Archive | July 2019

You are browsing the site archives by date.

ကုလအထူးသံတမန် ခရစ်တင်းဘာဂနာ ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်က သတိပေး စကားပြော

မြန်မာအစိုးရဘက်လိုက်တယ်လို့ ကျော်ကြားနေတဲ့ ကုလအထူးသံတမန် ခရစ်တင်းဘာဂနာ ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်က သတိပေး စကားပြော ရှား Jul 25, 2019 Rohingya Today ကုလသမဂ္ဂ အေထြေထြအတြင်းရေးမွူးခ်ုပ်၏ အထူးသံတမန် ခရစ္တင်းဘာဂနာ (ဓါတ္ပုံ – UN/Loey Felipe) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန် ခရစ်တင်းဘာဂနာ (ဓါတ်ပုံ – UN/Loey Felipe) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် ခရစ်တင်းဘာဂနာ က ပြင်းထန်စွာဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ကျော်ကြားတဲ့ မီဒီယာတစ်ခုဖြစ်တဲ့ Prothom Alo က ရေးသားဖော်ပြထားပါတယ်။ ခရစ်တင်းဘာဂနာကို လွန်ခဲ့တဲ့နှစ် ဧပြီလမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး၊ မြန်မာအစိုးရဘက်ကို […]

စစ်တွေသို့ ရောက်ရှိလာသည့် ကုလအထူး ကိုယ်စားလှယ်မစ္စခရစ်စတင်းဘာဂနာ ANP ခေါင်းဆောင်များနှင့် တွေ့ဆုံ

10 Jul, 2019 မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ ဇူလို်င် ၁ဝ/၂ဝ၁၉ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ယနေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရောက်ရှိလာသည့် ကုလအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်း ဘာဂနာသည် ရောက်ပြီး အချိန်ပိုင်းအနည်းငယ်အတွင်း ရခိုင်အမျိုးသားပါတီ ( ANP) ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်ဟု သိရသည်။ ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်သို့သွားရောက်ကာ ပါတီထိပ်ပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၏ လက်ရှိကြုံတွေ့နေရသည့် အနေအထား၊ ရခိုင်ပြည်သူများ၏ ထိခိုက်နစ်နာနေမှုများနှင့် လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ANP ၏ သဘောထားတို့ကို မေးမြန်းခဲ့ကြောင်း သိရသည်။ ကုလအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်းဘာဂနာနှင့်တွေ့ဆုံရာတွင် ပါဝင်သည့် ANP ပါတီမူဝါဒ ရေးရာကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က “ကျမတို့ဘက်ကတော့ […]

မြန်မာအပေါ်ထိရောက်စွာ အရေးယူဖို့ Yanghee Lee တိုက်တွန်း

“သက်သေအထောက်အထားတွေ စုဆောင်းမှုကို ကျမတို့ဘက်က ဆောင်ရွက်ပြီးပါပြီ။ ­သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တယား Independence Investigative Mechanism – IIM မြန်မြန်ဆန်ဆန် ဖြစ်လာဖို့ တိုက်တွန်း ထောက်ပံ့ပေးစေလိုပါတယ်။ ကျမတို့မှာ ရံပုံငွေ အများကြီး ရထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ စနစ်က အရမ်း နှေးကွေးပါတယ်။ စုံစမ်းရေး ယန္တရားက မလည်ပတ်နိုင်သေးပါဘူး။ ကျမတို့ဘက်ကတော့ တာဝန်ရှိသူတွေကို တရားဥပဒေ အရ အပြစ်ပေးနိုင်ဖို့၊ အမှုဖွင့်နိုင်ဖို့ ဆောင်ရွက်စရာ အားလုံး ပြီးစီးသွားပါပြီ။ ကျမ အနေနဲ့ကတော့ တခြား တိုးတက်မှု တခုကိုလည်း တွေ့ချင်ပါတယ်။ အဲဒါကတော့ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုတို့ အတွက် လုံခြုံရေး ကောင်စီဘက်က […]