှာဖြစ်ပါတယ်။
ဆုချီးမြှင့်တဲ့ ဆုငွေတွေအတွက်လည်း အဲ့ဒီနိုင်ငံလေးနိုင်ငံမှာ နေထိုင်တဲ့ မြန်မာမိသားစုများက အလှူငွေများ ထည့်ဝင်ကြတာဖြစ်ပါတယ်။

RFA Burmese မှ ကူးယူဖော်ပြပါသည်။

ဆက်စပ်သတင်းများဖတ်ရန်
http://www.m-mediagroup.com/news/tag/muslimfreehospital

Credit. M-Medea

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: