Leave a comment

မလေးရှားဝန်ကြီးချုပ် မဟာသီ အံအား သင့်ဖွယ် နုတ်ထွက်စာ တင်

image

Myanmar Muslim Gazette
မလေးရှားဝန်ကြီးချုပ်ဒေါက်တာမဟာသီမုဟမ္မဒ်သည် သူ၏နုတ်ထွက်စာကို မလးရှားနိုင်ငံဘုရင်မင်းမြတ်ထံ တနင်္လာနေ့တွင် တင်သွင်းခဲ့သည်။

၉၄ နှစ်အရွယ် မဟာသီသည် အုပ်ချုပ်ရေးအစိုးညွန့်ပေါင်းအဖွဲ့သစ်တစ်ခုကိုဖွဲ့စည်းရန်ကြိုးပမ်းနေသည်ဟု ထင်ကြေးပေးမှုများရှိနေရာ ဆက်ခံသူအဖြစ်ကတိပြုထားသူ အန်ဝါအီဘရာဟင်ကို ဖယ်ထုတ်ပစ်မည်ဟု ထင်မြင်ချက်များကြားမှ အံ့အားသင့်စရာကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

မဟာသီ၏ပါတီ မလေးရှားယူနိုက်တက်ဌာနေတိုင်းရင်းသားများပါတီ (Bersat u)က ၀န်ကြီးချုပ်ကို ထောက်ခံမှုဖြင့်အာဏာရညွန့်ပေါင်းအဖွဲ့ Pakatan Harapan မှနုတ်ထွက်မည်ဟု တနင်္လာနေ့တွင်ကြေငြာ ခဲ့သည်။

“ပါတီရဲ့ အောက်လွှတ်တော်အဖွဲ့ဝင်များအားလုံးပါကတန်ဟာရာပန်မှ နုတ်ထွက်ခဲ့တယ်။ အားလုံးသည် မလေးရှား ၀ န်ကြီးချုပ်အဖြစ် ဒေါက်တာမဟာသီယာမိုဟာမက်အားဆက်လက်ထောက်ခံအားပေးရန် ကျမ်းကျိန်မယ်လို့ လက်မှတ်ထိုး ထားတယ်”ဟု BERSATU ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကမ္ဘာ့အသက်အကြီးဆုံးခေါင်းဆောင် ဒေါက်တာမဟာသီသည် လေ့လာသူများစွာကို ၂၀၁၈ ခုနှစ်မေလရွေးကောက်ပွဲတွင်အံ့အားသင့်စေခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ဦးဆောင်သော UMNO ကြီးစိုးသည့် Barisan Nasional ညွန့်ပေါင်းအစိုးရ၏ ဆယ်စုနှစ်ခြောက်ခုကြာအုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့ သည်။

ဝန်ကြီးချုပ်အဖြစ်ဒုတိယအကြိမ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၁ မှ ၂၀၀၃ အထိယခင်ရာထူးကိုထမ်းဆောင်ခဲ့သူ ဒေါက်တာမဟာသီသည် မလေးရှားကို အရှေ့တောင်အာရှ၏ အဓိကကုန်သွယ်ရေးနှင့်စီးပွားရေး အင်အားကြီးနိုင်ငံ အဖြစ်သို့ပြောင်းလဲခဲ့သည်ဟုအသိအမှတ်ပြုခံရသည်။

အဂတိလိုက်စားမှုနှင့်အာဏာရှင်ဆန်သော အပြုအမူများရှိသူဟု နာဂျစ်ကို ထိုး နှက်အနိုင်ယူပြီးနောက် တစ်ချိန်က ကိုယ်တိုင်ထောင်ကျခဲ့သော ယခင်လက်ထောက်ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကို အာဏာ လွှဲပြောင်းပေးမည်ဟု ကတိပြုခဲ့သည်။

မလေးရှားဘုရင်က မဟာသီကို နုတ်ထွက်ခွင့်ပြုမည်မဟုတ်ဟု ခန့်မှန်းမှုများရှိနေသည်။ ယနေ့ညနေ ၃ နာရီတွင် ဘုရင်က အန်ဝါအီဘရာဟင်မ်နှင့်လည်းကောင်း ညနေ ၅ ၃၀ တွင် ဒေါက်တာမဟာသီနှင့်လည်းကောင်း
တွေ့ဆုံ မည်ဖြစ်သည်။ မလေးရှားဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်နုတ်ထွက်ပါက အစိုးရကို ဖျက်သိမ်းရမညိဖြစ်၍
မဟာသီနုတ်ထွက်မှု ဘုရင်ကလက်ခံနိုင်ဖွယ် မရှိပေ။

Ref : CNN News
-Soe Min.KSM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: