Leave a comment

ICJ မွာ အမႈစြဲတင္ခံရမႈ ျမန္မာပဏာမ တုံ႔ျပန္ခ်က္


ႏိုဝင္ဘာလ ၄ ရက္ ကုလသမဂၢ အေထြေထြညီလာခံမွာ ICC ခံု႐ုံး အစီရင္ခံစာ တုံ႔ျပန္ေဆြးေနေြးေနတဲ့ ကုလသမဂၢဆို င္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္း။ (ဓာတ္ပုံ - United Nations)
ႏိုဝင္ဘာလ ၄ ရက္ ကုလသမဂၢ အေထြေထြညီလာခံမွာ ICC ခံု႐ုံး အစီရင္ခံစာ တုံ႔ျပန္ေဆြးေနေြးေနတဲ့ ကုလသမဂၢဆို င္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္း။ (ဓာတ္ပုံ – United Nations)

(Zawgyi / Unicode)

လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရး ဆိုင္ရာ သေဘာတူစာခ်ဳပ္ကို ျမန္မာ အစိုးရဘက္က ခ်ိဳးေဖာက္တယ္ဆိုတဲ႔ စြပ္စြဲခ်က္နဲ႔ ဂမ္ဘီယာႏုိင္ငံက ကုလသမဂၢရဲ႕ ပင္မ တရားေရး အဖြဲ႔ႀကီး ျဖစ္တဲ႔ ICJ – ႏုိင္ငံတကာ တရားရံုးမွာ အမႈတင္သြင္း လိုက္တာမွာ ဥပေဒ အရ လုပ္လာရင္ ဥပေဒေၾကာင္းအရ ျပန္တုံ႔ျပန္မယ္လို႔ ကုလသမဂၢ ဆိုင္ရာ ျမန္မာသံအမတ္ႀကီးက ေျပာပါတယ္။

အစၥလာမၼစ္ ပူးေပါင္းေဆာင္ရြက္ေရး အသင္း OIC ရဲ႕ ကိုယ္စား ဂမ္ဘီယာ ႏုိင္ငံက ျမန္မာ အေပၚ အမႈတင္သြင္းလုိက္တဲ႔ အေပၚ တုံ႔ျပန္ခ်က္ေတြကို မသိဂၤ ီထုိက္ စုစည္းတင္ျပထားပါတယ္။

ရိုဟင္ဂ်ာ သိန္းနဲ႔ခ်ီၿပီး ဘဂၤလားေဒရွ္႕ဘက္ ထြက္ေျပးခဲ႔ရမႈေတြနဲ႔ ဆက္စပ္ၿပီး ျမန္မာ အစိုးရဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈဆိုင္ရာ ကုလသမဂၢ သေဘာတူ စာခ်ဳပ္ကို ခ်ိဳးေဖာက္တယ္လို႔ ဂမ္ဘီးယား ႏုိင္ငံက စြပ္စြဲၿပီး World Court လို႔လည္း ေခၚၾကတဲ႔ ႏုိင္ငံတကာ တရားရံုး ICJ မွာ အမႈဖြင့္တာ ျဖစ္ပါတယ္။ လူမ်ိဳးတံုး သတ္ျဖတ္မႈဆိုင္ရာ ကုလသမဂၢ သေဘာတူ စာခ်ဳပ္ကေတာ့ လူမ်ိဳးတံုး သတ္ျဖတ္မႈ ရာဇ၀တ္မႈေတြ မျဖစ္ေအာင္ ကာကြယ္ေရးနဲ႔ ဒီရာဇ၀တ္မႈေတြကို အျပစ္ေပးႏုိင္ေရး ခ်ဳပ္ဆိုထားတာ ျဖစ္ၿပီး ျမန္မာႏုိင္ငံကလည္း လက္မွတ္ေရးထိုးထားတာပါ။ ေနာက္ ICJ ႏုိင္ငံတကာ ခံုရံုးမွာလည္း ကုလသမဂၢ အဖြဲ႔၀င္ ျဖစ္တဲ႔ ျမန္မာႏုိင္ငံက အလိုအေလ်ာက္ အဖြဲ႔၀င္ႏုိင္ငံ ျဖစ္ပါတယ္။ ICJ မွာ ျမန္မာ အစိုးရ အမႈဖြင့္ခံရမႈ အေပၚ နယူးေယာက္ အေျခစိုက္ ကုလသမဂၢ ဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက အခုလို အသိအမွတ္ျပဳ ေျပာပါတယ္။

“ICJ ဆိုတာကေတာ့ ကုလသမဂၢအဖြဲ႔အစည္းရဲ႕ အဖြဲ႔အစည္းတခုေပါ့ေနာ္။ တရားေရးနဲ႔ ပတ္သက္တဲ့ အဖြဲ႔အစည္းတခုျဖစ္တဲ့အတြက္ ကုလသမဂၢအဖြဲ႔၀င္ႏိုင္ငံ အားလံုးကေတာ့ ICJ နဲ႔ ပတ္သက္လို႔ရွိရင္ သက္ေရာက္မႈ ရွိတာေပါ့ေနာ္။”

ဂမ္ဘီယာ ႏုိင္ငံက ႏုိင္ငံတကာ ခံုရံုးမွာ အမႈတင္လိုက္တဲ႔ အေပၚ ျမန္မာဘက္က ဘယ္လို တုံ႔ျပန္သြားဖို႔ ရွိသလဲ ဆိုတာကိုလည္း သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက အခုလို ေျပာပါတယ္။

“က်ေနာ္တို႔က ဂမ္ဘီယာ နဲ႔ ပတ္သက္ရင္ ဘာမွ အဆက္အစပ္ရွိတာမဟုတ္ဘူး။ ဒီကိစၥက က်ေနာ္တုိ႔ ျပည္တြင္းျပႆနာကေနၿပီးေတာ့ ျဖစ္ေပၚလာတဲ့ လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာ ျပႆနာျဖစ္တယ္။ OIC လို႔ေခၚတဲ့ အစၥလာမၼစ္ cooperation အဖြဲ႔နဲ႔ လည္း ဘာမွ တိုက္ရိုက္သက္ဆိုင္မူလည္းမရွိဘူး။ ဆိုေတာ့ ဒါက ပဏာမအေနနဲ႔ က်ေနာ္တံု႔ျပန္ခ်င္တယ္ ဒါပါပဲ။ က်န္တဲ့အပိုင္းကေတာ့ဗ်ာ ဥပေဒေၾကာင္းအရ လုပ္တယ္ဆိုရင္ က်ေနာ္တို႔ ဥပေဒ ေၾကာင္းအရ လုပ္သင့္လုပ္ထိုက္တာကို ဆက္ၿပီးလုပ္သြားဖို႔ပဲ ရွိပါတယ္။”

အေနာက္ အာဖရိက ႏုိင္ငံငယ္ တခုျဖစ္တဲ႔ ဂမ္ဘီယာ ႏုိင္ငံက ျမန္မာ အစိုးရကို ICJ မွာ အမႈတင္သြင္းလိုက္တဲ႔ အေပၚ ကေနဒါႏုိင္ငံက ႀကိဳဆိုေၾကာင္း ႏုိင္ငံျခားေရး ၀န္ႀကီး Chrystia Freeland က ေၾကညာခ်က္ ထုတ္ပါတယ္။ အစုလိုက္ အၿပံဳလိုက္ သတ္ျဖတ္မႈ၊ စနစ္တက် ခြဲျခားဆက္ဆံမႈ၊ အမုန္းစကားေတြ၊ ရိုဟင္ဂ်ာေတြ အေပၚ က်ားမ ကြဲျပားမႈ အေျခခံ အၾကမ္းဖက္မႈေတြ၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြ အပါအ၀င္ လူမ်ိဳးတုံး သတ္ျဖတ္မႈ အတြက္ တာ၀န္ခံမႈ တာ၀န္ယူမႈ ရွိေစေရး အတြက္ အခု ေဆာင္ရြက္ခ်က္က အေထာက္အကူ ျဖစ္ေစမယ္လို႔လည္း ကေနဒါ ႏုိင္ငံျခားေရး ၀န္ႀကီးက ေၾကညာခ်က္မွာ ေျပာဆိုပါတယ္။ ဒါ႔အျပင္ လူေပါင္း ၇၄၀၀၀၀ ေက်ာ္ ဘဂၤလားေဒရွ္႕ဘက္ ထြက္ေျပးခဲ႔ရၿပီး ဘဂၤလားေဒရွ္႕မွာ ကမၻာ့အႀကီးဆံုး ဒုကၡသည္ စခန္းႀကီး ျဖစ္ေစခဲ႔တဲ႔ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ အၾကမ္းဖက္မႈလည္း ပါ၀င္တယ္လို႔လည္း ကေနဒါ ႏုိင္ငံျခားေရး ၀န္ႀကီးက ေျပာဆိုထားပါတယ္။ ကေနဒါ အေျခစိုက္ ရိုဟင္ဂ်ာ အေရး တက္ၾကြလႈပ္ရွားသူ တဦး ျဖစ္သူ Yasmin Ullah ကေတာ့ အခု အမႈမွာ ေအာင္ျမင္မႈ ရဖို႔ ေမွ်ာ္လင့္ေၾကာင္း အခုလိုေျပာပါတယ္။

“ဒီအေရးကိစၥမွာ ဂမ္ဘီယာ တႏုိင္တည္း ျဖစ္မေနဖို႔ ေမွ်ာ္လင့္ပါတယ္။ တျခားႏုိင္ငံေတြလည္း ပူးေပါင္းပါ၀င္လာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒီတရားစီရင္မႈက ရိုဟင္ဂ်ာေတြကို တန္းတူ ရပ္တည္ ရွင္သန္ခြင့္ရွိတဲ႔ လူသားေတြ အျဖစ္ အသိအမွတ္ျပဳႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ အခု တရားစီရင္မႈ ေအာင္ျမင္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။”

ရိုဟင္ဂ်ာေတြရဲ႕ အတိဒုကၡေတြ အေပၚ အေျခခံၿပီး ျမန္မာႏုိင္ငံကို ႏုိင္ငံတကာ ဥပေဒေတြနဲ႔ တရားစီရင္ႏုိင္ေရး အတြက္ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္၊ လြတ္လပ္တဲ႔ အခ်က္အလက္ရွာ အဖြဲ႔တို႔က တိုက္တြန္းေနၾကတာ ျဖစ္သလိုဘဲ ကုလသမဂၢက ျမန္မာဆိုင္ရာ စံုစမ္းေရး အဖြဲ႔ကိုလည္း ဖြဲ႔စည္း ေဆာင္ရြက္ေနတာပါ။ ျမန္မာအစိုးရက သိန္းနဲ႔ခ်ီတဲ႔ ရိုဟင္ဂ်ာေတြကို ဘဂၤလားေဒရွ္႕ဘက္ အတင္းအက်ပ္ ေမာင္းထုတ္ခဲ႔တယ္ဆိုၿပီးလည္း ႏုိင္ငံတကာ ရာဇ၀တ္မႈခင္းဆိုင္ရာ ခံုရံုး – ICC ေရွ႕ေနေတြက စြပ္စြဲထားသလိုဘဲ အခု ကုလသမဂၢရဲ႕ ပင္မ တရားစီရင္ေရး အဖြဲ႔ ICJ မွာေတာ့ ျမန္မာ အစိုးရဟာ ကုလသမဂၢရဲ႕ လူမ်ိဳးတံုးသတ္ျဖတ္မႈ ဆိုင္ရာ သေဘာတူ စာခ်ဳပ္ကို ခ်ိဳးေဖာက္တယ္လို႔ စြပ္စြဲတာ ျဖစ္ပါတယ္။

အာရွလူ႔အခြင့္ေရး ေကာ္မရွင္က ေရွ႕ေနႀကီး ဦးမင္းလြင္ဦးကေတာ့ အမႈ တခုခုနဲ႔ စြဲဆိုႏုိင္ေရး ႀကိဳးပမ္းခ်က္လို႔ ရႈျမင္ပါတယ္။

“၁မႈ ရရင္ ၁မႈစြဲမယ္၊ ၂မႈရရင္ ၂မႈစြဲမယ္ အဲဒီလိုမ်ိဳး လွည့္ပတ္စြဲေနရင္းကေန တခုခု ၿငိစြန္းသြားၿပီဆိုတာနဲ႔ အဲဒီမွာ တႏြယ္ငင္ တစင္ပါ ဆိုသလိုမ်ိဳး လုပ္ဖို႔အတြက္ အခုႀကံေနတယ္လို႔ ထင္ပါတယ္။ ICJ မွာတာ၀န္ရွိတာကေတာ့ မွန္တယ္။ တာ၀န္ရွိေပမယ့္လည္း ICJ က စနစ္တက် အခုေျဖရွင္းတဲ့နည္းနဲ႔ ေျဖရွင္းတာမတူဘူးေလ။ အဲဒီအေပၚမွာေတာ့ က်ေနာ္တို႔ သတိထားဖို႔ေတာ့ လိုပါတယ္။”

ကုလသမဂၢ အဖြဲ႔၀င္ ျဖစ္တဲ႔ ျမန္မာႏုိင္ငံ အေနနဲ႔ ICJ မွာ အမႈတင္ခံရမႈမွာ တာ၀န္ရွိတယ္ဆိုတာကို ကုလသမဂၢ ဆိုင္ရာ ျမန္မာ သံအမတ္ႀကီးကလည္း အသိအမွတ္ျပဳ ေျပာပါတယ္။ ဒါေပမယ့္ အခုကိစၥမွာေတာ႔ မတူကြဲျပားခ်က္ တခိ်ဳ႕ ရွိတယ္လို႔ သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက တုံ႔ျပန္ပါတယ္။

“ကုလသမဂၢ အဖြဲ႔၀င္ အခ်င္းခ်င္းၾကားမွာ ျဖစ္တဲ့ ျပႆနာမ်ိဳးနဲ႔ ပတ္သက္ၿပီးေတာ့ ICJ ရဲ႕ အဆံုးအျဖတ္ကို ခံယူၾကတဲ့ သေဘာရွိတယ္။ သို႔ေသာ္လည္း က်ေနာ္တို႔ သိသေလာက္ဆိုရင္ေတာ့ အဖြဲ႔အစည္းတခုအေနနဲ႔ ႏိုင္ငံတႏိုင္ငံကို ဒီလိုကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ တရားစြဲဆိုဖို႔လုပ္တယ္ဆိုတာကေတာ့ က်ေနာ္တို႔ တခါမွ မေတြ႔ဖူးဘူး။ အခုျမန္မာကိစၥ မွာေတာ့ အသစ္အဆန္းေတြပဲ ေတြ႔ေတြ႔ေနရတာေပါ့ေနာ္။”

ႏုိင္ငံတြင္းမွာ လြတ္လပ္စြာ သြားလာခြင့္မရွိတဲ႔ ရိုဟင္ဂ်ာေတြဟာ ဘဂၤလားေဒရွ္႕မွာေရာ ရခိုင္ျပည္နယ္တြင္းက ဒုကၡသည္ စခန္းေတြမွာပါ ႏုိင္ငံမဲ႔ေတြ အျဖစ္ ေသာင္တင္ေနၾကဆဲပါ။ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ ဘက္က ရိုဟင္ဂ်ာေတြ အလြယ္တကူ ႏုိင္ငံသား ျဖစ္ေရးနဲ႔ လြတ္လပ္စြာ သြားလာခြင့္ အပါအ၀င္ အေျခခံ ၀န္ေဆာင္မႈေတြ ရရွိေရး၊ ေနာက္ ရိုဟင္ဂ်ာေတြ အေပၚ စနစ္တက် ခြဲျခားသလို ျဖစ္ေနတဲ႔ ဥပေဒေတြ ျပင္ဆင္ေရး တြန္းအားေပးေနၾကတာပါ။ ျမန္မာ အစိုးရဘက္ကေတာ့ ရိုဟင္ဂ်ာ ဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံပါဘူး။ ဒုကၡသည္ေတြကို စိစစ္ၿပီး လက္ခံမယ္၊ တည္ဆဲ ဥပေဒ အတိုင္း ႏုိင္ငံသား ျဖစ္ေရး ေဆာင္ရြက္ရမယ္လို႔ အခုိင္အမာ ေျပာဆိုေနဆဲ ျဖစ္ပါတယ္။

(Unicode)

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာ အစိုးရဘက်က ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ ပင်မ တရားရေး အဖွဲ့ကြီး ဖြစ်တဲ့ ICJ – နိုင်ငံတကာ တရားရုံးမှာ အမှုတင်သွင်း လိုက်တာမှာ ဥပဒေ အရ လုပ်လာရင် ဥပဒေကြောင်းအရ ပြန်တုံ့ပြန်မယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အသင်း OIC ရဲ့ ကိုယ်စား ဂမ်ဘီယာ နိုင်ငံက မြန်မာ အပေါ် အမှုတင်သွင်းလိုက်တဲ့ အပေါ် တုံ့ပြန်ချက်တွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခဲ့ရမှုတွေနဲ့ ဆက်စပ်ပြီး မြန်မာ အစိုးရဟာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်ကို ချိုးဖောက်တယ်လို့ ဂမ်ဘီးယား နိုင်ငံက စွပ်စွဲပြီး World Court လို့လည်း ခေါ်ကြတဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ အမှုဖွင့်တာ ဖြစ်ပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်ကတော့ လူမျိုးတုံး သတ်ဖြတ်မှု ရာဇဝတ်မှုတွေ မဖြစ်အောင် ကာကွယ်ရေးနဲ့ ဒီရာဇဝတ်မှုတွေကို အပြစ်ပေးနိုင်ရေး ချုပ်ဆိုထားတာ ဖြစ်ပြီး မြန်မာနိုင်ငံကလည်း လက်မှတ်ရေးထိုးထားတာပါ။ နောက် ICJ နိုင်ငံတကာ ခုံရုံးမှာလည်း ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်တဲ့ မြန်မာနိုင်ငံက အလိုအလျောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။ ICJ မှာ မြန်မာ အစိုးရ အမှုဖွင့်ခံရမှု အပေါ် နယူးယောက် အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အခုလို အသိအမှတ်ပြု ပြောပါတယ်။

“ICJ ဆိုတာကတော့ ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ အဖွဲ့အစည်းတခုပေါ့နော်။ တရားရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးကတော့ ICJ နဲ့ ပတ်သက်လို့ရှိရင် သက်ရောက်မှု ရှိတာပေါ့နော်။”

ဂမ်ဘီယာ နိုင်ငံက နိုင်ငံတကာ ခုံရုံးမှာ အမှုတင်လိုက်တဲ့ အပေါ် မြန်မာဘက်က ဘယ်လို တုံ့ပြန်သွားဖို့ ရှိသလဲ ဆိုတာကိုလည်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အခုလို ပြောပါတယ်။

“ကျနော်တို့က ဂမ်ဘီယာ နဲ့ ပတ်သက်ရင် ဘာမှ အဆက်အစပ်ရှိတာမဟုတ်ဘူး။ ဒီကိစ္စက ကျနော်တို့ ပြည်တွင်းပြဿနာကနေပြီးတော့ ဖြစ်ပေါ်လာတဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပြဿနာဖြစ်တယ်။ OIC လို့ခေါ်တဲ့ အစ္စလာမ်မစ် cooperation အဖွဲ့နဲ့ လည်း ဘာမှ တိုက်ရိုက်သက်ဆိုင်မူလည်းမရှိဘူး။ ဆိုတော့ ဒါက ပဏာမအနေနဲ့ ကျနော်တုံ့ပြန်ချင်တယ် ဒါပါပဲ။ ကျန်တဲ့အပိုင်းကတော့ဗျာ ဥပဒေကြောင်းအရ လုပ်တယ်ဆိုရင် ကျနော်တို့ ဥပဒေ ကြောင်းအရ လုပ်သင့်လုပ်ထိုက်တာကို ဆက်ပြီးလုပ်သွားဖို့ပဲ ရှိပါတယ်။”

အနောက် အာဖရိက နိုင်ငံငယ် တခုဖြစ်တဲ့ ဂမ်ဘီယာ နိုင်ငံက မြန်မာ အစိုးရကို ICJ မှာ အမှုတင်သွင်းလိုက်တဲ့ အပေါ် ကနေဒါနိုင်ငံက ကြိုဆိုကြောင်း နိုင်ငံခြားရေး ဝန်ကြီး Chrystia Freeland က ကြေညာချက် ထုတ်ပါတယ်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ စနစ်တကျ ခွဲခြားဆက်ဆံမှု၊ အမုန်းစကားတွေ၊ ရိုဟင်ဂျာတွေ အပေါ် ကျားမ ကွဲပြားမှု အခြေခံ အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် လူမျိုးတုံး သတ်ဖြတ်မှု အတွက် တာဝန်ခံမှု တာဝန်ယူမှု ရှိစေရေး အတွက် အခု ဆောင်ရွက်ချက်က အထောက်အကူ ဖြစ်စေမယ်လို့လည်း ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးက ကြေညာချက်မှာ ပြောဆိုပါတယ်။ ဒါ့အပြင် လူပေါင်း ၇၄၀၀၀၀ ကျော် ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေရှ့်မှာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းကြီး ဖြစ်စေခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ အကြမ်းဖက်မှုလည်း ပါဝင်တယ်လို့လည်း ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုထားပါတယ်။ ကနေဒါ အခြေစိုက် ရိုဟင်ဂျာ အရေး တက်ကြွလှုပ်ရှားသူ တဦး ဖြစ်သူ Yasmin Ullah ကတော့ အခု အမှုမှာ အောင်မြင်မှု ရဖို့ မျှော်လင့်ကြောင်း အခုလိုပြောပါတယ်။

“ဒီအရေးကိစ္စမှာ ဂမ်ဘီယာ တနိုင်တည်း ဖြစ်မနေဖို့ မျှော်လင့်ပါတယ်။ တခြားနိုင်ငံတွေလည်း ပူးပေါင်းပါဝင်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒီတရားစီရင်မှုက ရိုဟင်ဂျာတွေကို တန်းတူ ရပ်တည် ရှင်သန်ခွင့်ရှိတဲ့ လူသားတွေ အဖြစ် အသိအမှတ်ပြုနိုင်ဖို့ မျှော်လင့်ပါတယ်။ အခု တရားစီရင်မှု အောင်မြင်မယ်လို့လည်း မျှော်လင့်ပါတယ်။”

ရိုဟင်ဂျာတွေရဲ့ အတိဒုက္ခတွေ အပေါ် အခြေခံပြီး မြန်မာနိုင်ငံကို နိုင်ငံတကာ ဥပဒေတွေနဲ့ တရားစီရင်နိုင်ရေး အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၊ လွတ်လပ်တဲ့ အချက်အလက်ရှာ အဖွဲ့တို့က တိုက်တွန်းနေကြတာ ဖြစ်သလိုဘဲ ကုလသမဂ္ဂက မြန်မာဆိုင်ရာ စုံစမ်းရေး အဖွဲ့ကိုလည်း ဖွဲ့စည်း ဆောင်ရွက်နေတာပါ။ မြန်မာအစိုးရက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေရှ့်ဘက် အတင်းအကျပ် မောင်းထုတ်ခဲ့တယ်ဆိုပြီးလည်း နိုင်ငံတကာ ရာဇဝတ်မှုခင်းဆိုင်ရာ ခုံရုံး – ICC ရှေ့နေတွေက စွပ်စွဲထားသလိုဘဲ အခု ကုလသမဂ္ဂရဲ့ ပင်မ တရားစီရင်ရေး အဖွဲ့ ICJ မှာတော့ မြန်မာ အစိုးရဟာ ကုလသမဂ္ဂရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာ သဘောတူ စာချုပ်ကို ချိုးဖောက်တယ်လို့ စွပ်စွဲတာ ဖြစ်ပါတယ်။

အာရှလူ့အခွင့်ရေး ကော်မရှင်က ရှေ့နေကြီး ဦးမင်းလွင်ဦးကတော့ အမှု တခုခုနဲ့ စွဲဆိုနိုင်ရေး ကြိုးပမ်းချက်လို့ ရှုမြင်ပါတယ်။

“၁မှု ရရင် ၁မှုစွဲမယ်၊ ၂မှုရရင် ၂မှုစွဲမယ် အဲဒီလိုမျိုး လှည့်ပတ်စွဲနေရင်းကနေ တခုခု ငြိစွန်းသွားပြီဆိုတာနဲ့ အဲဒီမှာ တနွယ်ငင် တစင်ပါ ဆိုသလိုမျိုး လုပ်ဖို့အတွက် အခုကြံနေတယ်လို့ ထင်ပါတယ်။ ICJ မှာတာဝန်ရှိတာကတော့ မှန်တယ်။ တာဝန်ရှိပေမယ့်လည်း ICJ က စနစ်တကျ အခုဖြေရှင်းတဲ့နည်းနဲ့ ဖြေရှင်းတာမတူဘူးလေ။ အဲဒီအပေါ်မှာတော့ ကျနော်တို့ သတိထားဖို့တော့ လိုပါတယ်။”

ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်တဲ့ မြန်မာနိုင်ငံ အနေနဲ့ ICJ မှာ အမှုတင်ခံရမှုမှာ တာဝန်ရှိတယ်ဆိုတာကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီးကလည်း အသိအမှတ်ပြု ပြောပါတယ်။ ဒါပေမယ့် အခုကိစ္စမှာတော့ မတူကွဲပြားချက် တချို့ ရှိတယ်လို့ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက တုံ့ပြန်ပါတယ်။

“ကုလသမဂ္ဂ အဖွဲ့ဝင် အချင်းချင်းကြားမှာ ဖြစ်တဲ့ ပြဿနာမျိုးနဲ့ ပတ်သက်ပြီးတော့ ICJ ရဲ့ အဆုံးအဖြတ်ကို ခံယူကြတဲ့ သဘောရှိတယ်။ သို့သော်လည်း ကျနော်တို့ သိသလောက်ဆိုရင်တော့ အဖွဲ့အစည်းတခုအနေနဲ့ နိုင်ငံတနိုင်ငံကို ဒီလိုကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားစွဲဆိုဖို့လုပ်တယ်ဆိုတာကတော့ ကျနော်တို့ တခါမှ မတွေ့ဖူးဘူး။ အခုမြန်မာကိစ္စ မှာတော့ အသစ်အဆန်းတွေပဲ တွေ့တွေ့နေရတာပေါ့နော်။”

နိုင်ငံတွင်းမှာ လွတ်လပ်စွာ သွားလာခွင့်မရှိတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေရှ့်မှာရော ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည် စခန်းတွေမှာပါ နိုင်ငံမဲ့တွေ အဖြစ် သောင်တင်နေကြဆဲပါ။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ဘက်က ရိုဟင်ဂျာတွေ အလွယ်တကူ နိုင်ငံသား ဖြစ်ရေးနဲ့ လွတ်လပ်စွာ သွားလာခွင့် အပါအဝင် အခြေခံ ဝန်ဆောင်မှုတွေ ရရှိရေး၊ နောက် ရိုဟင်ဂျာတွေ အပေါ် စနစ်တကျ ခွဲခြားသလို ဖြစ်နေတဲ့ ဥပဒေတွေ ပြင်ဆင်ရေး တွန်းအားပေးနေကြတာပါ။ မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံမယ်၊ တည်ဆဲ ဥပဒေ အတိုင်း နိုင်ငံသား ဖြစ်ရေး ဆောင်ရွက်ရမယ်လို့ အခိုင်အမာ ပြောဆိုနေဆဲ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: