Leave a comment

ICJ မွာ စြဲဆိုခံရမႈ ျမန္မာႏိုင္ငံအေပၚ ဘယ္လို ထိခိုက္ႏိုင္သလဲ

နယ္သာလန္ႏိုင္ငံ The Haque ၿမိဳ႕က ႏုိင္ငံတကာ တရားရံုး ICJ

လူမ်ိဳးတုန္း သတ္ျဖတ္မႈ တားဆီးေရး ဆိုင္ရာ စာခ်ဳပ္ကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ႏိုင္ငံတကာ တရား႐ုံး ICJ မွာ ျမန္မာႏိုင္ငံ တရားစြဲဆိုခံရမႈက ဘယ္ေလာက္ ထိခိုက္ႏိုင္ပါသလဲ ဆိုတာကို George Washington တကၠသိုလ္ ႏိုင္ငံတကာ ေရးရာ ပါေမာကၡ Christina Fink ၊ ေနာက္ ျမန္မာႏိုင္ငံ ဆိုင္ရာ အေမရိကန္ သံ႐ုံး အႀကီးအကဲေဟာင္း Priscilla Clapp တို႔ကို ဗြီအိုေအက ဆက္သြယ္ ေမးျမန္း ထားပါတယ္။ ဒီလို တရားစွဲဆိုမှုဟာ ဘယ်လောက် အရေးကြီးလဲ ဆိုတာကို မအင္ၾကင္းႏုိင္က ေမးျမန္းတဲ႔ အခါမွာ George Washington တကၠသိုလ္ ႏိုင္ငံတကာ ေရးရာ ပါေမာကၡ Christina Fink က အခုလို စေျပာပါတယ္။

Christina Fink ။ ။ အမႈကို စြဲတင္တဲ့ႏိုင္ငံဟာ အေနာက္အာဖရိက က ႏိုင္ငံငယ္ေလးျဖစ္တဲ့ ဂမ္ဘီယာ ႏိုင္ငံျဖစ္ပါတယ္။ ႏိုင္ငံငယ္ေလး တႏိုင္ငံအေနနဲ႔ ဘာေၾကာင့္ အျခားတႏိုင္ငံကို ႏိုင္ငံတကာ တရား႐ုံးမွာ တရားစြဲဖို႔ လုပ္သလဲဆိုတဲ့ အေၾကာင္းအရင္းေတြရွိပါတယ္။ ပထမတခ်က္က သူတို႔မွာ သိသာထင္ရွားတဲ့ ႏိုင္ငံေရးအရ ေက်ာေထာက္ေနာက္ခံ ေပးထားတာ ရွိေနပါတယ္။ အဖြဲ႕ဝင္ ႏိုင္ငံေပါင္း ၅၀ ေက်ာ္ပါဝင္တဲ့ OIC အစၥလာမၼစ္ ပူးေပါင္းေဆာင္႐ြက္ေရး အဖြဲ႕ရဲ႕ ေထာက္ခံမႈ အျပည့္အ၀ ရထားပါတယ္။ ဒုတိယ တခ်က္ကေတာ့ ဥပေဒေရးရာ ကြၽမ္းက်င္သူရွိေနပါတယ္။ ဂမ္ဘီယာႏိုင္ငံရဲ႕ တရားေရးဝန္ႀကီးက ဒီအမႈကို ဦးေဆာင္ဦး႐ြက္ျပဳေနသူ ျဖစ္ပါတယ္။

သူကိုယ္တိုင္လည္း ၁၉၉၄ ခုႏွစ္က ICTR -international Criminal Tribunal for Rwanda ရဝမ္ဒါ ဆိုင္ရာ ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံးမွာ ဥပေဒေရးရာ အထူးအႀကံေပး လုပ္ခဲ့တာပါ။ အခု ျမန္မာကို အမႈတင္ရာမွာလည္း လူမ်ိဳးတုန္းသတ္ျဖတ္မႈဆိုင္ရာ တားဆီးေရး သေဘာတူညီခ်က္နဲ႔ ပတ္သက္လို႔ အထူးကြၽမ္းက်င္တဲ့ ႏိုင္ငံတကာ ေရွ႕ေနအဖြဲ႕ကလည္း သူ႔ကို ကူညီေပးေနတာပါ။ ပုံမွန္အားျဖင့္ ဒီလိုအမႈမ်ိဳး ၾကားနာစစ္ေဆးတာမ်ိဳး ျဖစ္ေလ့ျဖစ္ထ မရွိတဲ့ ICJ ႏိုင္ငံတကာ တရား႐ုံးအေနနဲ႔ ဂမ္ဘီယာကို စြဲခ်က္ကို ကိုင္တြယ္ဖို႔ရွိမရွိ က်မတို႔ မသိရေသးပါဘူး။ ဒါေပမယ့္ စာခ်ဳပ္မွာ လက္မွတ္ေရးထိုးထားတဲ့ ႏိုင္ငံေတြ အေနနဲ႔ ႏိုင္ငံတကာဥပေဒကို ခ်ိဳးေဖာက္တယ္ဆိုရင္ အျခားႏိုင္ငံက တရားစြဲႏိုင္တယ္လို႔ ျပဌာန္းထားတာပါ။ ဂမ္ဘီယာေရာ ျမန္မာပါ ၁၉၄၈ ခုႏွစ္ လူမ်ိဳးတုန္းသတ္ျဖတ္မႈ တားဆီးေရး သေဘာတူညီခ်က္မွာ လက္မွတ္ေရးထိုးထားၾကပါတယ္။

မအင္ၾကင္းႏိုင္။ ။ ျမန္မာအစိုးရဘက္က တရားဝင္တုန႔္ျပန္ေျပာဆိုတာမ်ိဳး မရွိေပမယ့္ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္း ကေတာ့ တရားဥပေဒအရ ရင္ဆိုင္သြားမယ္လို႔ တုန႔္ျပန္ထားတဲ့ အေပၚမွာ ဘယ္လိုျမင္လဲ။

Christina Fink ။ ။ ျပင္းထန္လွတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္ က်ဴးလြန္မႈေတြရွိေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို ျမန္မာအစိုးရက တေလွ်ာက္လုံး ျငင္းပယ္လာတာပါ။ အစြန္းေရာက္ အၾကမ္းဖက္ေတြရဲ႕ အႏၲရာယ္ကို ျပန္ၿပီး တိုက္ခိုက္ေျခမႈန္းတာ ျဖစ္တယ္လို႔ပဲ သူတို႔က တုန႔္ျပန္ေျပာဆိုခဲ့တာပါ။ ဒါေပမယ့္ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြမွာ အရပ္သားေတြကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့တယ္ဆိုတာ မ်ားျပားလွတဲ့ သက္ေသအေထာက္အထားေတြက ျပေနပါတယ္။ ႐ြာေတြကို မီးရႈိ႕ဖ်က္စီးတာ၊ အမ်ိဳးသမီးေတြကို အတင္းအဓမၼျပဳက်င့္တာ၊ ကေလးေတြကို သတ္ပစ္တာ စတာေတြ ပါဝင္ပါတယ္။ ဒါေၾကာင့္ ျပင္းထန္လွတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြဟာ လူမ်ိဳးတုန္း သတ္ျဖတ္မႈ က်ဴးလြန္ဖို႔ ရည္႐ြယ္လုပ္ေဆာင္ခဲ့တာ မဟုတ္ပါဘူးလို႔ ICJ တရား႐ုံးမွာ ျမန္မာအစိုးရ အေနနဲ႔ ေခ်ပေျပာဆိုရာမွာ ခက္ခဲလိမ့္မယ္လို႔ က်မထင္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ ICJ က အမႈကို လက္ခံၿပီဆိုရင္ လက္ငင္း ခ်က္ခ်င္း ထိေရာက္မႈေတြ ဘာေတြျဖစ္လာမလဲရွင့္။

Christina Fink ။ ။ တကယ္လို႔မ်ား တရား႐ုံးက အမႈကို လက္ခံခဲ့မယ္ဆိုရင္ ေနာက္ဆုံး စီရင္ခ်က္ခ်ဖို႔ထိဆိုရင္ ႏွစ္မ်ားစြာၾကာအုံးမွာပါ။ ဒါေပမယ့္ ဂမ္ဘီယာ အမႈစြဲတင္ထားတဲ့ အထဲမွာ ႐ိုဟင္ဂ်ာေတြ အေပၚ ရက္စက္ၾကမ္းၾကဳတ္မႈေတြနဲ႔ လူမ်ိဳးတုန္း သတ္ျဖတ္မႈေတြကို ခ်က္ခ်င္း ရပ္တန႔္ဖို႔ ျမန္မာကို တရား႐ုံး အမိန႔္ထုတ္ျပန္ဖို႔ ICJ ကို ေတာင္းဆိုထားပါတယ္။ ဒါေၾကာင့္ ICJ တရား႐ုံးက အမႈကို လက္ခံၿပီးဆိုတာနဲ႔ ဒီလိုအမိန႔္ထုတ္ျပန္မယ့္ ကိစၥဟာ ဦးစြာ အက်ိဳးသက္ေရာက္မႈ ျဖစ္လာႏိုင္ပါတယ္။ ဒါေပမဲ့လည္း ျမန္မာအေနနဲ႔ တရား႐ုံးအမိန႔္ကို မျဖစ္မေန လိုက္နာဖို႔ ဆိုတဲ့ ယႏၲရားမ်ိဳး ICJ လက္ထဲမွာ မရွိပါဘူး။ ဒါေပမဲ့လည္း ႐ိုဟင္ဂ်ာေတြကို ႏိုင္ငံသားျဖစ္ခြင့္ အျပည့္အဝေပးဖို႔၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္သူေတြကို အေရးယူအျပစ္ေပးဖို႔ တပ္မေတာ္နဲ႔ ျမန္မာ အရပ္သား အစိုးရအေပၚမွာ ဖိအားေတြ ပိုၿပီးေပးဖို႔ ႏိုင္ငံတကာဘက္က ပူးေပါင္းေဆာင္႐ြက္လာႏိုင္ဖို႔ ရွိပါတယ္။

မအင္ၾကင္းႏိုင္။ ။ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သားအစိုးရရဲ႕ ဂုဏ္သိကၡာ ႏိုင္ငံတာကာ မွာ ဘယ္ေလာက္ထိ ထိခိုက္ေနသလဲလို႔ ျမင္ပါလဲ။

Christina Fink ။ ။ ႏိုင္ငံတကာမွာ ျမန္မာရဲ႕ ပုံရိပ္ ထိခိုက္က်ဆင္းေနတယ္လို႔ က်မျမင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကမာၻတဝန္းက လူေတြက ႐ိုဟင္ဂ်ာေတြကို သူတို႔လို လူေတြပဲလို႔ပဲ ျမင္ၾကတာပါ။ လူဦးေရ ၇ သိန္းေလာက္ရွိတဲ့အထဲမွာ တဦးခ်င္းစီက သူတို႔ႏိုင္ငံမွာ လုံၿခဳံမႈမရွိဘူးလို႔ ခံစားခဲ့ရသလို၊ ေနရပ္ႏိုင္ငံကို ျပန္သြားဖို႔ ဆိုရာမွာလည္း လုံၿခဳံမႈမရွိပါဘူး။ ေနာက္ၿပီး သူတို႔ႏိုင္ငံမွာ ႏိုင္ငံသားကဒ္ျပား ကိုင္ေဆာင္ခြင့္လည္း မရႏိုင္ပါဘူး။ ဒီအခ်က္ကို ႏိုင္ငံတကာအသိုင္းအဝိုင္း တခုလုံးက လက္သင့္မခံႏိုင္ပါဘူး။ ဒါေၾကာင့္ ျမန္မာအစိုးရ အတြက္ သိကၡာက်ေစတဲ့ အခ်က္လို႔ က်မျမင္ပါတယ္။ ျမန္မာႏိုင္ငံ အတြင္းမွာပဲ အမွန္တကယ္ ဘာေတြျဖစ္ခဲ့သလဲ၊ ဘာေၾကာင့္ လူေတြအမ်ားႀကီး ထြက္ေျပးၾကသလဲ ဆိုတဲ့ ေမးခြန္းမ်ိဳးေတြကို ျပန္ၿပီး ေမးခြန္းထုတ္သင့္ပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအခ်က္အလက္ ရွာေဖြေရး အဖြဲ႕က စြပ္စြဲထားတဲ့ ညႇဥ္းပန္းႏွိပ္စက္မႈေတြ ဆိုတာ ျဖစ္ႏိုင္ေျခ ရွိခဲ့ၿပီး ဒီလိုအၾကမ္းဖက္ ျပစ္မႈက်ဴးလြန္မႈေတြ အတြက္ ေနာက္ဆုံးမွာ ဥပေဒအရ ရင္ဆိုင္ရဖို႔ရွိလာႏိုင္ပါတယ္။

တဆက္တည္းမွာဘဲ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ သံ႐ုံး အႀကီးအကဲေဟာင္း Priscilla Clapp ကိုေတာ့ ကိုရဲမင္းထြန္းက ဆက္သြယ္ေမးျမန္းထားပါတယ္။ ဂမ္ဘီယာႏိုင္ငံက ICJ ကို အမႈတင္တဲ့အခါမွာ ျမန္မာႏိုင္ငံတြင္းက လူမ်ိဳးတုန္း သတ္ျဖတ္မႈေတြ ရပ္တန႔္ေစဖို႔ တားဝရမ္း injunction ထုတ္ေပးပါလို႔ ေတာင္းဆိုထားတဲ့ အခ်က္ရွိတာေၾကာင့္ ဒီလို တားဝရမ္း ထုတ္မယ္ဆိုရင္ ဘာျဖစ္လာႏိုင္ပါသလဲ ဆိုတဲ့ေမးခြန္းကို အေမရိကန္ သံ႐ုံး အႀကီးအကဲေဟာင္း Priscilla Clapp က အခုလို စၿပီး ေျဖၾကားပါတယ္။

Priscilla Clapp ။ ။ ျမန္မာႏိုင္ငံက ျငင္းမွာပါ။ လူမ်ိဳးတုန္း သတ္ျဖတ္မႈ ဘယ္သူ႔အေပၚမွ မက်ဴးလြန္ခဲ့ဘူးလို႔ ျငင္းပါလိမ့္မယ္။ ဒါေၾကာင့္ ဒီ အေျခအေနမွာ တားဝရမ္းက လက္ေတြ႕က်က် ဘယ္ေလာက္ ေဆာင္႐ြက္ႏိုင္မလဲ မသိပါဘူး။ တားဝရမ္း ထုတ္တယ္ဆိုေတာ့ ျဖစ္ၿပီးသြားတဲ့ကိစၥကို ဘယ္လို ရပ္ဆိုင္းရ မလဲ။ ေျပာင္းလဲမႈေတြ လုပ္ရမယ္ဆိုရင္လည္း အစိုးရ ပုံသ႑ာန္ကို ေျပာင္းလဲရမွာလား။ ဥပေဒေတြ ေျပာင္းလဲပစ္ရမယ္ ဆိုရင္ေတာ့ လူနည္းစု အားလုံးအေပၚမွာ အက်ိဳးသက္ေရာက္မႈေတြ ရွိပါလိမ့္မယ္။ ျမန္မာႏိုင္ငံက ဥပေဒေတြက လူနည္းစုေတြ အေပၚ ခြဲျခားဆက္ဆံမႈေတြ အမ်ားႀကီး ရွိေနတယ္။ ႐ိုဟင္ဂ်ာေတြ အေပၚ ထားရွိတဲ့ ဥပေဒေတြကေတာ့ အဆိုးဆုံးပါပဲ။

ကိုရဲမင္းထြန္း ။ ။ ICJ ရဲ႕ ဆုံးျဖတ္ခ်က္ တစ္ခုခုေၾကာင့္ ျမန္မာႏိုင္ငံအေပၚ ဒဏ္ခတ္ ပိတ္ဆို႔မႈေတြ ပိုၿပီး ျဖစ္လာႏိုင္ပါသလား။ ဘယ္လို ျမင္ပါသလဲ။

Priscilla Clapp ။ ။အေမရိကန္ အထက္လႊတ္ေတာ္မွာ လူမ်ားစု ေခါင္းေဆာင္ Mitch McConnell ရွိေနသေ႐ြ႕ေတာ့ သိပ္ စိုးရိမ္စရာ ေကာင္းတဲ့ ဒဏ္ခတ္ပိတ္ဆိုမႈေတြ အေမရိကန္ႏိုင္ငံ ဘက္က လုပ္လိမ့္မယ္ မထင္ဘူး။ ႏိုင္ငံတကာ အဆင့္မွာေတာ့ ႐ိုဟင္ဂ်ာနဲ႔ ဆက္စပ္တဲ့ အေရးယူ ဒဏ္ခတ္မႈေတြက ရွိေနၿပီးသားပါ။ ေစာင့္ၾကည့္ရမွာက လူတစ္ဦးခ်င္း အေပၚ ဒဏ္ခတ္ဖို႔ ႀကိဳးပမ္းေနတဲ့ ICC က လုပ္ေဆာင္ခ်က္ကေတာ့ ေစာင့္ၾကည့္ဖို႔ လိုပါတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ စစ္တပ္ အဆင့္ျမင့္ အရာရွိေတြ အေပၚ ဘယ္လို ဆက္လက္ ေဆာင္႐ြက္မလဲ မသိၾကေသးပါဘူး။ ဒဏ္ခတ္မႈေတြက တစ္ႏိုင္ငံလုံး အေပၚထက္ လူ ပုဂၢိဳလ္ တစ္ဦးခ်င္းအေပၚ ခ်မွတ္တာေတြ ပိုၿပီး ေတြ႕ရမယ္လို႔ ထင္ပါတယ္။

ကိုရဲမင္းထြန္း ။ ။အခုလို ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ ICJ မွာ အမႈတင္တာေၾကာင့္ ျမန္မာႏိုင္ငံျပည္တြင္း ျပဳျပင္ေျပာင္းလဲေရး လုပ္ေဆာင္ ေနတာေတြကို ထိခိုက္ႏိုင္ပါသလား။

Priscilla Clapp ။ ။ဒါကို သိပ္ ႀကီးႀကီးက်ယ္က်ယ္ႀကီးလို႔ မထင္မိပါဘူး။ ျပည္တြင္းက ျပဳျပင္ေျပာင္းလဲေရးက ျပည္တြင္းက လိုအပ္ခ်က္အရ သြားေန ရတာ ဆိုေတာ့ တိုင္းျပည္ ျပင္ပမွာ ဘာပဲျဖစ္ျဖစ္ သူ႔ဘာသာသူ ဆက္သြားေနမွာပါ။ ဒါေပမဲ့ ျပည္တြင္း ႏိုင္ငံေရးမွာ ရွိႏိုင္ပါတယ္။ ေျပာရရင္ ေ႐ြးေကာက္ပြဲ ႏိုင္ငံေရးမွာ သက္ေရာက္မႈ ရွိႏိုင္တယ္။ လက္ယာ အစြန္းေရာက္ဝါဒီေတြက ဒါဟာ ႏိုင္ငံတကာ အသိုက္အဝန္းက ျမန္မာႏိုင္ငံ အေပၚ မမွ်မတ ဆက္ဆံတာရဲ႕ ေနာက္ထပ္ ဥပမာ တစ္ခုပဲလို႔ ေျပာၾကလိမ့္မယ္။

ကိုရဲမင္းထြန္း ။ ။ ဒီလို အမႈတင္တာေတြ ေအာင္ျမင္သြားမယ္ ဆိုရင္ေကာ အခု လက္ရွိ ႐ိုဟင္ဂ်ာအေရးကို ၿပီးျပတ္ ေျဖရွင္းသြားႏိုင္မယ္လို႔ ထင္ပါသလား။ ။

Priscilla Clapp ။ ။ကြၽန္မ အသက္ရွင္ေနေသးတဲ့ အခ်ိန္အတြင္းေတာ့ ေျဖရွင္းႏိုင္မယ္လို႔ မထင္ပါဘူး။ အေျခခံ ကိစၥက ဗမာလူမ်ိဳးစု ႀကီးစိုးထားတဲ့ ျပႆနာနဲ႔ အေျခအေနပါ။ လူမ်ားစုရဲ႕ စိတ္ဓါတ္နဲ႔ အေတြးအေခၚေတြ မေျပာင္းလဲ ႏိုင္သေ႐ြ႕ ေျဖရွင္းဖို႔ မလြယ္ဘူးလို႔ ထင္ပါတယ္။ ႐ိုဟင္ဂ်ာေတြ အေပၚ ျမန္မာ အမ်ားစု ဘယ္လို သေဘာထားၾကတယ္ ဆိုတာက အေရးႀကီးတဲ့ အဆင့္မွာ မရွိဘူးလို႔ ထင္ပါတယ္။

မူဆလင္ အမ်ားစု ေနရာ ရခုိင္ျပည္နယ္ ေျမာက္ပိုင္းမွာ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ အၾကမ္းဖက္မႈ ေနာက္ပိုင္း ဘဂၤလားေဒရွ္႕ဘက္ ထြက္ေျပးရတဲ႔ သိန္းနဲ႔ခ်ီတဲ႔ ရိုဟင္ဂ်ာေတြ ကေတာ့ အခုအခ်ိန္ထိ ဌာေနမျပန္နုိင္ေသးပါဘူး။ ဘဂၤလားေဒရွ္႕နဲ႔ ျမန္မာၾကား ႏွစ္ႏုိင္ငံ သေဘာတူညီမႈနဲ႔ ႀကိဳးပမ္းခ်က္ေတြကလည္း အထ မေျမာက္ေသးပါဘူး။ ျမန္မာ အစိုးရဘက္က ရိုဟင္ဂ်ာ ဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံ သလို ဒုကၡသည္ေတြ ႏုိင္ငံသား ျဖစ္ေရးကလည္း ဥပေဒ အတိုင္း ေဆာင္ရြက္ရမယ္လို႔ အခိုင္အမာ ရပ္တည္ထားခ်က္က ဒုကၡသည္ေတြ ဌာေနျပန္ေရးမွာ အဓိက အခက္အခဲ တခု ျဖစ္ေနတာပါ။

(Unicode)

ICJ မှာ စွဲဆိုခံရမှု မြန်မာနိုင်ငံအပေါ် ဘယ်လိုထိခိုက်နိုင်သလဲ

လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေး ဆိုင်ရာ စာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံ တရားစွဲဆိုခံရမှုက ဘယ်လောက် ထိခိုက်နိုင်ပါသလဲ ဆိုတာကို George Washington တက္ကသိုလ် နိုင်ငံတကာ ရေးရာ ပါမောက္ခ Christina Fink၊ နောက် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး အကြီးအကဲဟောင်း Priscilla Clapp တို့ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပါတယ်။ ဒီလို တရားစှဲဆိုမှုဟာ ဘယျလောကျ အရေးကွီးလဲ ဆိုတာကို မအင်ကြင်းနိုင်က မေးမြန်းတဲ့ အခါမှာ George Washington တက္ကသိုလ် နိုင်ငံတကာ ရေးရာ ပါမောက္ခ Christina Fink က အခုလို စပြောပါတယ်။

Christina Fink ။ ။ အမှုကို စွဲတင်တဲ့နိုင်ငံဟာ အနောက်အာဖရိက က နိုင်ငံငယ်လေးဖြစ်တဲ့ ဂမ်ဘီယာ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံငယ်လေး တနိုင်ငံအနေနဲ့ ဘာကြောင့် အခြားတနိုင်ငံကို နိုင်ငံတကာ တရားရုံးမှာ တရားစွဲဖို့ လုပ်သလဲဆိုတဲ့ အကြောင်းအရင်းတွေရှိပါတယ်။ ပထမတချက်က သူတို့မှာ သိသာထင်ရှားတဲ့ နိုင်ငံရေးအရ ကျောထောက်နောက်ခံ ပေးထားတာ ရှိနေပါတယ်။ အဖွဲ့ဝင် နိုင်ငံပေါင်း ၅၀ ကျော်ပါဝင်တဲ့ OIC အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ ထောက်ခံမှု အပြည့်အ၀ ရထားပါတယ်။ ဒုတိယ တချက်ကတော့ ဥပဒေရေးရာ ကျွမ်းကျင်သူရှိနေပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ တရားရေးဝန်ကြီးက ဒီအမှုကို ဦးဆောင်ဦးရွက်ပြုနေသူ ဖြစ်ပါတယ်။

သူကိုယ်တိုင်လည်း ၁၉၉၄ ခုနှစ်က ICTR -international Criminal Tribunal for Rwanda ရဝမ်ဒါ ဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ ဥပဒေရေးရာ အထူးအကြံပေး လုပ်ခဲ့တာပါ။ အခု မြန်မာကို အမှုတင်ရာမှာလည်း လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ တားဆီးရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ အထူးကျွမ်းကျင်တဲ့ နိုင်ငံတကာ ရှေ့နေအဖွဲ့ကလည်း သူ့ကို ကူညီပေးနေတာပါ။ ပုံမှန်အားဖြင့် ဒီလိုအမှုမျိုး ကြားနာစစ်ဆေးတာမျိုး ဖြစ်လေ့ဖြစ်ထ မရှိတဲ့ ICJ နိုင်ငံတကာ တရားရုံးအနေနဲ့ ဂမ်ဘီယာကို စွဲချက်ကို ကိုင်တွယ်ဖို့ရှိမရှိ ကျမတို့ မသိရသေးပါဘူး။ ဒါပေမယ့် စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေ အနေနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်ဆိုရင် အခြားနိုင်ငံက တရားစွဲနိုင်တယ်လို့ ပြဌာန်းထားတာပါ။ ဂမ်ဘီယာရော မြန်မာပါ ၁၉၄၈ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားကြပါတယ်။

မအင်ကြင်းနိုင်။ ။ မြန်မာအစိုးရဘက်က တရားဝင်တုန့်ပြန်ပြောဆိုတာမျိုး မရှိပေမယ့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ကတော့ တရားဥပဒေအရ ရင်ဆိုင်သွားမယ်လို့ တုန့်ပြန်ထားတဲ့ အပေါ်မှာ ဘယ်လိုမြင်လဲ။

Christina Fink ။ ။ ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာအစိုးရက တလျှောက်လုံး ငြင်းပယ်လာတာပါ။ အစွန်းရောက် အကြမ်းဖက်တွေရဲ့ အန္တရာယ်ကို ပြန်ပြီး တိုက်ခိုက်ခြေမှုန်းတာ ဖြစ်တယ်လို့ပဲ သူတို့က တုန့်ပြန်ပြောဆိုခဲ့တာပါ။ ဒါပေမယ့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်ဆိုတာ များပြားလှတဲ့ သက်သေအထောက်အထားတွေက ပြနေပါတယ်။ ရွာတွေကို မီးရှို့ဖျက်စီးတာ၊ အမျိုးသမီးတွေကို အတင်းအဓမ္မပြုကျင့်တာ၊ ကလေးတွေကို သတ်ပစ်တာ စတာတွေ ပါဝင်ပါတယ်။ ဒါကြောင့် ပြင်းထန်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူးလို့ ICJ တရားရုံးမှာ မြန်မာအစိုးရ အနေနဲ့ ချေပပြောဆိုရာမှာ ခက်ခဲလိမ့်မယ်လို့ ကျမထင်ပါတယ်။

မအင်ကြင်းနိုင်။ ။ ICJ က အမှုကို လက်ခံပြီဆိုရင် လက်ငင်း ချက်ချင်း ထိရောက်မှုတွေ ဘာတွေဖြစ်လာမလဲရှင့်။

Christina Fink ။ ။ တကယ်လို့များ တရားရုံးက အမှုကို လက်ခံခဲ့မယ်ဆိုရင် နောက်ဆုံး စီရင်ချက်ချဖို့ထိဆိုရင် နှစ်များစွာကြာအုံးမှာပါ။ ဒါပေမယ့် ဂမ်ဘီယာ အမှုစွဲတင်ထားတဲ့ အထဲမှာ ရိုဟင်ဂျာတွေ အပေါ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့ မြန်မာကို တရားရုံး အမိန့်ထုတ်ပြန်ဖို့ ICJ ကို တောင်းဆိုထားပါတယ်။ ဒါကြောင့် ICJ တရားရုံးက အမှုကို လက်ခံပြီးဆိုတာနဲ့ ဒီလိုအမိန့်ထုတ်ပြန်မယ့် ကိစ္စဟာ ဦးစွာ အကျိုးသက်ရောက်မှု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအနေနဲ့ တရားရုံးအမိန့်ကို မဖြစ်မနေ လိုက်နာဖို့ ဆိုတဲ့ ယန္တရားမျိုး ICJ လက်ထဲမှာ မရှိပါဘူး။ ဒါပေမဲ့လည်း ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် အပြည့်အဝပေးဖို့၊ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေးယူအပြစ်ပေးဖို့ တပ်မတော်နဲ့ မြန်မာ အရပ်သား အစိုးရအပေါ်မှာ ဖိအားတွေ ပိုပြီးပေးဖို့ နိုင်ငံတကာဘက်က ပူးပေါင်းဆောင်ရွက်လာနိုင်ဖို့ ရှိပါတယ်။

မအင်ကြင်းနိုင်။ ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရရဲ့ ဂုဏ်သိက္ခာ နိုင်ငံတာကာ မှာ ဘယ်လောက်ထိ ထိခိုက်နေသလဲလို့ မြင်ပါလဲ။

Christina Fink ။ ။ နိုင်ငံတကာမှာ မြန်မာရဲ့ ပုံရိပ် ထိခိုက်ကျဆင်းနေတယ်လို့ ကျမမြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာတဝန်းက လူတွေက ရိုဟင်ဂျာတွေကို သူတို့လို လူတွေပဲလို့ပဲ မြင်ကြတာပါ။ လူဦးရေ ၇ သိန်းလောက်ရှိတဲ့အထဲမှာ တဦးချင်းစီက သူတို့နိုင်ငံမှာ လုံခြုံမှုမရှိဘူးလို့ ခံစားခဲ့ရသလို၊ နေရပ်နိုင်ငံကို ပြန်သွားဖို့ ဆိုရာမှာလည်း လုံခြုံမှုမရှိပါဘူး။ နောက်ပြီး သူတို့နိုင်ငံမှာ နိုင်ငံသားကဒ်ပြား ကိုင်ဆောင်ခွင့်လည်း မရနိုင်ပါဘူး။ ဒီအချက်ကို နိုင်ငံတကာအသိုင်းအဝိုင်း တခုလုံးက လက်သင့်မခံနိုင်ပါဘူး။ ဒါကြောင့် မြန်မာအစိုးရ အတွက် သိက္ခာကျစေတဲ့ အချက်လို့ ကျမမြင်ပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာပဲ အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲ၊ ဘာကြောင့် လူတွေအများကြီး ထွက်ပြေးကြသလဲ ဆိုတဲ့ မေးခွန်းမျိုးတွေကို ပြန်ပြီး မေးခွန်းထုတ်သင့်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက် ရှာဖွေရေး အဖွဲ့က စွပ်စွဲထားတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ဆိုတာ ဖြစ်နိုင်ခြေ ရှိခဲ့ပြီး ဒီလိုအကြမ်းဖက် ပြစ်မှုကျူးလွန်မှုတွေ အတွက် နောက်ဆုံးမှာ ဥပဒေအရ ရင်ဆိုင်ရဖို့ရှိလာနိုင်ပါတယ်။

တဆက်တည်းမှာဘဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး အကြီးအကဲဟောင်း Priscilla Clapp ကိုတော့ ကိုရဲမင်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ ဂမ်ဘီယာနိုင်ငံက ICJ ကို အမှုတင်တဲ့အခါမှာ မြန်မာနိုင်ငံတွင်းက လူမျိုးတုန်း သတ်ဖြတ်မှုတွေ ရပ်တန့်စေဖို့ တားဝရမ်း injunction ထုတ်ပေးပါလို့ တောင်းဆိုထားတဲ့ အချက်ရှိတာကြောင့် ဒီလို တားဝရမ်း ထုတ်မယ်ဆိုရင် ဘာဖြစ်လာနိုင်ပါသလဲ ဆိုတဲ့မေးခွန်းကို အမေရိကန် သံရုံး အကြီးအကဲဟောင်း Priscilla Clapp က အခုလို စပြီး ဖြေကြားပါတယ်။

Priscilla Clapp ။ ။ မြန်မာနိုင်ငံက ငြင်းမှာပါ။ လူမျိုးတုန်း သတ်ဖြတ်မှု ဘယ်သူ့အပေါ်မှ မကျူးလွန်ခဲ့ဘူးလို့ ငြင်းပါလိမ့်မယ်။ ဒါကြောင့် ဒီ အခြေအနေမှာ တားဝရမ်းက လက်တွေ့ကျကျ ဘယ်လောက် ဆောင်ရွက်နိုင်မလဲ မသိပါဘူး။ တားဝရမ်း ထုတ်တယ်ဆိုတော့ ဖြစ်ပြီးသွားတဲ့ကိစ္စကို ဘယ်လို ရပ်ဆိုင်းရ မလဲ။ ပြောင်းလဲမှုတွေ လုပ်ရမယ်ဆိုရင်လည်း အစိုးရ ပုံသဏ္ဍာန်ကို ပြောင်းလဲရမှာလား။ ဥပဒေတွေ ပြောင်းလဲပစ်ရမယ် ဆိုရင်တော့ လူနည်းစု အားလုံးအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိပါလိမ့်မယ်။ မြန်မာနိုင်ငံက ဥပဒေတွေက လူနည်းစုတွေ အပေါ် ခွဲခြားဆက်ဆံမှုတွေ အများကြီး ရှိနေတယ်။ ရိုဟင်ဂျာတွေ အပေါ် ထားရှိတဲ့ ဥပဒေတွေကတော့ အဆိုးဆုံးပါပဲ။

ကိုရဲမင်းထွန်း ။ ။ ICJ ရဲ့ ဆုံးဖြတ်ချက် တစ်ခုခုကြောင့် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပိုပြီး ဖြစ်လာနိုင်ပါသလား။ ဘယ်လို မြင်ပါသလဲ။

Priscilla Clapp ။ ။အမေရိကန် အထက်လွှတ်တော်မှာ လူများစု ခေါင်းဆောင် Mitch McConnell ရှိနေသရွေ့တော့ သိပ် စိုးရိမ်စရာ ကောင်းတဲ့ ဒဏ်ခတ်ပိတ်ဆိုမှုတွေ အမေရိကန်နိုင်ငံ ဘက်က လုပ်လိမ့်မယ် မထင်ဘူး။ နိုင်ငံတကာ အဆင့်မှာတော့ ရိုဟင်ဂျာနဲ့ ဆက်စပ်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေက ရှိနေပြီးသားပါ။ စောင့်ကြည့်ရမှာက လူတစ်ဦးချင်း အပေါ် ဒဏ်ခတ်ဖို့ ကြိုးပမ်းနေတဲ့ ICC က လုပ်ဆောင်ချက်ကတော့ စောင့်ကြည့်ဖို့ လိုပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်တပ် အဆင့်မြင့် အရာရှိတွေ အပေါ် ဘယ်လို ဆက်လက် ဆောင်ရွက်မလဲ မသိကြသေးပါဘူး။ ဒဏ်ခတ်မှုတွေက တစ်နိုင်ငံလုံး အပေါ်ထက် လူ ပုဂ္ဂိုလ် တစ်ဦးချင်းအပေါ် ချမှတ်တာတွေ ပိုပြီး တွေ့ရမယ်လို့ ထင်ပါတယ်။

ကိုရဲမင်းထွန်း ။ ။အခုလို ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ICJ မှာ အမှုတင်တာကြောင့် မြန်မာနိုင်ငံပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင် နေတာတွေကို ထိခိုက်နိုင်ပါသလား။

Priscilla Clapp ။ ။ဒါကို သိပ် ကြီးကြီးကျယ်ကျယ်ကြီးလို့ မထင်မိပါဘူး။ ပြည်တွင်းက ပြုပြင်ပြောင်းလဲရေးက ပြည်တွင်းက လိုအပ်ချက်အရ သွားနေ ရတာ ဆိုတော့ တိုင်းပြည် ပြင်ပမှာ ဘာပဲဖြစ်ဖြစ် သူ့ဘာသာသူ ဆက်သွားနေမှာပါ။ ဒါပေမဲ့ ပြည်တွင်း နိုင်ငံရေးမှာ ရှိနိုင်ပါတယ်။ ပြောရရင် ရွေးကောက်ပွဲ နိုင်ငံရေးမှာ သက်ရောက်မှု ရှိနိုင်တယ်။ လက်ယာ အစွန်းရောက်ဝါဒီတွေက ဒါဟာ နိုင်ငံတကာ အသိုက်အဝန်းက မြန်မာနိုင်ငံ အပေါ် မမျှမတ ဆက်ဆံတာရဲ့ နောက်ထပ် ဥပမာ တစ်ခုပဲလို့ ပြောကြလိမ့်မယ်။

ကိုရဲမင်းထွန်း ။ ။ ဒီလို အမှုတင်တာတွေ အောင်မြင်သွားမယ် ဆိုရင်ကော အခု လက်ရှိ ရိုဟင်ဂျာအရေးကို ပြီးပြတ် ဖြေရှင်းသွားနိုင်မယ်လို့ ထင်ပါသလား။ ။

Priscilla Clapp ။ ။ကျွန်မ အသက်ရှင်နေသေးတဲ့ အချိန်အတွင်းတော့ ဖြေရှင်းနိုင်မယ်လို့ မထင်ပါဘူး။ အခြေခံ ကိစ္စက ဗမာလူမျိုးစု ကြီးစိုးထားတဲ့ ပြဿနာနဲ့ အခြေအနေပါ။ လူများစုရဲ့ စိတ်ဓါတ်နဲ့ အတွေးအခေါ်တွေ မပြောင်းလဲ နိုင်သရွေ့ ဖြေရှင်းဖို့ မလွယ်ဘူးလို့ ထင်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် မြန်မာ အများစု ဘယ်လို သဘောထားကြတယ် ဆိုတာက အရေးကြီးတဲ့ အဆင့်မှာ မရှိဘူးလို့ ထင်ပါတယ်။

မူဆလင် အများစု နေရာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ အကြမ်းဖက်မှု နောက်ပိုင်း ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ကတော့ အခုအချိန်ထိ ဌာနေမပြန်နိုင်သေးပါဘူး။ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာကြား နှစ်နိုင်ငံ သဘောတူညီမှုနဲ့ ကြိုးပမ်းချက်တွေကလည်း အထ မမြောက်သေးပါဘူး။ မြန်မာ အစိုးရဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံ သလို ဒုက္ခသည်တွေ နိုင်ငံသား ဖြစ်ရေးကလည်း ဥပဒေ အတိုင်း ဆောင်ရွက်ရမယ်လို့ အခိုင်အမာ ရပ်တည်ထားချက်က ဒုက္ခသည်တွေ ဌာနေပြန်ရေးမှာ အဓိက အခက်အခဲ တခု ဖြစ်နေတာပါ။

https://burmese.voanews.com/a/gambia-filing-a-case-accusing-myanmar-of-genocide-possible-impact/5165412.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: