ခရစ်ယာန်ဘာသာ

ဘာသာရေးခေါင်းစီးတပ်အကြမ်းဖက်ခြင်း၊အမုန်းပွားခြင်း (သို့မဟုတ်) မိုးပေါ်ကို ပက်လက် လှန် တံတွေး ထွေး သလိုပဲ၊

ငြိမ်းချမ်းအေး| December 16, 2014  “အလ္လာဟ် အရှင်မြတ်မှ တပါး ကိုးကွယ်ရာ အခြားမရှိ၊ မုဟမ္မဒ် သည် ဘုရားသခင် ၏ တမန်တော် ဖြစ်သည်” စတဲ့ ဘာသာရေး စာ ဆက် စပ် ခေါင်းစီးတင် အကြမ်းဖက်မှု တခုခု ကျူးလွန်ရင် “အကြမ်းဖက် ရာဇဝတ်မှု” ပဲ၊ “ဘာသာတရား ခေါင်းစဉ်” အောက် မှာ မရှိဘူး ရယ်လို့ အတော် ပြောရ ခက်ပါတယ်။  အထူးသဖြင့် နိုင်ငံတကာရေးရာ၊ သမိုင်း၊ ဘာသာတရားတွေရဲ့ နောက်ခံ စတဲ့ သီးသန့် ပညာရပ် နယ်ပယ်တွေ ကို စိတ်ဝင်တစား လေ့လာမှု အားနည်းတဲ့ လူသာမန် လူအများ အတွက် ပိုလို့ ခက်ပါတယ်၊ အမြင်စောင်း […]

ကက်သလစ် သာသနာ မြန်မာနိုင်ငံ သို့ ရောက် ရှိခြင်း နှစ် ၅၀၀ ပြည့်ပွဲ ကျင်းပ မည်

ရန်ပိုင်| November 18, 2014 မြန်မာနိုင်ငံသို့ ကက်သလစ် ခရစ်ယာန်သာသနာ ရောက်ရှိ အခြေချခြင်း နှစ် ၅၀၀ ပြည့်အထိမ်းအမှတ်ပွဲတော်ကို လာမည့် နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ စိန့်မေရီကာသီဒြယ် ဘုရားကျောင်းတွင် ကျင်းပမည်ဖြစ်သည်။ လွန်ခဲ့သည့် ၁၆ ရာစုခန့်က အိန္ဒိယသမုဒ္ဒရာအတွင်း စွန့်စားသွားလာကာ ကူးသန်း ရောင်းဝယ်နေသည့် ဥရောပတောင်ပိုင်းသား ပေါ်တူဂီ   လူမျိုးများနှင့်အတူ ဗရင်ဂျီ ခေါ် ကက်သလစ် ခရစ်ယာန်သာသနာ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထို နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကို မူလက  ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လာရောက် ချီးမြှင့်ရန် ရှိသော်လည်း ယခု အခါ လာရောက်နိုင်ခြင်း မရှိတော့ဟု […]

ခရစ်ယာန်အမျိုးသားနှင့်လက်ထပ်မိ၍ သေဒဏ်ချ မှတ် ခံ ရ သူ

ခရစ်ယာန်အမျိုးသားနှင့် လက်ထပ်မိ၍ သေဒဏ်ချမှတ်ခံရသူ ကလေးမိခင်ကို ပြန်လွှတ်ပေးရန် ဆူဒန်အစိုးရအား ဗြိတိန်ဝန်ကြီးချုပ် တိုက်တွန်း  Saturday, May 31, 2014 လန်ဒန် လန်ဒန်- အစ္စလာမ်ဘာသာမှ နုတ်ထွက်ကာ ခရစ်ယာန်အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့သည့်အတွက် ကလေးမိခင်တစ်ဦးအား သေဒဏ်ချမှတ်ထားခြင်းကို ပြန်လွှတ်ပေးရန် ဗြိတိန် ဝန်ကြီး ချုပ်   ဒေးဗစ်ကင်မရွန်းက တိုက်တွန်းလိုက်သည်။ ဒေးဗစ်ကင်မရွန်းက ၎င်းတို့သည် ဆူဒန်အာဏာပိုင်များက မစ္စစ်မာရီယမ် ယာယာအီဘရာဟင် အီရှက်အား ပြုမူဆက်ဆံပုံကြောင့် တုန်လှုပ်ချောက်ချား မိကြောင်း ဆိုသည်။ အီဘရာဟင် သည် ဖခင်ဖြစ်သူမှာ မွတ်စလင်ဖြစ်ပြီး ခရစ်ယာန်ဖြစ်သူခင်ပွန်းသည်နှင့်လက်ထပ်ပြီး ဘာသာကိုစွန့်ပယ်ခဲ့မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။ ၎င်းသည် ထောင်ဒဏ်ကျခံချိန်တွင် ကိုယ် ဝန်နှင့်ဖြစ်ရာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် အကျဉ်းထောင်ထဲ၌ပင် ကလေးမီးဖွားခဲ့သည်။ ‘‘ဘာသာရေးလွတ်လပ်ခွင့်ဟာ လုံးဝအခြေခံကျတဲ့ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ […]

ကက်သလစ်အသင်းတော်မှ ကန့်ကွက်သော်လည်းး ဖွားနှုန်းထိန်းချုပ်ရေး ဥပဒေအား ဖိလစ်ပိုင်တရားရုံး အတည်ပြု

Posted: 08 Apr 2014 ဧပြီ ၈ ၊ ၂၀၁၄ M-Media – နိုင်ငံအတွင်းရှိ ခရစ်ယာန် ကက်သလစ်အသင်းတော်က ကန့်ကွက်နေသော်လည်း အငြင်းပွားဖွယ် ကလေးမွေးဖွားနှုန်း ထိန်းချုပ်မှုဥပဒေကို ဖိလစ်ပိုင် တရားရုံးချုပ်က ယနေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။ ထောက်ခံသူများက ထိုဥပဒေမှာ ဆင်းရဲမွဲတေနေသည့် သန်းပေါင်းများစွာသော ဖိလစ်ပိုင်နိုင်ငံသားများ၏ ဘ၀ကို ပြောင်းလဲပေး လိ့မ်မည်ဟု ပြောဆိုနေကြသည်။ တရားရုံးချုပ် ပြောရေးဆိုခွင့်ရှိသူ သီယိုဒိုရီက ထိုဥပဒေမှာ အခြေခံဥပဒေအား ဆန့်ကျင်ခြင်း မရှိဟုဆိုသည်။ ထို့ပြင် ထိုဥပဒေအား ကန့်ကွက်ရန် ခရစ်ယာန်အဖွဲ့များမှ အစိုးရထံ တင်သွင်းထားသည့် အသနားခံစာ တစ်ဒါဇင်ကျော်ကိုလည်း ချေဖျက် ပစ်လိုက်ခြင်းဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ အဆိုပါဥပဒေအား အတည်ပြုလိုက်ခြင်းကြောင့် မွေးဖွားနှုန်း ကန့်သန့်ထိန်းချုပ်ရန်တွက် ကျန်းမာရေးဝန်ထမ်းများမှာ ကွန်ဒုံးများ၊ […]

ကိုးကွယ်ခြင်းနှင့် ဘာသာတရား (၂) ။ (Religion and Buddhism)

အပိုင်း ၂ ဒီနေ့ ကမ္ဘာမှာ အလွန် ထင်ရှားတဲ့ ကိုးကွယ်ရာ ဘာသာကြီး လေးခုဖြစ်တဲ့ (၁) ဟိန္ဒူ ဘာသာ (၂) ဗုဒ္ဓ ဘာသာ (၃) ခရစ်ယန် ဘာသာ(၄) အစ္စလမ် ဘာသာ တို့အနက် ဘာသာတရား အားလုံးလိုလိုဟာ အရှေ့တိုင်း မှာပဲ ပေါ်ပေါက် ခဲ့ကြပါတယ်။ အနောက် တိုင်းမှာ ဘယ်သာသာတရားမှ စတင်မမွေး ဖွားခဲ့ပါဘူး။ အခြားကိုးကွယ်တဲ့ ဘာသာတွေကတော့ ဂျိန်းဘာသာ၊ ဆစ်ခ်ဘာသာ၊ ဂျူးဘာသာ တို့ကိုပါ ရေတွက်မယ်ဆိုရင်တော့ ဘာသာအယူဝါဒက (၄)မျိုး မကပါအထင်ရှားဆုံး ကိုးကွယ်ကြ တာကတော့ ဒီဘာသာကြီး လေးခုပါပဲ။ ၁။ Hinduism actually has no single founder. ဟိန္ဒူဘာသာကို-တည်ထောင်သူနှင့် တည်ထောင်တဲ့ […]

ယုံကြည်သူခရစ်ယာန်မှာ တရားဆိုတာရှိပါလား? – စောပက်ထရစ်

ယုံကြည်သူခရစ်ယာန်မှာ တရားဆိုတာရှိပါလား? – စောပက်ထရစ် Friday, 03 August 2012 03:50 စောပက်ထရစ် တရားတော် ယုံကြည်သူခရစ်ယာန်မှာ တရားဆိုတာရှိပါလား? တခြားဘာသာတွေမှာပဲ ရှိတယ်လို့ သိကြပါတယ်။ တကယ်တော့ မိမိအသက်တာ လမ်းခရီးမှာ လမ်းမမှားရအောင် တရားတော်ကို သိဖို့၊ လိုက်နာဖို့ အရေးကြီး ပါတယ်။ နှုတ်ကပတ် တရားတော်၌ မွေ့လျော်သောသူရဲ့ အသက်တာမှာ စိတ်ပျက်စရာအကြောင်း ဘယ်တော့မှမရှိနိုင်ပါ။ ကျမ်းပိုဒ် , Bible Verse စိတ်နှလုံးဖြူစင် သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကိုမြင်ရကြလတံ့။ (မဿဲ ၅း၈) ထာဝရအသက် Eternal Life – ဆရာစောပက်ထရစ် ဒေသနာCategory: General/Spiritual ၀ိညာဉ်ရေးရာ။     ။ ထာဝရအသက် Eternal Life […]

ခရစ်ယာန်သမ္မာဟောင်းကျမ်းထဲက သား တရား စီရင်ခန်း

ဘီစီ တစ်ထောင်ခန့်က အီစ္စရေးလူမျိုးတွေကို အုပ်ချုပ်ခဲ့တဲ့ ရှောလမုန် (King Solomon) မင်းကြီး လက်ထက် ဖြစ်ပါတယ်။ ပြည့်တန်ဆာမ နှစ်ယောက်ဟာ တစ်အိမ်ထဲမှာ နေပြီး ကလေးမွေးကြတယ်။ တစ်ယောက်သောသူဟာ ညအိပ်နေချိန် ကလေးကို ဖိနင်းမိပြီး မွေးကင်းစ ကလေးလေး ဆုံးသွားတော့ သူ့ကလေးကို အခြားတစ်ယောက်သောသူရဲ့ ကလေး အရှင်နဲ့ တိတ်တစိတ် လှဲလှယ်ထားလိုက်တယ်။ ကလေး အရှင်ရဲ့မိခင် မနက်နိုးလာပြီး သူ့သားကို နို့တိုက်မယ် လုပ်တော့ ကလေးလေးက အသေကောင် ဖြစ်နေတယ်။ ကောင်းကောင်း ကြည့်လိုက်တော့ သူ့သား မဟုတ်မှန်း သိသွားတယ်။ သူ့သား အရှင်ကိုတော့ သူ့ တအိမ်ထဲနေ မိတ်ဆွေ အမျိုးသမီးရဲ့ရင်ခွင် မှာ တွေ့လိုက်တယ်။ ဒီတော့… သား အသေ နဲ့ အရှင် […]