Leave a comment

ဝန်ကြီးချုပ်ဦးနု၏ အမေရိကန်ပြည်ထောင်စု ခရီးစဥ်

အမေ့ခံအတိတ်

ဝန်ကြီးချုပ်ဦးနု၏ အမေရိကန်ပြည်ထောင်စု ခရီးစဥ်
ဝါရှင်တန်သို့ ရောက်ရှိလာသော ဦးနုအား ဒုသမ္မတ နစ်ဆင်မှ ကြိုဆိုစဥ်။ (နောက်တွင် ပက်ထရစ်ရှာနစ်ဆင်၊ ဒေါ်မြရီ၊ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဖော်စတာဒဲလက်စ်နှင့် ဦးသန့်တို့ကို မြင်နိုင်ပါသည်။)

ဝါရှင်တန်သို့ ရောက်ရှိလာသော ဦးနုအား ဒုသမ္မတ နစ်ဆင်မှ ကြိုဆိုစဥ်။ (နောက်တွင် ပက်ထရစ်ရှာနစ်ဆင်၊ ဒေါ်မြရီ၊ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဖော်စတာဒဲလက်စ်နှင့် ဦးသန့်တို့ကို မြင်နိုင်ပါသည်။)
ဦးနုနှင့် ဦးသန့်တို့ အိမ်ဖြူတော်တွင် သမ္မတ အိုက်စင်ဟောင်ဝါနှင့် တွေ့ဆုံစဥ်။

ဦးနုနှင့် ဦးသန့်တို့ အိမ်ဖြူတော်တွင် သမ္မတ အိုက်စင်ဟောင်ဝါနှင့် တွေ့ဆုံစဥ်။
ဦးနု၊ ဦးသန့်၊ ဒေါ်မြရီနှင့် မစ္စအိုင်လင်းဘယ်ရင်တန်တို့ကို နယူးယောက် ယန်ကီးစ် ဘေ့စ်ဘောပွဲတွင် တွေ့ရပုံ။

ဦးနု၊ ဦးသန့်၊ ဒေါ်မြရီနှင့် မစ္စအိုင်လင်းဘယ်ရင်တန်တို့ကို နယူးယောက် ယန်ကီးစ် ဘေ့စ်ဘောပွဲတွင် တွေ့ရပုံ။
"The Man Who Knew Too Much" ရုပ်ရှင်ရိုက်ကွင်းတွင် ဒါရိုက်တာ အဲဖရက်ဟစ်ချ်ကော့၊ မင်းသမီး ဒေါရစ်ဒေး၊ ဂျင်မီစတူးဝပ်တို့နှင် စကားလက်ဆုံကျနေသော ဦးနု။

“The Man Who Knew Too Much” ရုပ်ရှင်ရိုက်ကွင်းတွင် ဒါရိုက်တာ အဲဖရက်ဟစ်ချ်ကော့၊ မင်းသမီး ဒေါရစ်ဒေး၊ ဂျင်မီစတူးဝပ်တို့နှင် စကားလက်ဆုံကျနေသော ဦးနု။
အရီဇိုးနားပြည်နယ်၊ ဂရန်းကန်ယွန်တွင် အမေရိကန် တိုင်းရင်းသား ဟိုပီလူမျိုးများနှင့် ခေါင်းဆောင်ပိုတို့နှင့် တွေ့ဆုံနေသော ဦးနုနှင့် အဖွဲ့။

အရီဇိုးနားပြည်နယ်၊ ဂရန်းကန်ယွန်တွင် အမေရိကန် တိုင်းရင်းသား ဟိုပီလူမျိုးများနှင့် ခေါင်းဆောင်ပိုတို့နှင့် တွေ့ဆုံနေသော ဦးနုနှင့် အဖွဲ့။
ကုလသမဂ္ဂရောက် ဦးနု။

ကုလသမဂ္ဂရောက် ဦးနု။
၂၄ ဇွန် ၁၉၅၅ – ၁၆ ဇူလိုင်
၁၉၅၅ဝန်ကြီးချုပ်ဦးနု၏ အမေရိကန်ပြည်ထောင်စု ခရီးစဥ်

room United States

people ဦးနု U Thant John Foster Dulles President Dwight Eisenhower

ဝန်ကြီးချုပ် ဦးနု အမေရိကန် ပြည်ထောင်စုသို့ တရားဝင် သွားရောက်ခဲ့သည်။ ၁၉၅၅ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့ထိ သုံးပတ်ကျော် ကြာမြင့်ခဲ့သည့် ခရီးစဉ်အတွင်း ဝါရှင်တန်ဒီစီ၊ နယူးယောက်၊ အန်းအာဘာ (မီချီဂန်တက္ကသိုလ်)၊ နော့စ်ဗီးလ် (တန်နက်ဆီ)၊ ဆန်ဖရန်စစ္စကို၊ လော့အန်ဂျလိစ်နှင့် ဂရန်းကန်ယွန် (အရီဇိုးနား) သို့ သွားရောက် လည်ပတ်ခဲ့သည်။ ဝန်ကြီးချုပ်နှင့် အတူ ဇနီး ဒေါ်မြရီ၊ ဦးသန့် (ထိုစဉ်က ဝန်ကြီးချုပ်ရုံး အတွင်းဝန်)၊ ကာနယ်လွင် (နောင်တွင် စစ်ထောက်လှမ်းရေး ခေါင်းဆောင်)နှင့် အမေရိကန်နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဂျိမ်းစ်ဘယ်ရင်တန် (နောင်တွင် မြန်မာနိုင်ငံ နိုင်ငံခြားရေး အတွင်းဝန်) နှင့် ဇနီးဖြစ်သူ မစ္စအိုင်လင်းဘယ်ရင်တန်တို့ လိုက်ပါခဲ့သည်။

ထိုစဉ်က မြန်မာအစိုးရသည်  ဘက်မလိုက် ကြားနေ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးရန် ကြိုးပမ်းနေခဲ့သည်။ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကူမင်တန်တပ်များကို အမေရိကန်တို့က အထောက်အပံ့ ပေးသဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမာလာနေခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် မြန်မာတို့က အမေရိကန်ဘက်မှ အကူအညီ အထောက်အပံ့ လက်ခံခြင်းကို ရပ်ဆိုင်းလိုက်၏။ ခရီးစဉ်၏ ရည်ရွယ်ချက်တစ်ခုမှာ အချို့သော အနောက်နိုင်ငံများ စိုးရိမ်နေကြသကဲ့သို့ မြန်မာနိုင်ငံသည် ကွန်မြူနစ်အုပ်စုနှင့် ပေါင်းမည်မှာ မဟုတ်ကြောင်းကို ပြသလိုခြင်း ဖြစ်၏။

အတော်ပင် ထူးခြားစိတ်လှုပ်ရှားဖွယ်စရာ ကောင်းသည့် ရက်သတ္တပတ် သုံးပတ် ဖြစ်ခဲ့၏။ စစ်အေးတိုက်ပွဲ အရှိန်အမြင့်ဆုံးကာလ၌ လက်ရှိကမ္ဘာပေါ်တွင် အချမ်းသာဆုံး နိုင်ငံ အမေရိကန် ပြည်ထောင်စုကြီးတွင် ရှိနေရခြင်းကြောင့် ဖြစ်၏။

ဝါရှင်တန်၌ ဦးနုနှင့် ဦးသန့်တို့သည် သမ္မတ ဒွိုက်အိုက်စင်ဟောင်ဝါ (Dwight Eisenhower) နှင့် တွေ့ဆုံခဲ့ကာ ဒုတိယကမ္ဘာစစ် အတွင်း မြန်မာနိုင်ငံတွင် ဂျပန်တို့ကို တိုက်ခိုက်ရင်း ကျခဲ့သည့် အမေရိကန် စစ်သားများ၏ သားသမီးများကို ထောက်ပံ့ရန် ဒေါ်လာ ၅၀၀၀ တန်ဖိုးရှိ ချက်လက်မှတ် တစ်စောင်ကို ပေးအပ်ခဲ့သည်။ ဟောလိဝုဒ်တွင် The Man Who Knew Too Much ရိုက်ကွင်း၌ အဲဖရက် ဟစ်ချ်ကော့ (Alfred Hitcock) နှင့်လည်း တွေ့ခဲ့ကြသေးသည်။

ဤခရီးစဥ်နှင့် ပတ်သက်ပြီး သန့်မြင့်ဦး၏ The River of Lost Footsteps စာအုပ်မှ ရေးသားထားချက်ကို အောက်တွင် ဖော်ပြလိုက်ပါသည်။

“ထိုနှစ် နွေရာသီတွင် ဦးနုနှင့် ဦးသန့်တို့သည် ပထမဆုံး အကြိမ် အမေရိကန် ပြည်ထောင်စုသို့ ရောက်သွားခဲ့ကြသည်။ အန်နာဟိုင် (Annaheim) တွင် ဒစ်စနီလန်း ကစားကွင်း စတင်ဖွင့်လှစ်သောနှစ် ဖြစ်သည်။ ရုပ်ရှင်မင်းသားကြီး မာလွန်ဘရန်ဒိုလည်း On the Waterfront ဇာတ်ကားဖြင့် အော်စကာဆု ရရှိပြီး I Love Lucy ငါးခုမြောက် ဇာတ်လမ်းတွဲ လွှင့်ချိန်လည်း ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် အဘက်ဘက်တွင် ထိပ်ဆုံး ရောက်ရှိနေပြီး စစ်အေးတိုက်ပွဲ အရှိန်အဟုန် အမြင့်မားဆုံး ဖြစ်နေချိန်လည်း ဖြစ်သည်။ သမ္မတ အိုက်စင်ဟောင်ဝါနှင့် တွေ့ဆုံသောအခါ ဦးနုသည် ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာနိုင်ငံတွင် ကျဆုံးခဲ့သည့် အမေရိကန် စစ်သားများ၏ မိသားစုများကို ထောက်ပံ့သည့် အနေဖြင့် ဒေါ်လာ ၅၀၀၀ တန် ချက်လက်မှတ်ကို မဟာမိတ် စစ်ဦးစီးချုပ် လက်ထဲသို့ ပေးအပ်ခဲ့သည်။ “မြန်မာနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့သည် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားကာ တူညီသော မိစ္ဆာများကို ရင်ဆိုင်နေကြရသည်” ဟု ပါးနပ်စွာ ဆိုခဲ့သည်။ ပေကျင်းတွင် ဥက္ကဌကြီး မော်ကို ပြောခဲ့သကဲ့သို့ “အမေရိကန်တို့သည် ရဲရင့်ပြီး ရက်ရောသူများ” ဟု ဝါရှင်တန်ရှိ ဧည့်ပရိသတ်များကိုလည်း ပြန်ပြောင်း ပြောပြခဲ့သည်။ အမျိုးသားစာနယ်ဇင်း အသင်းနှင့် တွေ့သောအခါ ဂျော့ဝါရှင်တန်၏ မိန့်ခွန်းမှ ရှုပ်ထွေးပွေလီသည့် နိုင်ငံခြား ဆက်ဆံရေးများကို ရှောင်ရှားသင့်သည် ဟူသည့် စကားကို ကိုးကားကာ ဦးနုသည် မိမိ၏ ဘက်မလိုက် ကြားနေရေး မျှော်မှန်းချက်ကို ရှင်းပြခဲ့သည်။ မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတိုသည် ဒီမိုကရေစီ စနစ် ရှင်သန်နိုင်ရေး အတွက် တန်းတူညီမျှ ကတိကဝတ်ပြုကြောင်း အလေးအနက် ဆိုခဲ့သည်။

            ထိုမှဆက်၍ ဖီလာဒယ်ဖီယားပြည်နယ်၊ အန်နာပိုလစ်ရှိ အမေရိကန် ရေတပ် သင်တန်းကျောင်းနှင့် လွတ်လပ်ရေး ခန်းမဆောင်တို့ကို သွားရောက် ကြည့်ရှုကာ အနောက်အရပ်သို့ ခရီးဆက်ခဲ့သည်။ ကယ်လီဖိုးနီးယား ပြည်နယ်၊ ပက်ဆာဒီနာတွင် သူကိုယ်တိုင် ရေးသားထားသည့် “လူထုအောင်သံ” ပြဇာတ်ကို ကပြဖျော်ဖြေသည်ကို ကြည့်ရှုခဲ့ရသည်။ အင်အားကြီးနိုင်ငံတွင် တွေ့မြင်ခဲ့ရသမျှကို သူရော၊ မိမိ၏ အဖိုးပါ အတော်ပင် အားပါးတရ ရှိခဲ့သည်။ ဖို့ကားစက်ရုံတွင် တစ်မိနစ်မျှပင် မကြာဘဲ ကားတစ်စီးကို တပ်ဆင်နိုင်မှုကို အဆန်းတကြယ် ဖြစ်ခဲ့ကြသည်။ တန်နက်ဆီပြည်နယ် နော့စ်ဗီးလ်တွင် တည်းခိုခန်းငယ် တစ်ခုမှ စားပွဲထိုးက သူ့တွင် ကားနှစ်စီး ရှိကြောင်း၊ ကိုယ်တိုင်သုံးရန် တစ်စီး၊ ဇနီး သုံးရန် တစ်စီး ဖြစ်ကြောင်း၊ မိမိ၏ လခမှာ မြန်မာဝန်ကြီးချုပ်ထက်ပင် များကြောင်း ပြောပြသည်ကို အံ့သြဘနန်း ဖြစ်ခဲ့ကြသည်။ ဦးနု နှစ်ထောင်းအားရ အဖြစ်ခဲ့ဆုံးမှာ အမေရိကန်တို့၏ သဒ္ဓါတရား ထက်သန်မှု ဖြစ်သည်။ ဆန်ဖရန်စစ္စကိုမြို့ရှိ မာ့ခ်ဟော့ပ်ကင်း ဟိုတယ်တွင် ဆံသဆရာက သူသည် သူ၏ ဘုရားကျောင်း အတွက် အလှူငွေ ဒေါ်လာ ၆၅,၀၀၀ ရှာဖွေကာ လှူနိုင်ခဲ့ကြောင်း ပြောပြခဲ့သည်။ ဤသည်ကို ဦးနုလည်း သဒ္ဓါတရား ဖြစ်ကာ မိမိ၏ ကိုယ်ပိုင်ပိုက်ဆံထဲမှ ဒေါ်လာ ၁၀၀ ကို ထိုဘုရားကျောင်းသို့ပင် လှူဒါန်းခဲ့သေးသည်။”

ပထမပုံတွင် ဦးနုနှင့် အဖွဲ့ကို မီချီဂန်တက္ကသိုလ်ရှိ မြန်မာကျောင်းသားများနှင့် အတူ တွေ့ရပုံ ဖြစ်ပါသည်။ ထိုစဉ်က မီချီဂန်ရှိ အစိုးရပညာတော်သင်များတွင် အင်ဂျင်နီယာ ကျောင်းသား တင်မြင့်ဦး(နောင်တွင် ဦးသန့်၏ သားမက်၊ သန့်မြင့်ဦး၏ ဖခင် ဖြစ်လာသူ)လည်း ပါဝင်ပြီး ၁၉၅၃ ခုနစ်တွင် ရန်ကုန်တက္ကသိုလ်မှ ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။ (ဒုတိယတန်းတွင် ထိုင်နေသူများ အနက် ဝဲဘက်အစွန်မှ ဒုတိယမြောက် ဖြစ်ပါသည်။)

သမိုင်းဝင် ဓါတ်ပုံများကို ဝေမျှပါသော ဦးကြံတိုင်းအောင်ကို ကျေးဇူးတင်ရှိပါသည်။

ပြည်တွင်းပြည်ပ ၁၉ ၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

<span>%d</span> bloggers like this: