Leave a comment

ကုလအထူးသံတမန် ခရစ်တင်းဘာဂနာ ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်က သတိပေး စကားပြော

image

မြန်မာအစိုးရဘက်လိုက်တယ်လို့ ကျော်ကြားနေတဲ့ ကုလအထူးသံတမန် ခရစ်တင်းဘာဂနာ ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်က သတိပေး စကားပြော
ရှား Jul 25, 2019 Rohingya Today
ကုလသမဂ္ဂ အေထြေထြအတြင်းရေးမွူးခ်ုပ်၏ အထူးသံတမန် ခရစ္တင်းဘာဂနာ (ဓါတ္ပုံ – UN/Loey Felipe)
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန် ခရစ်တင်းဘာဂနာ (ဓါတ်ပုံ – UN/Loey Felipe)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် ခရစ်တင်းဘာဂနာ က ပြင်းထန်စွာဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ကျော်ကြားတဲ့ မီဒီယာတစ်ခုဖြစ်တဲ့ Prothom Alo က ရေးသားဖော်ပြထားပါတယ်။

ခရစ်တင်းဘာဂနာကို လွန်ခဲ့တဲ့နှစ် ဧပြီလမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး၊ မြန်မာအစိုးရဘက်ကို လိုက်ပြီး ဆောင်ရွက်နေသူ ဖြစ်တယ်လို့ ကျော်ကြားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်တုန်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ သံတမန်တွေကို ရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးအတွက် မလုပ်ဆောင်နိုင်ဘူး၊ ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂအထူးသံတမန် ခရစ်တင်းဘာဂနာ က ပြစ်တင်ပြောဆိုခဲ့တယ်။

အင်္ဂါနေ့ (ဇူလိုင်လ ၂၃) နေ့လည်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်ကို တွေ့ဖို့လာတဲ့အချိန်မှာ ဒီလိုပြစ်တင်ပြောဆိုတာနဲ့ ပတ်သက်ပြီး သူမကို မေးမြန်းတဲ့အခါမှ တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိခဲ့ဘူး။

သူမက အထူးသံတမန် ခန့်အပ်ခံရချိန်ကစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၅ ကြိမ်တိုင်တိုင် ရောက်ရှိခဲ့ပေမယ့် ရိုဟင်ဂျာဒုက္ခသည်များ ခိုလှုံနေရာ ကော့ဇ်ဘဇားကို တစ်ကြိမ်သာ သွားရောက်ခဲ့တယ်။

ခရစ်တင်းဘာဂနာ က ဇူလိုင်လ (၉) ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ (၁၀) ရက်ကြာ အလုပ်သဘော လည်ပတ်ခဲ့တယ်။ ဝန်ကြီးများ၊ အစိုးရ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ အကြံပေးအဖွဲ့များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တယ်။

ဇူလိုင်လ (၂၃) ရက်နေ့ အင်္ဂါနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာပြီး နေ့လည်ပိုင်းမှာ နိုင်ငံခြားရေး အတွင်းဝန် မိုဟာမတ်ရှဟီဒုလ်ဟာခ်နဲ့ သူ့ရဲ့ရုံးခန်းမှာ တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံပြီးမှာ သတင်းထောက်တွေက မေးခွန်းတွေ မေးတာကို ခရစ်တင်းဘာဂနာ က ဖြေကြားလိုတဲ့ ဆန္ဒမရှိဘူးလို့ Prothom Alo က သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးအတွင်းဝန် ကတော့ သူ့အနေနဲ့ ကုလသမဂ္ဂအထူးသံတမန်ကို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ပြောပြခဲ့တယ်လို့ ဆိုတယ်။ တွေ့ဆုံစဉ်မှာ ပါဝင်သူတွေကတော့ ခရစ်တင်းဘာဂနာက အစည်းအဝေးမှာ စိတ်မသက်မသာ ဖြစ်နေရတယ်လို့ ပြောကြတယ်။ ပြီးတော့ ရခိုင်ပြည်နယ်တွင်း သွားလာချိန်မှာ အကန့်အသတ်နဲ့သာ သွားလာခွင့်ရခဲ့တယ်လို့ သူမက ဝန်ခံလိုက်တယ်လို့ အစည်းအဝေးတက်ရောက်သူတွေက ဆိုကြတယ်။ မြန်မာအစိုးရက ခေါ်သွားတဲ့ နေရာတွေကို သွားလာခွင့်ရခဲ့တယ်။

နိုင်ငံခြားရေးအတွင်းဝန် ကတော့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ရိုဟင်ဂျာတွေ ပြန်သွားဖို့ မသင့်တော်သေးဘူးလို့ ပြောလို့ရမလားဆိုပြီး မေးတဲ့အခါ ခရစ်တင်းဘာဂနာကတော့ ရခိုင်ပြည်နယ်က အခြေအနေက ရိုဟင်ဂျာတွေ ပြန်သွားဖို့ မသင့်တော်တာကို သဘောတူတဲ့အကြောင်း ပြောတယ်။

နိုင်ငံခြားရေးအတွင်းဝန်က ဒါတွေကို ရန်ကုန်က ရှင်းလင်းမှာ ထည့်မပြောရတဲ့အကြောင်းရင်း၊ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ကို ပြစ်တင်ဝေဖန်တာတွေ၊ မြန်မာအစိုးရရဲ့ စုံစမ်းရေး ကော်မရှင်ကို ဘင်္ဂလားဒေ့ရှ်ကို လာခွင့်မပေးဘူးဆိုပြီး စွပ်စွဲတာတွေနဲ့ ပတ်သက်ပြီး ပြောဆိုတော့ ခရစ်တင်းဘာဂနာက ချေပဖို့ ကြိုးစားခဲ့တယ်။ သို့ပေမယ့်လည်း နိုင်ငံခြားရေးအတွင်းဝန်က ရန်ကုန်မြို့က ဘင်္ဂလားဒေ့ရှ်သံရုံးက ပို့ပေးထားတဲ့ အစီရင်ခံစာတွေ ထုတ်ပြတော့ ခရစ်တင်းဘာဂနာက အတော်လေး စိတ်မသက်မသာ ဖြစ်ခဲ့ရတယ်။

နိုင်ငံခြားရေးအတွင်းဝန်က သူမအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို လာပြီးတော့ ရိုဟင်ဂျာကမ့်တွေကို မသွားရတဲ့ အကြောင်းရင်းကိုလည်း အလွန်သိချင်နေတာပါ။

အတွင်းဝန်က “ရိုဟင်ဂျာတွေနဲ့ စကားပြောကြည့်မှသာ သူတို့ တကယ်ပြန်ချင်လား မပြန်ချင်ဘူးလား ဆိုတာ သိရမယ်။ သူတို့တွေ ဘာကို လိုချင်နေတာလဲဆိုတာကို သိရမယ်” လို့ ပြောတော့ ခရစ်တင်းဘာဂနာက ဘာမှ ပြန်မဖြေဘူး။

ခရစ်တင်းဘာဂနာ က “ကျွန်မကို ယုံပါ။ ကျွန်မက ဘင်္ဂလားဒေ့ရှ်ကို ကူညီချင်တာပါ” လို့ပြောတော့ နိုင်ငံခြားရေးအတွင်းဝန်က “ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ်ကို ကူညီပါလို့ ပြောနေလား?၊ ရိုဟင်ဂျာတွေကို ကူညီပါ၊ အဲဒါနဲ့ လုံလောက်တယ်” လို့ ပြန်ပြောပါတယ်။

အစည်းအဝေးမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားမကြည့်လို့ ပြစ်တင်ဝေဖန်ခံရတဲ့ ခရစ်တင်းဘာဂနာကတော့ သူမနဲ့အတူ အစည်းအဝေးလာတက်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ကော့ဇ်ဘဇားကို လွှတ်မယ်လို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

အစည်းအဝေး အဆုံးသတ်မှာတော့ နိုင်ငံခြားရေးအတွင်းဝန် ရှဟီဒုလ်ဟာခ် က ကုလသမဂ္ဂ အထူးသံတမန် ခရစ်တင်းဘာဂနာ ကို သတိပေးစကား ပြောတယ်။

“နောက်တစ်ကြိမ် သံတမန်တွေကို ရှင်းလင်းပြောဆိုတာတွေကို စောင့်ကြည့်နေမယ်။ ကျွန်တော်တို့ကတော့ အစီရင်ခံစာ တစ်စောင် ပြင်ဆင်ပြီး၊ အဲဒါကို အများပြည်သူ ဖတ်ရှုလို့ ရအောင် လုပ်ထားမယ်။ ပြီးတော့ ပထမ အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဆီကို ပို့မယ်” လို့ သတိပေးစကား ပြောခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ယောက်က ပြောပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: