Leave a comment

ပိုင္ရွင္မဲ႔ က်ပ္ေငြ ၃၈ ဘီလီယံ တန္ဖိုးရွိ မူးယစ္ေဆးဝါး ႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္း

ကြတ္ခိုင္ၿမိဳ့နယ္အတြင္းရွိ မူးယစ္ေဆးဝါး စက္႐ုံကို တပ္မေတာ္မွ ရွင္းလင္း က်ပ္ေငြ ၃၈ ဘီလီယံ တန္ဖိုးရွိ မူးယစ္ေဆးဝါးႏွင့္ ဆက္စပ္ပစၥည္းမ်ား ပိုင္ရွင္မဲ႕သိမ္းဆည္း

ကြတ္ခိုင္ၿမိဳ့နယ္အတြင္း ေငြက်ပ္ ၃၈ ဘီလီယံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား၊ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ပစၥည္းမ်ားႏွင့္ ဆက္စပ္ ပစၥည္းမ်ားသိမ္းဆည္းရမိ ေၾကာင္း တပ္မေတာ္မွ သတင္းထုတ္ျပန္လိုက္ပါတယ္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ကြတ္ခိုင္ၿမိဳ့နယ္အတြင္း လုံျခဳံေရးေဆာင္ရြက္လ်က္ရွိေသာ တပ္ဖြဲ႕ဝင္မ်ားသည္ မူးယစ္ ေဆးဝါးသတင္းမ်ားအရ ေကာင္းခါးေက်းရြာႏွင့္ အနီးပတ္ဝန္းက်င္ေနရာမ်ားအား ရွာေဖြစစ္ေဆးမွုမ်ား ေဆာင္ရြက္လ်က္ ရွိသည္။

ထိုသို့ ေဆာင္ရြက္လ်က္ရွိရာ ေဖေဖာ္ဝါရီ ၂၈ ရက္ ညေန ၆ နာရီခန႔္တြင္ ေကာင္းခါးေက်းရြာႏွင့္ အနီးပတ္ဝန္းက်င္တို့၌ မသကၤာဖြယ္ရာ အေဆာက္အဦ ၂ လုံးအတြင္းမွ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ဂက္စ္မီးဖို ၁၅၈ လုံး၊ ဓာတုေဆးရည္ဗူး ၄၁၀ ဗူး၊ ၅ ဂါလန္ဆံ့ ဓာတုေဆးရည္ပုံး ၂၆၆ ပုံး၊ ဓာတုေဆးရည္အိတ္ ၈၇ အိတ္၊ အက္ဆစ္မ်ားထည့္ထားသည့္ ေပပါ ၁၅ လုံး၊

ေဆးျပားရိုက္စက္ ၁ ခု ႏွင့္ မူးယစ္ေဆးဝါး ခ်က္လုပ္ သည့္ဆက္စပ္ပစၥည္းမ်ိဳးစုံအား လည္းေကာင္း၊ ေဖေဖာ္ဝါရီ ၂၉ ရက္ ေန႔လယ္ ၃ နာရီ ၁၅ မိနစ္ခန႔္တြင္ ေျမက်င္းတူး၍ သိုဝွက္ထားသည့္ အက္ဆစ္ ၅၀ ဂါလန္ဆံ့ ေပပါ ၂၈၁ လုံးတို့အား လည္းေကာင္း၊

ညေန ၆ နာရီ ၁၅ မိနစ္ခန႔္တြင္ မသကၤာဖြယ္အေဆာက္အဦတစ္လုံးအတြင္းမွ WY တံဆိပ္ႏွင့္ R တံဆိပ္ေရာရာ စိတ္ႂကြေဆးျပား ၅၁ အိတ္၊ 88/1 တံဆိပ္ပါ စိတ္ႂကြေဆးျပား ၆ အိတ္၊ တံဆိပ္ပါရွိမွုမရွိေသာ စိတ္ႂကြေဆးျပား ၂၅ အိတ္ စုစုေပါင္းစိတ္ႂကြေဆးျပား ၁၆၄၀၀၀၀၀ ျပားႏွင့္ ဘိန္းျဖဴဆပ္ျပာခြက္ ၃၃၀၀ ခြက္(၃၃၀၀၀ဂရမ္ခန႔္)တို့အား လည္းေကာင္း၊

ယေန႔ နံနက္ ၉ နာရီခန႔္တြင္ ပိုင္ရွင္မဲ့အေဆာက္အဦတစ္လုံးအတြင္းမွ WY ၊ R ၊ 88/1 တံဆိပ္ႏွင့္ တံဆိပ္မပါ အစိမ္းေရာင္၊ လိေမၼာ္ေရာင္၊ ပန္းေရာင္ေရာရာ စိတ္ႂကြေဆးျပား ၁၅၄၀၀၀၀ ျပား၊ ဘိန္းျဖဴဆပ္ျပာခြက္ ၁၄၀ ခြက္၊ ေဆးျပားေရတြက္စက္ ၂ လုံး၊ အမွုန႔္ႀကိတ္စက္ ၁ လုံး၊ DAF-XF အမ်ိဳးအစား ၈ ဘီးေခါင္းတြဲယာဥ္ ၁ စီး၊ တစ္ပါအမ်ိဳးအစား ၁၀ ဘီးယာဥ္ ၁ စီး၊

NISSAN အမ်ိဳးအစား၂၂ ဘီးယာဥ္ ၁ စီး၊ တစ္ပါအမ်ိဳးအစား ၂ ကေရာင္း ၆ ဘီးယာဥ္ ၁ စီး CHENGLONG အမ်ိဳးအစား ၂ ကေရာင္း ၆ ဘီးယာဥ္ ၁ စီး၊ အက္ဆစ္ေကာ္ေပပါအျပာ ၁၂၆ လုံး၊ အက္ဆစ္သံေပပါအျပာ ၂၄ လုံး၊ ဂက္စ္အိုး ၁၆၀ လုံး၊ အမ်ိဳးအစားစိစစ္ဆဲ အျဖဴေရာင္ကုန္ၾကမ္းမွုန႔္ ၃၃ အိတ္၊ အရိုးမီးေသြးအိတ္ ၂၅ အိတ္ႏွင့္ ၅ ဂါလံဆံ့အက္ဆစ္ပုံး ၁၆ ပုံးတို့အား အသီးသီး ပိုင္ရွင္မဲ့သိမ္းဆည္းရမိခဲ့သည္။

အဆိုပါ သိမ္းဆည္းရမိ ေမာ္ေတာ္ယာဥ္မ်ား၊ ေငြက်ပ္ ၃၈ ဘီလီယံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား၊ မူးယစ္ေဆးဝါး ခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ပစၥည္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားအား သက္ဆိုင္ရာသို့ စနစ္တက်လႊဲေျပာင္းအပ္ႏွံသြားမည္ျဖစ္ေၾကာင္းႏွင့္ နယ္ေျမလုံျခဳံေရး လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။Source;peiplemedia

Unicode…ကွတ်ခိုင်မြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါး စက်ရုံကို တပ်မတော်မှ ရှင်းလင်း ကျပ်ငွေ ၃၈ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပိုင်ရှင်မဲ့သိမ်းဆည်း

ကွတ်ခိုင်မြို့နယ်အတွင်း ငွေကျပ် ၃၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများသိမ်းဆည်းရမိ ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် မူးယစ် ဆေးဝါးသတင်းများအရ ကောင်းခါးကျေးရွာနှင့် အနီးပတ်ဝန်းကျင်နေရာများအား ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၆ နာရီခန့်တွင် ကောင်းခါးကျေးရွာနှင့် အနီးပတ်ဝန်းကျင်တို့၌ မသင်္ကာဖွယ်ရာ အဆောက်အဦ ၂ လုံးအတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဂက်စ်မီးဖို ၁၅၈ လုံး၊ ဓာတုဆေးရည်ဗူး ၄၁၀ ဗူး၊ ၅ ဂါလန်ဆံ့ ဓာတုဆေးရည်ပုံး ၂၆၆ ပုံး၊ ဓာတုဆေးရည်အိတ် ၈၇ အိတ်၊ အက်ဆစ်များထည့်ထားသည့် ပေပါ ၁၅ လုံး၊

ဆေးပြားရိုက်စက် ၁ ခု နှင့် မူးယစ်ဆေးဝါး ချက်လုပ် သည့်ဆက်စပ်ပစ္စည်းမျိုးစုံအား လည်းကောင်း၊ ဖေဖော်ဝါရီ ၂၉ ရက် နေ့လယ် ၃ နာရီ ၁၅ မိနစ်ခန့်တွင် မြေကျင်းတူး၍ သိုဝှက်ထားသည့် အက်ဆစ် ၅၀ ဂါလန်ဆံ့ ပေပါ ၂၈၁ လုံးတို့အား လည်းကောင်း၊

ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် မသင်္ကာဖွယ်အဆောက်အဦတစ်လုံးအတွင်းမှ WY တံဆိပ်နှင့် R တံဆိပ်ရောရာ စိတ်ကြွဆေးပြား ၅၁ အိတ်၊ 88/1 တံဆိပ်ပါ စိတ်ကြွဆေးပြား ၆ အိတ်၊ တံဆိပ်ပါရှိမှုမရှိသော စိတ်ကြွဆေးပြား ၂၅ အိတ် စုစုပေါင်းစိတ်ကြွဆေးပြား ၁၆၄၀၀၀၀၀ ပြားနှင့် ဘိန်းဖြူဆပ်ပြာခွက် ၃၃၀၀ ခွက်(၃၃၀၀၀ဂရမ်ခန့်)တို့အား လည်းကောင်း၊

ယနေ့ နံနက် ၉ နာရီခန့်တွင် ပိုင်ရှင်မဲ့အဆောက်အဦတစ်လုံးအတွင်းမှ WY ၊ R ၊ 88/1 တံဆိပ်နှင့် တံဆိပ်မပါ အစိမ်းရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်ရောရာ စိတ်ကြွဆေးပြား ၁၅၄၀၀၀၀ ပြား၊ ဘိန်းဖြူဆပ်ပြာခွက် ၁၄၀ ခွက်၊ ဆေးပြားရေတွက်စက် ၂ လုံး၊ အမှုန့်ကြိတ်စက် ၁ လုံး၊ DAF-XF အမျိုးအစား ၈ ဘီးခေါင်းတွဲယာဉ် ၁ စီး၊ တစ်ပါအမျိုးအစား ၁၀ ဘီးယာဉ် ၁ စီး၊

NISSAN အမျိုးအစား၂၂ ဘီးယာဉ် ၁ စီး၊ တစ်ပါအမျိုးအစား ၂ ကရောင်း ၆ ဘီးယာဉ် ၁ စီး CHENGLONG အမျိုးအစား ၂ ကရောင်း ၆ ဘီးယာဉ် ၁ စီး၊ အက်ဆစ်ကော်ပေပါအပြာ ၁၂၆ လုံး၊ အက်ဆစ်သံပေပါအပြာ ၂၄ လုံး၊ ဂက်စ်အိုး ၁၆၀ လုံး၊ အမျိုးအစားစိစစ်ဆဲ အဖြူရောင်ကုန်ကြမ်းမှုန့် ၃၃ အိတ်၊ အရိုးမီးသွေးအိတ် ၂၅ အိတ်နှင့် ၅ ဂါလံဆံ့အက်ဆစ်ပုံး ၁၆ ပုံးတို့အား အသီးသီး ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်များ၊ ငွေကျပ် ၃၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်းနှင့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။Source;peiplemedia

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: