Leave a comment

လွတ်လပ်ရေး အမွေ ထိန်းသိမ်း ထားတတ်မှ သာလျှင်

Zawgyi


ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ထူးခြားသော နေ့ရက်များစွာ ရှိကြသည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသားနေ့၊ တပ်မတော်နေ့၊ ပြည်ထောင် စုနေ့၊ လွတ်လပ်ရေးနေ့၊ အာဇာ နည်နေ့ ဟူ၍ နေ့ထူးနေ့ ရက်များရှိသည်။ ထိုနေ့ရက်များ အနက် ကိုလိုနီဘဝကျရောက် ခဲ့ဖူးသည့် မြန်မာနိုင်ငံအတွက်မူ လွတ်လပ်ရေးနေ့သည် များစွာ အဖိုးထိုက်တန် လှပေသည်။ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ ပင်ဖြစ်သည်။
ဂုဏ်ရှိန်ရောင်ဝါထွန်းလင်းပြောင်ခဲ့
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဟူသော ဤမြေပေါ် တွင် လွန်ခဲ့သောနှစ်ပေါင်း သန်း ၄ဝ ကျော်ခန့်မှ အစပြု၍ မြန်မာ့ရှေးဦး လူမျိုးများ စတင်နေထိုင်ခဲ့သည်ကို ပုံတောင် ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထားများက သက်သေပြ လျက်ရှိပါသည်။ ယင်းအချက် သည် ”လူသားမျိုးနွယ်အစ မြန်မာက” ဟူ၍ပင် ယူဆနိုင်ပေသည်။
စင်စစ်အားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သည် ရှေးပဝေသဏီကတည်းကပင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြ ငှန်းဖြင့် မားမားမတ်မတ်ရပ်တည်ခဲ့သည့် သမိုင်း အထောက် အထားများ ခိုင်လုံစွာရှိခဲ့သည်။ သရေ ခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းစ သည့် မြို့ပြနိုင်ငံများကို ခံ့ညားထည်ဝါ စွာထူထောင်နိုင်ခဲ့သည်။ ထို့အပြင် အနော်ရထာ၊ ဘုရင့် နောင်နှင့် အလောင်းမင်း တရားကြီး တို့လက်ထက်များတွင်လည်း ပြည်ထောင်စုမြန်မာနိုင်ငံ တော်ကြီးကို ကျယ်ပြော စွာထူထောင် ခဲ့သည်။ ထိုစဉ်က ကာကွယ်ရေးအင်အားကို ကျောထောက်နောက်ခံပြု၍ သုံးကြိမ်တိုင်တိုင် စည်းလုံး ညီညွတ်သော မြန်မာနိုင်ငံတော်ကြီး အဖြစ် စုစည်းတည် ထောင်နိုင်ခဲ့သည်။
သူ့ကျွန်ဘဝကျရောက်ခဲ့
သို့သော် နယ်ချဲ့အင်္ဂလိပ်တို့သည် ၁၈၂၄ ၊ ၁၈၅၂ နှင့် ၁၈၈၅ ခုနှစ်တို့တွင် အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံ ကို မတရား စစ်ပွဲသုံးကြိမ် ဆင်နွှဲခဲ့ကြသည်။ ထိုစဉ်က စနစ်တကျ ဖွဲ့စည်း ထားသော တပ်မတော် တစ်ရပ် မရှိသည့် အပြင် လူ၊ လက်နက်နှင့် နည်းပညာတို့လည်း ကွာခြားခဲ့သည်။ ထို့ နောက် ကုန်းဘောင်နောက်ဆုံး မင်းဆက် သီပေါမင်းလက် ထက်၌ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် သူ့ကျွန်ဘဝသို့ လုံးလုံးလျားလျား ကျရောက် ခဲ့ရသည်။ ထိုသို့ဆုံးရှုံးသွား သောလွတ်လပ်ရေးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ရောက်ရှိမှသာ လက်ဝယ် ပိုင်ပိုင် ပြန်လည်ရယူနိုင်ခဲ့သည်။ ကိုလိုနီနယ်ချဲ့တို့သည် ၁၈၂၄ ခုနှစ်ကတည်းက အောက် မြန်မာနိုင်ငံ ကို စတင်ကျူးကျော် သိမ်းပိုက်ခဲ့သဖြင့် သူ့ကျွန် ဘဝကျရောက်ခဲ့ရသည်မှာ နှစ်ပေါင်း ၁၂ဝ ကျော် ကြာမြင့်ခဲ့သည်။ ထိုကာလများသည် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးအတွက် နယ်ချဲ့တို့၏ ညှဉ်းပန်း နှိပ်စက် ကုပ်သွေးစုပ် မှုဒဏ်များကို ခါးစည်းခံခဲ့ရသည့် ပင်ပန်းကြမ်း တမ်းသော နေ့ရက် များပင် ဖြစ်သည်။
လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့
ထိုစဉ်က တိုင်းရင်းသားအားလုံးသည် ”ထီးသုဉ်းနန်း သုဉ်း၊ မြို့သုဉ်း သုည၊ သုဉ်းသုံးဝနှင့် ကြုံရပြန်လစ်၊ သုည ခေတ်ဝယ်၊ လူဖြစ်ရလေ တို့တစ်တွေသည်၊ သေသော်မှ တည့်ဪကောင်း၏” ဟူသော သူ့ကျွန်မခံလိုသည့် စိတ်ဓာတ်ဖြင့် ရရာ လက်နက်စွဲကိုင်၍ တိုက်ပွဲဝင် ခဲ့ပေသည်။ ထိုအချက်သည် မြန်မာတို့၏ ပြည်ထောင်စု စိတ်ဓာတ် ကို အခြေခံ၍ သွေးစည်း ညီညွတ်မှုကို သက်သေပြခဲ့ခြင်းပင်ဖြစ်ပေ သည်။ စင်စစ်အားဖြင့် မြန်မာ တိုင်းရင်းသားလူမျိုးများ သည် ယဉ်ကျေး ရည်မွန် ၍ တည်ကြည်ဖြောင့်မတ်သော လူမျိုးများ ဖြစ်ကြ သည်။ ပင်ကိုစရိုက်အရ ငြိမ်းချမ်းစွာ နေထိုင်တတ် သော မြန်မာလူမျိုး တို့၏ မျိုးချစ်စိတ်ဓာတ်သည် အမျိုး၊ ဘာသာ၊ သာသနာ ကို ထိပါးလာပါက အသက်စွန့်၍ လက်တုံ့ပြန်တတ်ကြသည်။
မျိုးချစ်စိတ်ဓာတ်ပြင်းထန်သော ပြည်ထောင်စုဖွား တိုင်းရင်းသား သူရဲကောင်းများသည် ကိုလိုနီနယ်ချဲ့တို့အား ရရာလက် နက်စွဲ ကိုင်လျက် အသက်ပေး တိုက်ခိုက်ခဲ့ကြသည်။ ထိုခေတ်က ဗိုလ်ရွဲ၊ ဗိုလ်မင်းရောင်၊ ပုဂံဗိုလ်ချို၊ ဗိုလ်ဥတ္တမ၊ ဆရာစံ စသည့် ခေါင်းဆောင် များမှာ ထင်ရှားခဲ့သည်။ ထို့နောက် တိုင်းရင်းသားများအကြား မျိုးချစ် စိတ်ဓာတ်နိုးကြား ရှင်သန် လာသဖြင့် ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်းစသည့် လူထု အခြေပြု အဖွဲ့အစည်းများ ဖွဲ့စည်းလှုပ်ရှားလာခဲ့ရာ မြန်မာ့ လွတ်လပ်ရေး အတွက် ရောင်ခြည်သန်း လာခဲ့သည်။
တပ်မတော်ဖွဲ့စည်း
ထိုစဉ်က တပ်မတော်၏ ဖခင်ဖြစ်သည့်အပြင် မြန်မာ့ လွတ်လပ်ရေး ၏ ဗိသုကာလည်းဖြစ်သော အာဇာနည် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း သည် ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်း ပူးလျက် အမျိုးသားရေး လှုပ်ရှားမှု များကို စွမ်းစွမ်းတမံ ဆောင်ရွက် လျက်ရှိသည်။ သခင်အောင်ဆန်းသည် လွတ်လပ်ရေးအတွက် နယ်ချဲ့ကို တွန်းလှန် တိုက်ထုတ်ရာတွင် စနစ်တကျ လေ့ကျင့် ဖွဲ့စည်းထားသည့် လက်နက်ကိုင် အဖွဲ့အစည်းနှင့် ခေတ်မီ စစ်လက်နက် ပစ္စည်းများ ရရှိမှသာ ဆောင်ရွက်နိုင်မည်ဆိုသည်ကို သိရှိသဘောပေါက်လာခဲ့သည်။ ထို့ကြောင့် နိုင်ငံခြား အကူအညီ ရရှိရေးအတွက် ပြည်ပသို့ တိတ်တဆိတ် ထွက်ခွာခဲ့ရသည်။ ထို့နောက် ရဲဘော်သုံးကျိပ်နှင့် အတူ ဟိုင်နန်ကျွန်းတွင် စစ်ပညာကို ဆင်းရဲပင်ပန်းကြမ်း တမ်းစွာ သင်ယူခဲ့ရသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ဦးလွန်းဖေနေအိမ်၌ မြန်မာ့လွတ် လပ်ရေးအတွက် အသက်ခန္ဓာ ပေးဆပ် တိုက်ခိုက်သွားမည်ဟု သစ္စာဆိုကာ လက်မောင်းသွေးဖောက် သောက်ခဲ့ကြသည်။ ထိုနေ့၌ပင် ဗမာ့ လွတ်လပ်ရေးတပ်မတော် (Burma Independence Army-BIA) ကို စတင် ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုတပ်မတော် သည် နယ်ချဲ့နှင့် ဖက်ဆစ်တို့အား မြန်မာ့မြေပေါ် မှတိုက်ထုတ်နိုင်ခဲ့သည်။
အင်္ဂလိပ်အခက် ဗမာအချက်
ဒုတိယကမ္ဘာစစ်ပွဲကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ”အင်္ဂလိပ် အခက် ဗမာအချက်” ဟုဆိုကာ အခြေအနေနှင့် အချိန်အခါ အရ ဂျပန်များနှင့် ပူးပေါင်း၍ အင်္ဂလိပ်ကို မောင်းထုတ် နိုင်ခဲ့ သည်။ သို့ရာတွင် ”ကျားကိုကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက် ဆိုး” ဆိုသကဲ့သို့ ဂျပန် တို့သည် အင်္ဂလိပ် တို့ထက် ဆိုးလာကြ သည်။ ပြည်သူများကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်ဂျပန်တို့ကို တိုက်ထုတ်ခဲ့ရပြန် သည်။ ဖက်ဆစ်ဂျပန်တို့ကို မောင်းထုတ်နိုင် ခဲ့သော်လည်း လွတ်လပ်ရေး ချက်ချင်းမရခဲ့ပေ။ ဂျပန်ပြေးသည့် အချိန်တွင် နောက်တစ်ကြိမ် ပြန်ဝင်လာသော အင်္ဂလိပ်တို့က လွတ်လပ်ရေးပေး ရန် အချိန်ဆွဲခဲ့ကြသည်။ တောင်တန်းနှင့် ပြည်မအား သွေးခွဲ အုပ်ချုပ်မှုဖြင့် ဆက်လက် စိုးမိုးခြယ်လှယ်ရန် ကြံစည်ခဲ့ကြသည်။ လွတ်လပ်ရေးမပေး၍ မရသည့် အခြေအနေ တွင် တောင်တန်းနှင့်ပြည် မကို ခွဲခြား၍ လွတ်လပ်ရေးပေးရန် ကြံစည်ခဲ့ကြပြန်သည်။
အောင်ဆန်း-အက်တလီစာချုပ်
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားအားလုံးညီညွတ် မှုမရှိဘဲ လွတ်လပ်ရေးမရနိုင်သည်ကို အခိုင်အမာ ယုံကြည် ထားသည်။ ပြည်မတစ်ခုတည်းကို ခွဲ၍ လွတ်လပ်ရေးပေးလျှင် ပြည်ထောင်စုကြီး အစိတ်စိတ်အ အမြွာမြွာ ကွဲသွားမည်ကို အသေအချာသိရှိခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေး အတွက် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗြိတိသျှ နန်းရင်းဝန်ကြီး အက်တလီနှင့် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်တွင် တောင်တန်း ဒေသများ ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူပါက ပြည်ပရော တောင်တန်းဒေသများပါ လွတ်လပ်ရေး ပေးရန် ပါရှိသည်။
ပင်လုံစာချုပ်
ပရိယာယ်ဝေဝုစ်များလှသော နယ်ချဲ့တို့သည် လွတ်လပ်ရေး ပေးခါနီးတွင် တောင်တန်းဒေသများကို ချန်လှပ် ထားရန် ကြံရွယ် ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းနှင့် ပြည်မ အကြား ရေကိုသားလျှင် အကြား မထင်သကဲ့သို့ တစ်ဆက် တစ်စပ် တည်း စည်းလုံးပေးနိုင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လ ၇ ရက် နေ့မှစတင်၍ ရှမ်းပြည်နယ်တောင် ပိုင်း ပင်လုံမြို့တွင် ပင်လုံညီလာ ခံကြီး ကျင်းပခဲ့ရာ တိုင်းရင်းသား ခေါင်းဆောင် များ စုံညီစွာ တက်ရောက် ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁ဝ နာရီတွင် ဗိုလ်ချုပ်နှင့်အတူ ကချင်၊ ချင်း၊ ရှမ်းအမျိုးသား ကိုယ်စား လှယ်ကြီး ၂၃ ဦးသည် သာတူညီမျှတစ်လုံးတစ်စည်း တည်း နေထိုင်ကြ မည် ဟူသော သန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်ကြီး ကို လက်မှတ်ရေး ထိုးခဲ့သည်။
လွတ်လပ်ရေးရရှိ
ပင်လုံစာချုပ်သည် နယ်ချဲ့တို့ထံမှ လွတ်လပ်ရေးရရှိရေး တရားဝင် တောင်းဆိုရာတွင် အခရာကျခဲ့သည်။ ထိုနေ့ ထိုအချိန် မှစ၍ လွတ်လပ်ရေးအတွက် ရောင်ခြည်သန်းခဲ့သည်။ ပြည်သူ လူထု၏ တစ်ခဲနက် ထောက်ခံအားပေးမှု အပါအဝင် တပ်မတော် နှင့်အတူ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်၏ ကြိုးပမ်းမှုတို့ကြောင့် မြန်မာနိုင်ငံ သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ ထို့ကြောင့် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက် နေ့တွင် (၇၁) နှစ်မြောက် လွတ်လပ် ရေးနေ့ကျရောက် တော့မည်ဖြစ်သည်။
ထိုလွတ်လပ်ရေးနေ့သည် မြန်မာတိုင်းရင်းသားပြည်သူ များအတွက် နေ့ထူးနေ့မြတ်ကြီးပင် ဖြစ်သည်။ ထိုနေ့တွင် မြန်မာ နိုင်ငံအနှံ့ အပြားရှိ မြို့၊ ရွာ များတွင် မှတ်တမ်းတင်မော်ကွန်း ကျောက်စာ တိုင်များ စိုက်ထူခဲ့ကြသည်။ ထိုကျောက်စာတိုင် များ တွင် ”ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာ ကိုးခုနှစ်၊ ပြာသိုလဆုတ် ၉ ရက်၊ တနင်္ဂနွေနေ့အား ဤငါတို့ မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံ တော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း” ဟူ၍ ကမ္ပည်း ထိုးထားကြသည်။
ကိုလိုနီအမွေဆိုးကျန်နေခဲ့
ဆိုရလျှင် ဗိုလ်ချုပ်သည် လွတ်လပ်ရေးအတွက် မနား မနေကြိုး ပမ်းနေ စဉ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ တွင် နယ်ချဲ့လက်ပါးစေ တို့၏ လက်ချက်ကြောင့် ကျဆုံးခဲ့ရသည်။ အာဇာနည် ခေါင်းဆောင်ကြီးသည် မြန်မာ့ လွတ်လပ်ရေးကို မျက်ဝါးထင်ထင် မြင်တွေ့သွားခွင့် မရခဲ့ချေ။ မည်သို့ပင်ဆိုစေ ကာမူ အာဇာနည် သူရဲကောင်း တို့ ရောက်ရှိနေသည့် မြင့်မြတ် သော ဘုံဘဝမှနေ၍ မြန်မာပြည်သူ၊ ပြည်သားများအတွက် ကျေနပ် မုဒိတာ ပွားနေမည်ဟု ခိုင်မာစွာယုံကြည် မိပါသည်။
အမျိုးသားခေါင်းဆောင်ကြီးသည် နယ်ချဲ့တို့အားမြန်မာ့ မြေပေါ်မှမောင်းထုတ်ပြီးနောက် လွတ်လပ်ရေးရရှိအောင် ဆောင်ကြဉ်းနိုင်ခဲ့သော်လည်း တချို့သောတိုင်းရင်းသားများ ၏ ရင်ထဲ တွင်မူ ကိုလိုနီအမွေဆိုးများက ကျန်ခဲ့သည်။ တချို့ သော တိုင်းရင်းသားများသည် နယ်ချဲ့ကိုလိုနီတို့၏ ဝါဒမှိုင်း မိခဲ့ကြသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို များ အကြား စိတ်ဝမ်း ကွဲပြီး တစ်ဦးနှင့်တစ်ဦး သံသယဝင်ကာ လက်နက်စွဲကိုင် တိုက်ခိုက် ခဲ့ကြသည်။ တချို့သော တိုင်းရင်း သားများသည် လက်ရှိအချိန်အထိ လက်နက်စွဲကိုင်နေဆဲပင် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံသော ငြိမ်းချမ်းရေးကို အပြည့်အဝ တည်ဆောက် နိုင်ခြင်းမရှိသေး ဘဲ တချို့သောဒေသ များတွင် သေနတ်သံများ ကြားနေရဆဲ ပင်ဖြစ်သည်။ ဝမ်းနည်းဖွယ်ရာပင် ဖြစ်သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည်သာလျှင်
လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည်တည် ဆောက်ရေး တို့တွင် စုပေါင်းအားဖြင့် ကြိုးပမ်းအားထုတ်ရေး အတွက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ည ပင်လုံ မြို့၌ ပြုလုပ် သည့် စော်ဘွားများ ထမင်းစားပွဲတွင် မြွက်ကြားခဲ့ သည့် အချက်များအနက်မှ အချို့ကို ကောက်နုတ် ဖော်ပြရ လျှင် ”တစ် တိုင်းပြည်လုံး ကြီးပွား တိုးတက်စေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ ပူးပေါင်း ပြီး အင်တိုက် အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်း လုပ်ကြမှသာ အကျိုးရှိ နိုင်မယ်” ဟု တိုက်တွန်းပြောကြား ခဲ့သည်။
တိုင်းရင်းသားစည်းလုံး ညီညွတ်မှုသည် နိုင်ငံတစ်နိုင် ငံ၏ လွတ်လပ်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲနေစေရန် အတွက် အသက်တမျှ အရေးပါလျက်ရှိသည်။ စည်းလုံးညီညွတ်မှု အင်အားချည့်နဲ့ ယိုယွင်းလာသော နိုင်ငံသည် အဘက်ဘက် မှ အနုတ်လက္ခဏာ ဆောင်လာမည်ဖြစ်သည်။ ထို့အပြင် စည်းလုံး ညီညွတ်မှုပြိုကွဲလျှင် နိုင်ငံလည်း အစိတ်စိတ် အမြွာမြွာ ပြိုကွဲသွားနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးတွက် မောင်းနှင်အား တစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား ညီအစ်ကို များအကြား သံသယများ ဖယ်ရှားကာ ထာဝရငြိမ်းချမ်းရေး ရရှိအောင် တည်ဆောက် သွားရန် လိုအပ်ပါသည်။
အထူးသဖြင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက် ရှိသော နိုင်ငံသားတိုင်းသည် တိုင်းပြည်၏ လွတ်လပ် ရေးနှင့် အချုပ်အခြာအာဏာကို ထာဝစဉ် ထိန်းသိမ်းထားနိုင်ရန် ကိုယ်စီတာဝန် ရှိကြပါသည်။ ထိုတာဝန်ကို ကျေပွန်ရန်အတွက် နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးပမ်းအားထုတ်သွား သင့်ပေသည်။ ယခုဆိုလျှင် လွတ်လပ်ရေး ရရှိခဲ့သည်မှာ (၇၁) နှစ်ပင် ပြည့်တော့မည် ဖြစ်သည်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ကို လက်နက်ကိုင်၍ တည်ဆောက်နိုင်မည် မဟုတ်ချေ။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ မရှိအတူ၊ ရှိအတူ နေထိုင်ခဲ့ကြသည့် တိုင်းရင်းသားညီအစ်ကို များအကြား စားပွဲဝိုင်းတွင် ဆွေးနွေး တိုင်ပင်ညှိနှိုင်း အဖြေရှာ သွားမည်ဆိုလျှင် ရလဒ်ကောင်းများ ရရှိနိုင်ပေသည်။
မတူညီမှုများကိုဖယ်ရှားကာတူညီသောအချက်များဖြင့် စတင် ဆွေးနွေးသင့်နေပြီဖြစ်သည်။ တိုင်းပြည်အတွင်း ငြိမ်းချမ်းရေး တစ်ရက်စောပြီး တည်ဆောက်နိုင်လျှင် ပြည်သူ များအတွက် တစ်ရက်စောပြီး အကျိုးရှိနေ မည်ဖြစ် သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် မြန်ဆန်လေလေကောင်းမွန် လေပင်ဖြစ်သည်။
လွတ်လပ်ရေး အမွေကိုတန်ဖိုးထားတတ်မှသာလျှင်
လူသားတို့သည် လွတ်လပ်ရေး၏ တန်ဖိုးကို မလွတ်လပ် သော အချိန်မှသာ သိရှိကြသည်။ ထိုအချိန်သည် လွန်စွာ နောက် ကျ သွားပြီဖြစ်သည်။ ရှေးမြန်မာ ဘိုး၊ ဘွား၊ ဘီ၊ဘင် တို့သည် နောင်လာနောက် သား တိုင်းရင်း သား အားလုံး အတွက် အဖိုးမဖြတ်နိုင်သော အမွေတစ်ရပ် ထားရှိခဲ့ပါသည်။ထိုအမွေကား အခြားမဟုတ်ချေ။ စာရေးသူတို့အားလုံး အမြဲ တစေ တန်ဖိုး ထားကြရ မည့် လွတ်လပ်ရေးအမွေဖြစ်သည်။ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျရောက်တော့ မည်ဖြစ်သည်။ လွတ်လပ် ရေး၏တန်ဖိုးနှင့် အနှစ်သာရကို လူငယ်များ သိရှိတန်ဖိုးထား တတ်စေရန် မြန်မာ့သမိုင်းကြောင်းနှင့် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတို့ကို ပြောဆိုဆွေးနွေး၊ ရေးသားတင်ပြ မှုများ ပြုလုပ်ပေးသင့်သည်။ ဆိုရလျှင် တိုင်းတစ်ပါး၏ ဖိနှိပ် အုပ်ချုပ်မှု၊ မလွတ်လပ်မှုအောက်တွင် နေထိုင်ရသည့် ခါးသီး သော အတွေ့အကြုံမျိုး မရှိဖူးသည့် သူများသည် လွတ်လပ် ရေး၏ တန်ဖိုးနှင့် အနှစ်သာရကို လျစ်လျူရှု မေ့လျော့နေ တတ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံသား တစ်ဦး တစ်ယောက်ချင်းစီ အနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ် မှုကို ဖော်ဆောင်နိုင်မည့် ပြည်ထောင်စု စိတ်ဓာတ်ကို အရင်းခံ သည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် လွတ်လပ်ရေး အမွေကို အသက် တမျှတန်ဖိုးထား လျက် ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်ကာကွယ် သွားနိုင်ကြ ပါစေသတည်း။
မောင်သောင်းဝင်း (တမန်ဟောင်း)

Unicode
အငျ်ဂလိပျအခကျ ဗမာအခကြျ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: