Archive | January 2020

You are browsing the site archives by date.

ရခိုင်အရေး ASEAN ပူးပေါင်းဆောင်ရွက်မှု ကုလအတွင်းရေးမှူးချုပ် ကြိုဆို

ဗွီအိုအေ (မြန်မာဌာန) (Zawgyi/Unicode) မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေနဲ့ပတ်သက်လို့ အာဆီယံ ပါဝင်ဆောင်ရွက်လာတာဟာ ကုလသမဂ္ဂအတွက် လွန်စွာအရေးပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ပြောကြားလိုက်ပါတယ်။ အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီကို မိန့်ခွန်းပြောကြားရာမှာ အတွင်းရေးမှူးချုပ်က အဲဒီလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။ အခုအခါ နေရပ်စွန့်ခွာ သွားကြသူတွေနဲ့ ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နိုင်ငံတကာက ပူးပေါင်းအဖြေရှာရေးဟာ မရှိမဖြစ် လိုအပ်ပြီး၊ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်တွေနဲ့အညီ အာဆီယံနဲ့ ကုလသမဂ္ဂက ရှေ့တိုးဆောင်ရွက် သွားနိုင်လိမ့်မယ်လို့ ပြောကြားသွားပါတယ်။ ICJ ဆုံးဖြတ်ချက် ကုလအတွင်းရေးမှူးချုပ် ကြိုဆိုတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။ ဒီလို လုပ်ဆောင်နိုင်ဖို့ ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ဆန္ဒအလျှောက် ဂုဏ်သိက္ခာရှိစွာနဲ့ ဘေးကင်းလုံခြုံစွာ […]

Coronavirus ပိုး ကမ္ဘာ့ ကျန်းမာရေး အရေး အပေါ် အခြေအနေအဖြစ် WHO ကြေညာလိုက်ပြီ

ဗွီအိုအေ (မြန်မာဌာန) ပုံကြီးချဲ့ထားသော 2019 Novel Coronavirus (2019-nCoV) ပိုးပုံ။ (TPX IMAGES OF THE DAY – RC2WPE9B0G2T) (Zawgyi/Unicode) တရုတ်နိုင်ငံမှာ စတင်တဲ့ Coronavirus ရောဂါပိုးဟာ အနည်းဆုံး နိုင်ငံပေါင်း ၁၈ နိုင်ငံအထိ စတင်ကူးစက် ပြန့်နှံ့လာနေတာကြောင့် ဒီရောဂါကူးစက်မှုဟာ နိုင်ငံတကာ အရေးပေါ်အခြေအနေအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။ “Novel coronavirus ကမ္ဘာမှာ ကူးစက်ပြန့်နှံ့နေတဲ့အပေါ် အများပြည်သူကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာ နိုင်ငံတကာ အရေးပေါ်အခြေအနေတရပ်အဖြစ် ကျနော် ကြေညာပါတယ်။ အခုလို ကြေညာရတာရဲ့ အဓိကအကြောင်းက တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေကြောင့် မဟုတ်ဘဲ တခြားနိုင်ငံတွေမှာ ဖြစ်ပျက် နေတဲ့ အခြေအနေတွေကြောင့်ဖြစ်ပါတယ်။ စိုးရိမ်စရာ အကောင်းဆုံး […]

တရုတ်နိုင်ငံသားတဦး ရန်ကုန်လေဆိပ် ကိုရိုနာ ဗိုင်းရစ်တွေ့

Update: အသက် (၅၅)နှစ်အရွယ် ဝူဟန်ကလာတဲ့ ခရီးသည် မစ္စတာ ဝမ်ဂျင်ပင်းဟာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိတာကြောင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ကနေ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို အခုမနက် (10:45am)  ဆိုက်ကပ်လာတဲ့ China Southern Airline CZ-3055 လေယာဉ်ကနေ ဝေဘာဂီဆေးရုံကြီးကို ခေါ်ဆောင်သွားပါတယ်။ အဲဒီ့လေယာဉ်မှာ လေယာဉ်အမှုထမ်းနဲ့ ခရီးသည် (၈၆)ယောက်ပါဝင်ပါတယ်။ Photo – tomorrow ကိုရိုနာ ဗိုင်းရပ်စ် သတင်းများ အချိန်နှင့်တပြေးညီ စုစည်းတင်ဆက်မှု Live Updates: ==> http://burmese.dvb.no/archives/368575

မွတ်စလင် လူငယ်လေး ဒီဇိုင်း ဖန်တီးထားတဲ့ ကမ္ဘာ့ အသေးငယ်ဆုံး ဂြိုလ်တု အိန္ဒိယလွှတ်တင်

ဇန်န၀ါရီ ၃၁၊ ၂၀၁၉                                                                                                           Myanmar Muslim Media အသက်၁၈နှစ်အရွယ် တမီလ်မွတ်စလင်ကောင်လေး ရီဖက်ဟ်ရှာရွတ်ခ် ဒီဇိုင်းဖန်တီးထားတဲ့ အရမ်းကိုသေးငယ်ပေါ့ပါးတဲ့ဂြိုလ်တုကို အိန္ဒိယကကြာသပတေးနေ့ကလွှတ်တင်ခဲ့ပါတယ်။ လက်ဖ၀ါးထဲမှာကိုင်ထားလို့ရတဲ့ ဂြိုလ်တုကြောင့် သေးငယ်တဲ့ဒီဇိုင်းနည်းပညာကဏ္ဍမှာနိုင်ငံအတွက် ဂုဏ်တက်စေခဲ့တာပဲဖြစ်ပါတယ်။ ၁၀စင်တီမီယာ(၄လက်မ)သာရှိတဲ့ ကုဗပုံဂြိုလ်တုကို ကလ်မ်ဆက် ဗွီ၂ လို့အမည်ပေးထားပြီး အလေးချိန် ၁.၂ကီလိုဂရမ်(၂.၆ပေါင်)သာရှိတယ်လို့ အာကာသနည်းပညာဆိုင်ရာဒီဇိုင်းဖန်တီးတဲ့ အိန္ဒိယ private Space Kidz ကကျောင်းသားတွေကဖော်ပြခဲ့ပါတယ်။ ကလ်မ်ဆက်ဗွီ၂ ဖန်တီးတည်ဆောက်မှုအတွက် ရူပီး၁.၂သန်း(ဒေါ်လာ၁၆၉၀၀) ကုန်ကျခဲ့တယ်လို့ Space Kidz India ရဲ့တည်ထောင်သူနဲ့စီးအီးအိုဖြစ်သူ ဆရီမာတီကီဆန်ကပြောကြားခဲ့ပါတယ်။ ဒီဂြိုလ်တုဟာ စီးပွားဖြစ်အတွက်မဟုတ်ပဲ အတွေ့အကြုံနုတဲ့လူငယ်တွေဖန်တီးထားတာကြောင့် အပျော်တမ်းရေဒီယိုထုတ်လွှင့်မှုတွေအတွက် ဆက်သွယ်ရေးဂြိုလ်တုအဖြစ် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ ၂၀၁၇တုန်းကလည်း ဒီအဖွဲ့ဟာ ၆၄ဂရမ်ရှိတဲ့ဒီလိုတူညီတဲ့ဂြိုလ်တုကိုဒီဇိုင်းဖန်တီးခဲ့ပြီး နာဆာရော့ကတ်တစ်ဆင့် အမေရိကန်မှာလွှတ်တင်ခဲ့ပါတယ်။ ဒါပေမယ့် ဂြိုလ်တုလမ်းကြောင်းကိုမရောက်ရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ကြာသပတေးနေ့ကလွှတ်တင်ခဲ့တဲ့ ၇၄၀ကီလိုဂရမ်ရှိတဲ့ […]

ရမ္မာဝတီမြို့ဝန်၊ ရွှေတောင် သာဂသူ ဘွဲ့ရ ဂန္ထ၀င်မြောက် စာဆိုတော် ဆရာကြီး ဦးနု

မြန်မာမွတ်စလင် သမိုင်း (မိုရှေယေဂါ – ဘာသာပြန်)

An Exclusive Interview with MP U Shwe Maung About Current Situation Of Rohingya in Arakan Myanmar