Leave a comment

အိုင်စီဂျေအမှုအတွက် ငွေတောင်းခံမှုအပေါ် တပ်ကိုယ်စားလှယ် မေးခွန်းထုတ်

2020-05-25
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး နိုင်လင်းအောင်ကို ၂၀၂၀၊ မေ ၂၂ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး နိုင်လင်းအောင်ကို ၂၀၂၀၊ မေ ၂၂ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်

ဓာတ်ပုံ – ပြည်ထောင်စုလွှတ်တော်

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့အတွက် ကုန်ကျစရိတ် ကျပ်သန်းပေါင်း ၆၈၀ ကို ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ချပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ရှိ ကျင်းပနေတဲ့ ၁၆-ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြတောင်းခံထားပါတယ်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး နိုင်လင်းအောင်က ဒီလိုတောင်းခံတာဟာ ဥပဒေနဲ့ညီညွတ်ရဲ့လားဆိုပြီး မေလ ၂၂ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မေးခွန်းထုတ်ခဲ့တာပါ။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းရဲ့မူနဲ့ အခြေခံသဘောအပါအဝင်၊ ရငွေ၊ သုံးငွေတွေနဲ့ ပတ်သက်ပြီး မေလ ၂၂ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်အမတ် ၁၈ ဦး ဝိုင်းဝန်းဆွေးနွေးစဉ်မှာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး နိုင်လင်းအောင်က မေးခွန်းထုတ် ဆွေးနွေးခဲ့တာပါ။

ဒီလိုတောင်းခံမှုတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်း သူက ထောက်ပြဆွေးနွေးသွားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် သယ်ယူပို့ဆောင်စားရိတ်၊ အပြည်ပြည်ဆိုင်ရာ တရားရုံးအိုင်စီဂျေမှာ၊ ဂမ်ဘီယာက မြန်မာအပေါ် တရားစွဲဆိုထားမှုကို ရင်ဆိုင်ဖြေရှင်းတဲ့အခါ သုံးစွဲခဲ့တဲ့ ကုန်ကျစရိတ်အပါအဝင် အိုင်စီဂျေနဲ့ဆက်စပ်ပြီး နောက်ထပ်ဆောင်ရွက်ဖို့ ကျန်ရှိတဲ့လုပ်ငန်းတွေအတွက် စုစုပေါင်း လိုငွေ ကျပ်သန်းပေါင်း ၆၈၀ ကို ဖြည့်စွက်ခွင့်ပြုငွေအဖြစ် လွှတ်တော်ကို တင်ပြတောင်းခံထားတာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖြည့်စွက်ရန်ပုံငွေတောင်းခံမှုနဲ့ ဒီအပေါ် တပ်မတော်သား ကိုယ်စားလှယ်ရဲ့ ကန့်ကွက်မေးခွန်းထုတ်မှုတွေနဲ့ ပတ်သက်ပြီး၊ တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကို RFA-က ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဝန်ကြီးဌာနအသီးသီးက တင်ပြလာတဲ့အသုံးစရိတ်တွေကို စီမံဘဏ္ဍာဝန်ကြီးဌာနကစိစစ်ပြီးနောက် ဒုသမ္မတ(၁) ဦးဆောင်တဲ့အဖွဲ့က ထပ်မံစိစစ်ပြီးမှသာ ဘဏ္ဍာရေးကော်မရှင်ထံ တင်ပြရပါတယ်။

အဲဒီနောက် ဘဏ္ဍာရေးကော်မရှင်က အတည်ပြုချက်ကို လွှတ်တော်ငွေစာရင်း ပူးပေါင်းကော်မတီက ထပ်မံစိစစ်ကာ လွှတ်တော်ကိုတင်ပြတောင်းခံရတာ ဖြစ်ပါတယ်။

အခု ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုရငွေက ကျပ်ငွေ ဘီလျံ နှစ်သောင်းခုနှစ်ထောင်ကျော်ဖြစ်ပြီး၊ သုံးစွဲငွေက ကျပ်ငွေ ဘီလျံ သုံးသောင်းလေးထောင်ကျော် ရှိပါတယ်။

ဒီအတွက် အစိုးရအဖွဲ့မှာ ကျပ်ငွေ ဘီလျံ ခြောက်ထောင်ကျော် လိုငွေပြနေပြီး၊ အဲဒီအထဲကမှ မဖြစ်မနေသုံးစွဲရမယ့် ကျပ်ငွေ ဘီလျံ နှစ်ထောင့်ခြောက်ရာခြောက်ဆယ်ကျော် (၂၆၆၀.၉၈၇) ကို၊ လက်ရှိကျင်းပနေတဲ့ ၁၆-ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တောင်းခံထာပြီး၊ ဒီကိစ္စအပေါ် လွှတ်တော်အမတ်တွေက ဝိုင်းဝန်းဆွေးနွေးနေတာဖြစ်ပါတယ်။

https://www.rfa.org/burmese/news/questioned-by-military-mp-on-charges-for-icj-case-05252020064732.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

<span>%d</span> bloggers like this: