ဗုဒ္ဓဘာသာ

e Book download လုပ်​ရန်

  အရမ်း ကို Smart ကျတဲ့ Links ..တွေပါ မာတိကာ သို့မဟုတ် ရှာဖွေရန် (အပေါ်ပိုင်း တွင် အမျိုးအစားလိုက်ရှာနိုင်ပြီး အောက်ပိုင်းတွင် အမည်အတိုင်း ကမှ အ အထိ ရှာနိုင်ပါသည်။) အမျိုးအစားအလိုက်ရှာရန် ဘာသာပြန်စာအုပ်များ is.gd/n4j7eL သမိုင်းစာအုပ်များ is.gd/B1PIZQ မြန်မာစွယ်စုံကျမ်း၊စာပေကျမ်း၊စာတမ်း၊ကျောက်စာစာအုပ်များ is.gd/4K4SFK စာပေဟောပြောပွဲ mp3 ဖိုင်အပုဒ်( ၁၀၀ကျော် ) is.gd/SWF4Vb အထွေထွေသုတစာအုပ်များ is.gd/MxlUeR) ဖက်ရှင်ဒီဇိုင်းစာအုပ်များ is.gd/Efh2iD လှို့ဝှက်သဲဖို၊စုံထောက်စာအုပ်များ is.gd/OyQcO0 ဘာသာစကားဆိုင်ရာ စာအုပ်များ is.gd/xEB8ac ဗေဒင် (၈ အုပ်) is.gd/Jils6L ကျမ်းမာရေးစာအုပ်များ is.gd/THEuKy သိုင်းဝတ္ထုများ is.gd/X2xMoP ဥပဒေဆိုင်ရာ စာအုပ်များ is.gd/BwrUZ0 တောတွင်း-မုဆိုး-စွန့်စားခန်းစာအုပ်များ is.gd/nGU0qh စီးပွားရေး […]

ငလျင် လှုပ် ခတ်မှု ကြောင့် ဘုရား စေတီ ထီးတော် အချို့ ​မြေခခြင်းနှင့် အက် ကွဲ ကြောင်း ​နောက် ဆက် တွဲ သတင်း ​​​များ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ဘုရားစေတီအချို့ ထီးတော်မြေခခြင်းနှင့် အက်ကွဲ ကြောင်းများ ဖြစ်ပေါ်ကြောင်း ထပ်မံသတင်းရရှိ မုံရွာ  ၂၀၁၆ ဧပြီ  ၁၄ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတစ်နေရာကို ဗဟိုပြုပြီး ဧပြီလ ၁၃ရက်နေ့ည (၀၈း၂၅) နာရီတွင် (၆.၈) ရစ်ချ စကေး အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ် မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အချို့တွင် ဘုရား ကျောင်း ကန်များမှ စေတီပုထိုးအချို့ ထီးတော်မြေခ ခြင်းနှင့် ကွဲအက်ခြင်း များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ယင်းမာပင်ခရိုင် ကနီ မြို့နယ် ကင်းကျေးရွာ အုပ်စု၊ အထက်ကင်းကျေးရွာ မှ ရွှေမုဌောစေတီ ထီးတော် ယိုင်ခြင်း၊ ခုံကြီးကျေးရွာအုပ်စု၊ မြောင်းကုန်းကျေးရွာမှ မင်းကုန်းဆုတောင်းပြည့်စေတီ စိန်ဖူးတော်မြေခ ဘုရားရင်ပြင်အက် […]

ဆရာတော် အသျှင် ဦး ဥတ္တမ ​ ရဲ့မြန်​မာ့​ခေါင်း​ဆောင်​ အ​ပေါ် ထားရှိ​​သောေ​ကာင်းတဲ့ အမြင်

ဆရာတော် အသျှင် ဦး ဥတ္တမ ဆရာတော် အသျှင် ဦး ဥတ္တမ ​ ရဲ့မြန်​မာ့​ခေါင်း​ဆောင်​ အ​ပေါ် ထားရှိ​​သောေ​ကာင်းတဲ့ အမြင်​ ****  ဗုဒ္ဓဘာသာနိုင်ငံမှာ ခရစ်ယာန်တစ်ယောက် ကို ဒု.သမ္မတတင်တာ မဖြစ်သင့်ဘူးဘုရား တဲ့။  ****    ဒါက  ဒကာရဲ့အမြင်ပေါ့။ ကိုယ့်အသိဥာဏ်၊ ကိုယ့် ခံယူချက်အပေါ်မူတည်ပြီးအမြင်တွေကတော့ ကွဲပြား နေကြမှာပဲ။ဒီမိုကရေစီနိုင်ငံဆိုတာ  အာဏာရှင် အုပ်ချုပ်တာမဟုတ်ဘူး ဒကာရဲ့။ ကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုတာ အာဏာရှင်ပဲရှိတယ်။ နှစ်ပေါင်း ၆၀ လောက်မြန်မာပြည်ကိုအုပ်ချုပ်ခဲ့တာ  ဗုဒ္ဓ ဘာသာ အမည်ခံပြီး ဗုဒ္ဓဘာသာနဲ့ တိုင်းသူပြည်သားတွေကို စနစ်တကျ ဖျက်ဆီးခဲ့တာ ဘယ်သူတွေ ဆိုတာ ပြောပြစရာမလိုပါဘူး။     အဓိကအချက်က  ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့တင် မဟုတ် ဘူး။ဗုဒ္ဓအဆုံး အမတွေကို […]

ရသေ့ကြီး နဲ့ ပြည့်တန်ဆာမလေး

  တစ်ခါ က သာဝတ္တိမြို့ အစွန့် တောစပ်မှာ ရသေ့ကြီးတစ်ပါးတဲလေးထိုးပြီး သတင်း သုံး တရားကျင့်နေလေတယ်။ များမကြာမှီအဲဒီရသေ့ကြီးကျောင်းသင်္ခန်းနဲ့ မနီးမဝေးမှာပြည့်တန်ဆာမလေး တစ် ယောက်ဟာ တဲလေးထိုးပြီး လာနေလေ တယ်။ ရသေ့ကြီးကျောင်း သင်္ခန်းက နေမြင် နေရတဲ့နေရာလောက်မှာပါ။အဲလိုပဲပြည့်တန် ဆာမ တဲက ကြည့် ရင်လည်း ရသေ့ကြီး ကျောင်းသင်္ခန်းကိုမြင့်နေရတာပေါ့ ။ မနက်တိုင်း သူမ က ရသေ့ကြီးကို ဦးချ ကန်တော့တယ်။ နောက်တော့ ရသေ့ကြီးက ပြည့်တန်ဆာမဆီအမျိုးသား တစ်ယောက် လာတိုင်း ကျောက်ခဲလေး တစ်လုံးကောက် ထားတယ်။ အဲလို နဲ့ အဲဒီ ကျောက်ခဲလေးတွေကကျောက်ပုံလေး ဖြစ်လာတယ် ။ ရသေ့ကြီးကနေ့တိုင်းတွေးတယ်။ အော် ဒီကလေးမ နှယ် ငါ့ကျောင်းသင်္ခန်းနားမှာမှလာပြီး တဲထိုးရတယ်လို့ ကွာ […]

ဂျွန်းဗလီဝင်ထဲမှာနေတဲ့ဗုဒ္ဓဘာသာဝင် အပါကြီး အကြောင်း

အပါကြီး ချန်ရစ်ခဲ့တဲ့အမွေ.. အပါကြီးဟာ မန္တလေးမြို့ ဂျွန်းဗလီပိုင် လေလ္လာဝင်းထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (60)ကတည်းက နေထိုင်လာခဲ့တဲ့ ဗုဒ္ဓဘာသာဝင်စစ်စစ် တစ်ယောက်ဖြစ်ပါတယ်။ သူ ဘယ်လိုလုပ်ပြီး လေလ္လာဝင်းထဲ ရောက်လာခဲ့တယ် ဆိုတာကိုတော့ သေချာ မသိခဲ့ပါ။ ကျနော် ကလေးဘ၀တုန်းက သူ့ဆိုင်မှာ အကြော် ကောက်ညှင်းပေါင်းတွေ စားခဲ့တာကိုတော့ မှတ်မိနေပါသေးတယ်။ အမြဲတမ်း အပိုပေးလေ့ရှိတဲ့ အပါကြီးကို ကျနော် အလွန်ပဲ ချစ်ခင်မိခဲ့ပါတယ်။ ဒီနေ့ အပါကြီးရဲ့ အသုဘမှာ အပါကြီးရဲ့ ငယ်ပေါင်းတစ်ယောက်နဲ့ ဆုံခဲ့ရပြီး သူပြောပြလို့ အပါကြီးအကြောင်း အနည်းငယ်သိခွင့် ရခဲ့ပါတယ်။ အပါကြီးဟာ မြင်းခြံ ခရိုင် နဘူးအိုင် မှ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း(60) အပါကြီး 23နစ် အရွယ် လေလာဝင်းက မွတ်စလင် ဦးဘထူး […]

လု့ပါးစပ်​ဆိုတာ …

အပြစ်ပြောခံရမှာကြောက်ရင် ဘာမှမလုပ်ဘဲ နေမှဖြစ်မယ်။ ဒါတောင်မှ ဘာမှမလုပ်ဘူးဆိုပြီး အပြောခံရအုံးမှာ မဟုတ်လား။ အလုပ်လုပ်တဲ့သူကတော့ အပြောခံရမှာပဲ။ လူ့ပါးစပ်ဆိုတာ အကောင်းလည်းပြော၊ မကောင်းလည်း ပြောတတ်ကြတာပဲလေ။ ဘယ်လိုပဲ ပြောပါစေ ကိုယ့်ဘက်က မပြောင်းလဲဖို့ပဲ အရေးကြီးတယ်။ လူ့သဘောက တည့်ရင် အကောင်းပြောမယ်။ မတည့်ရင် အစောင်းပြောမယ်။ ချစ်ရင် အပြစ်မကြည့်ဘူး၊ မုန်းရင် အပြုံးမရှိဘူး။ အဆင်ပြေရင် ဆင်ခြေပေးပြီးကာကွယ်ပေးမယ်။ အဆင်မပြေရင် အထင်သေးပြီး မညှာဘေးဖယ်မယ်။ ဒါဟာ ပြောင်းလဲတတ်တဲ့ ပုထုဇဉ်လူသားတွေရဲ့ သဘာဝပဲ။ ဒါကြောင့် အချစ်ပြောလို့လည်း မသာယာနဲ့။ အပြစ်ပြောလို့လည်း မခါပါနဲ့။ အကောင်းပြောခံရရင် သတိအားယူ၊ အစောင်းပြောခံရရင် စိတ်အင်အားယူ။ စကားဆိုတာ ခံစားပြီး ပူနေရမှာမဟုတ်သလို ပြန်ကြားပြီး ငူနေရမှာလည်း မဟုတ်ဘူး။ မမြဲတဲ့ ပညတ်အသံလို့သာ သဘောထား ကိုယ့်အလုပ်ကိုယ်ကြိုးစားဖို့ပါပဲ။ […]

ဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မူခြင်းနှင့် ပံ့သကူ ၀က်ပျိုသားဟင်း ဆက်စပ်မှု

ဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မူခြင်းနှင့် ပံ့သကူ ၀က်ပျိုသား ဟင်း ဆက်စပ်မှု ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူတာဟာ အသားဟင်းရဲ့ ပယောဂ မကင်းဘူးဆိုတာနဲ့ ပတ်သက်ပြီး အနည်းငယ် ရှင်းလင်းပြောပြချင်ပါတယ်။ ဘုရားရှင် နောက်ဆုံး ဘုဉ်းပေးတော်မူတာဟာ ပန်းထိမ်သည်ရဲ့သား စုန္ဒရဲ့ ပံ့သကူ ၀က်ပျိုသားဟင်းပါ။ ဘုရားရှင် ပရိနိဗ္ဗာန်ပြု တော်မူတာဟာ အကြောင်းရင်း အမျိုးမျိုးရှိပါတယ်။ အဲဒါတွေကတော့ – (၁) လူ့သက်တမ်း တိုတဲ့အချိန်မှာ ပွင့်တော်မူပြီး သက်တမ်းတော်ပြည့်ပြီ ဖြစ်တာက တစ်ကြောင်း၊ (၂) သာသနာတော်ကို ဆက်လက် ထိန်းသိမ်းစောင့် ရှောက်မယ့် ပရိတ်သတ်လေးပါး စုံညီပြီဖြစ်တာက တစ်ကြောင်း၊ (၃) ဘုရားရှင် ကိုယ်တော်တိုင် ချေချွတ်ရမယ့် သတ္တ၀ါ ကုန်ပြီ ဖြစ်တာကတစ်ကြောင်း၊ (၄) နောက်ဆုံး ကျန်တဲ့ ၀ဋ်ကြွေးတော်ဖြစ်တဲ့ – ဘ၀တစ်ခုမှာ […]