ကျန်းမာရေး

Dysuria ဆီးခဏခဏအောင့်​ရောဂါ

Dysuria ဆီးခဏခဏအောင့်လို့ပါရှင် (ကန်တော့ပါ) ကျွန်မက အသက် ၃၁ နှစ် ထဲမှာပါ။ အိမ်ထောင်ကျတာ ၄ နှစ် ရှိပါတယ်။ ဒီဝေဒနာကို အိမ်ထောင်မကျခင်ကတည်းက ခံစားရတာပါ။ ခဏခဏဆီးကျင်ပါတယ်။ အဲ့လို ဖြစ်ရင် ဆီးစပ်ကလဲ အောင့်ပါတယ်။ ဆောင့်ကြောင့် ထိုင်မိလို့ ချက်ချင်း ပြန်ထရင် ဆီးစပ်က မခံမရပ်နိုင်အောင် အောင့်ပါတယ်။ ဆီးသွားတဲ့အခါလဲ အင်္ဂါစပ်က လိုလို အထဲကလိုလို ပူသလိုလို စူးသလိုလို ဘယ်လိုကြီးမှန်းကို မသိပါဘူး ခံစားရပါတယ်။ အလုပ်ကနေလဲ ခွင့်ခဏခဏယူရပါတယ်။ ဆေးခန်း သွားပြတိုင်း သူတို့က ပိုးဝင်တယ်လို့ ပြောပါတယ်။ Antibiotic တွေ သောက်ရပါတယ်။ သက်သာတဲ့အခါ ရှိသလို မသက်သာတဲ့ အခါလဲရှိပါတယ်။ နေပူထဲသွားရင်လဲ ဆီးကျင်ပါတယ်။ ရေလဲ သူများထက်ကို ပိုသောက်ပါတယ်။ […]

အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ လူအများစုကနေပူထဲက ပြန်လာပြီးရုတ်တရက် ရေချိုးလိုက်တာတို့ ၊မျက်နှာသစ် လိုက်တာတို့ လို့ ထင်နေကြတယ်။ ရုတ်တရက် သတိလစ် အသက်ရှူရပ်သွားတယ်ပေါ့။ တကယ်တမ်းတော့ အဲ့ဒါဟာအပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသောဖြစ်ရပ်သာဖြစ်တယ်။ ပူရာနေ ရုတ်တရက် အေးသွားတာကြောင့်အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။ သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်ချက်ချင်း မြန်မြန် နှလုံးခုန်အောင်ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။ အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။ တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့ ဒီလို မသက်သာပါဘူး။ ဆေးရုံမှာ အကြာကြီးခံရပြီးမှသေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။ အပူလျှပ်ခြင်း အစစ်ကတော့ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီးမမျှတလို့ […]

ဒိန်ချဉ် အကျိုးကျေးဇူး အမျိုးသားတွေ သေချာဖတ်

        ကျန်းမာရေးအတွက် ဒိန်ချဉ်တစ်ခွက် (၁) အမေရိကန်ပြည်ထောင်စုတွင် စမ်းသပ်ချက်များအရ၊ အမျိုးသမီးများ အစာအစားပြီးတိုင်း ဒိန်ချဉ်တစ်ခွက် သောက် သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲရှိ parathyroid ဟိုမုန်းစိမ့်ထွက် စေကာ၊ ခန္ဓာကိုယ်ထဲရှိ မလိုလားအပ် သော အဆီဓာတ်များ လောင်ကျွမ်းကာဗိုက် ချပ်စေ ကြောင်း၊ မကော င်းသော LDL ကိုလက်စထရောကို ကျစေပြီး၊ ကောင်းသော HDL ကိုလက်စထရော ကို မြှင့်တ င်ပေး ကြောင်း၊ ဒိန်ချဉ်ထဲတွင် ပါရှိသော ဘက်တီရီးယား များသည် အမျိုးသမီးများ ယောနိကို သန့် စင်ပေးပြီး၊ ယောနိအင်္ဂါ မှိုစွဲခြင်း/အဖြူ ဆင်း၍ ယားယံခြင်း မှလည်း ကာကွယ်ပေးကြောင်း၊ ထို့ ပြင် အမျိုးသမီးများ ဓမ္မတာလာစဉ် ဒိန်ချဉ်သောက်ခြင်းဖြင့် ကိုက်ခဲနာကျင် မှုဝေဒနာများ […]

ရုတ်တရက် နှလုံးရပ်ခြင်း (Cardiac Arrest) အကြောင်း သိကောင်းစရာ

Cardiac Arrest ဆိုသည်မှာ နှလုံးခုန်ရပ်သွားပြီး ကိုယ်ခန္ဓာကိုယ် တစ်ခုလုံးသို့ ပို့ဆောင်နေသော သွေးများအား ရပ်သွားပြီး အောက်ဆီဂျင်မရတော့ခြင်း အား ဆိုလိုခြင်းဖြစ်ပါသည်။ များသောအားဖြင့် Cardiac Arrest ရသည့်အခါတွင် ရုတ်တရက် လဲကျ သတိလစ်သွားပြီး အသက်ရှူခြင်း ပုံမှန် မရှိတော့ပဲ ခေါ်မရပြုမရ ဖြစ်ခြင်းဖြစ်ပေါ်လေ့ ရှိပါသည်။ ထိုကဲ့သို့ဖြစ်ပေါ်ပါက လူနာအတွက် အရေးပေါ်အခြေအနေဖြစ်ပါသည်။ ထိုအခါတွင် ရှေးဦးအသက်ကယ် ပြုစုနီးဖြင့် လူနာ၏ အသက်အားကယ်တင်ရပါသည်။ လိုအပ်သော မိဘပြည်သူများအတွက် ကျန်းမာရေးဗဟုသုတများရရှိအောင် Share လုပ်ပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပါသည်။ အဘယ့်ကြောင့် Cardiac Arrest ဖြစ်ပေါ်သနည်း။ Cardiac Arrest အများဆုံး ဖြစ်ပေါ်စေသော အကြောင်းအရင်းမှာ နှလုံးအား ယခင်က ထိခိုက်စေသော အကြောင်းအရင်းများအား မကုသပဲ ကြာလာသည့်အခါတွင် […]

ကမ္ဘာ့ပထမဆုံး လူ့ ဦးခေါင်း အစားထိုး လဲလှယ်မှု အောင်မြင်

  ကမ္ဘာ့ပထမဆုံး လူ့ ဦးခေါင်း အစားထိုး လဲလှယ်မှုအောင်မြင် အဓိကပန်းတိုင်ကတော့ ဦးခေါင်းအစားထိုး လဲလှယ်မှု မဟုတ်ဘဲ ဦးနှောက်အစားထိုး လဲလှယ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အီတလီမှ နာမည်ကျော် ခွဲစိတ်အထူးကု ဆာဂျီယို ကာနာဗီရိုဟာ သမိုင်းမှာ ပထမဆုံး လူသား ဦးခေါင်း အစားထိုး လဲလှယ်ပေးနိုင်တဲ့ ဆရာဝန်အဖြစ် မှတ်တမ်းတင်တော့မှာပါ။ ဒေါက်တာကာနာဗီရိုနဲ့ အတူ ဟာဗင်းဆေးတက္ကသိုလ်မှ တရုတ်လူမျိုးဒေါက်တာ ရှောင်ပင်းရန်လည်း သမိုင်းဝင်ခွဲစိတ်မှုမှာ ပါဝင်ခဲ့ပြီး ဒီခွဲစိတ်မှုဟာ စုစုပေါင်း ၁၈ နာရီကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာကာနာဗီရိုဟာ သေပြီးသား အလောင်းဆီမှ ဦးခေါင်းကို ယူပြီး သူ့ လူနာရဲ့ ကိုယ်ခန္ဓာနဲ့ ချိတ်ဆက်ပေးခဲ့တာ ဖြစ်တယ်လို့ ကြေငြာခဲ့တာပါ။ […]

မြွေကိုက်​ခံရလျှင်​ ​မြွေရနိုင်​ တပါတည်း ​ဆေးရုံကို ယူသွားပါ။ (ဖြစ်​​အောင်​ဖတ်​ပါ)

မနေ့ ညနေက မြွေဟောက်ကိုက်လို့ လူနာတစ်ယောက် လာတယ်။ မြွေကိုရိုက်သတ်ပြီး လယ်ထဲမှာ ထားခဲ့တယ်။ ရောက်တော့ အဆိပ်တက်တဲ့ လက္ခဏာမရှိသေးဘူး။ မြွေကဘယ်လိုပုံစံလဲဆိုတော့ သေချာမပြောနိုင်ဘူး။ မြွေဟောက်ဆိုတော့ အဆိပ်တက်တဲ့ လက္ခဏာပြတဲ့ အထိ စောင့်လို့လည်း မဖြစ်တော့ မြွေဆိပ်ဖြေဆေး (polyvalent)၄ လုံးထိုးတယ်။ ဆေးထိုးနေရင်း အသက်ရှူကျပ်တယ်၊ မောတယ်၊ မျက်နှာကြီးလေးလာတယ်ဖြစ်ရော။ ဆေးမတည့်လို့လား၊ အဆိပ်ပဲပြန့်လို့လား ခွဲခြားရတော်တော် ခက်တယ်။ ဒါနဲ့မြွေပြန်ယူခိုင်းတော့ ၁နာရီခွဲလောက်ကြာတယ်။ ပြန်ရောက်လာတော့ မြွေဟောက်မှ အစစ်ပဲဗျာ။ ဒါနဲ့ စိတ်မချလို့ မြွေဆိပ်ဖြေဆေး ၄ လုံးထပ်ထိုးပြီး လိုအပ်ရင် လိုအပ်တာကို ချက်ချင်းလုပ်ပေးနိုင်မယ့် ကျောင်းကုန်းဆေးရုံကို ကိုယ့်ကားနဲ့ကိုယ် ကိုယ်တိုင်မောင်းပြီး ပို့ပေးခဲ့ရတယ်။ ပြောချင်တာက လူနာသည် ဆေးရုံ အချိန်မှီ လာတယ်။ ဒါကြောင့် အသက်ကို ကယ်လိုက်နိုင်တယ်။ […]

သင်မထင်ထားတဲ့ ခန္ဓာကိုယ်ရှိ အညစ်ပတ်ဆုံး အစိတ်အပိုင်း ၉ခု

By : May Thariphi   Knowledges သင့်ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အစိတ်အပိုင်းတွေထဲမှာ ဘယ်အစိတ်အပိုင်းက အညစ်ပတ်ဆုံးလို့ ထင်ပါသလဲ ။ အများစုကတော့ စအိုလို့ ထင်ကြေးပေးကြပါတယ် ။ဒီလို အဖြေဟာ မှားတယ်ဆိုတာကို လ့လာမှုတစ်ခုက ပာလိုက်ပါတယ် ။ ဟားဗတ်တက္ကသိုလ် ၊  သွားဘက်ဆိုင်ရာ ဆးသုတသနအဖွဲ့ရဲ့ လ့လာချက်အရ အမျိုးအစားပေါင်း ၆၁၅ကျော်တဲ့ အလွန်သေးငယ်သော ဘတ်တီးရီးယားပိုးတွေဟာ ပါးစပ်၊ လျှာ နဲ့ တခြားအစိတ်အပိုင်းတွေမှာ တွ့ရှိရပါတယ်တဲ့ ။ ကဲ..ကျွန်ုပ်တို့ ကိုယ်ခန္ဓာပေါ်မှာရှိတဲ့ အညစ်ပတ်ဆုံး အစိတ်အပိုင်းတွေကို ဖ်ာပြပေးလိုက်ပါမယ် ။ (၁)ပါးစပ် ပါးစပ်ဟာ ကိုယ်ခန္ဓာမှာရှိတဲ့ အစိတ်အပိုင်းတွေထဲ အညစ်ပါတ်ဆုံလို့ ပညာရှင်တွေက ပာပါတယ် ။ ပါးစပ်အတွင်းမှာ မိုက်ခရိုစကုပ်နဲ့ကြည့်မှ မင်နိုင်တဲ့ အမျိုးပေါင်း ၆၀၀ကျော်တဲ့ […]