Archive | February 4, 2020

You are browsing the site archives by date.

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၄  ရက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက် ၁၄၀၀ နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဉီးခင်မောင်ဝင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပူးပေါင်းကော်မတီ အတွင်းရေးမှူး အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး၊ […]