မျက်မှောက်ရေးရာ

တိုင်တန်းနစ်သင်္ဘောကြီးကို ပြန်စီးလို့ရပြီ

11.02.2016 သင်္ဘောလက်မှတ်ဈေးနှုန်းတွေကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ Badge Me play    ပထမဆုံးရေချစဉ်မှာပဲ နစ်မြှပ်ခဲ့ရတဲ့ တိုင်တန်းနစ်သင်္ဘောကြီးနဲ့ တစ်ပုံစံတည်းတူတဲ့ Titanic II ကို မကြာခင်စီးနိုင်တော့မှာ ဖြစ်ပါတယ်။ Daily Mail ရဲ့ဖော်ပြချက်အရ Titanic II ကို Blue Line Star ရေကြောင်းကုမ္ပဏီက ပြုလုပ်နေတာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က နစ်မြှပ်ခဲ့တဲ့ သင်္ဘောကြီးနဲ့ အတတ်နိုင်ဆုံး တစ်ပုံစံတည်းတူအောင်ပြုလုပ်ထားပါတယ်။ play play   ယခင်သင်္ဘောကြီးအတိုင်း ဧည့်ခန်းတွေ၊ အများဆိုင်နေရာတွေမှာ ခေတ်မီစက်ပစ္စည်းကိရိယာတွေကို မြင်ရမှာ မဟုတ်ပါဘူး။ အထဲပိုင်းအပြင်အဆင်တွေကို ရှေးခေတ်ပုံစံအတိုင်းပြုလုပ်ထားပါတယ်။ play play   စီးတဲ့လူတွေကို ပထမတိုင်တန်းနစ်သင်္ဘောကြီးခေတ်က အဝတ်အစားတွေ ဝတ်ဆင်နိုင်အောင်လည်း စီစဉ်ထားပေးမယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေတယ်လို့ […]

အင်္ဂလိပ်ခေတ် ရန်ကုန်မြို့ တည်ဆောက်ပုံ သမိုင်းနှင့် ရှေးဟောင်းစေတီ ပုထိုးများ ပျောက်ကွယ် သွားရခြင်း အကြောင်း

  အာဘော်/ဆောင်းပါး — 01 August 2013 ယခု လက်ရှိမြင်ရသောပုံမှာ B.R. PEARN ရေးသားသည့် History of Rangoon စာအုပ်တွင် ပါရှိသော ၁၈၂၄ ခုနှစ်တွင် ရေးဆွဲ ထားခဲ့သည့် ရန်ကုန်မြို့လယ်ခေါင်ရှိ ရေပတ်လည် ဝိုင်းနေသည့် ဆူးလေစေတီတော်နှင့် အနီး ပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများ၏ ပုံပင် ဖြစ်ပါသည်။ ယနေ့ ရန်ကုန်ဟု ဖြစ်လာလတ္တံ့သော အရပ်ဒေသသည် ခိုင်မာသော သမိုင်းကြောင်းများ အရ အေဒီ ၆ ရာစုခန့်တွင် မွန်လူမျိုးများမှ တည်ထောင်ခဲ့ကြပြီး မူလ အမည်မှာ ဒဂုံ မြို့ဖြစ်သည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ သည် ၁၇၅၅ခုနှစ်တွင် မွန်လူမျိုးများအား အောင်မြင် ပြီးနောက် ရန်အပေါင်း ကုန်စင်သည့် အဓိပ္ပာယ်ဖြင့် […]

ဘင်္ဂလာဒေခ်ျ့စစ်တကောင်းဒေသမှဗုဒ္ဓဘာသာ ၀င် များ ရခိုင် ဘက် သို့ ဆက် လက် ပြောင်း ရွှေ့

မောင်အေး ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းဒေသမှ ဗုဒ္ဓဘာသာဝင် ရခိုင်မျိုးနွယ်စုများသည် အမြဲတန်း အခြေချနေထိုင်ရန် အတွက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ ဆက်လက်ပြောင်းရွေ့နေကြသည်ဟု သိရသည်။ လွန်ခဲသည့်အင်္ဂါနေ့ကလည်း လူပေါင်း ၃၀ ခန့် ရခိုင်ပြည်နယ်မောင်တောဘက်သို့ ပြောင်းရွေ့သွားကြောင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တက်ကနက်မြို့နယ် မြစ်နားရွာရွာသား မျက်မြင် တစ်ဦးက ပြောသည်။ “ ဒီလွန်ခဲ့တဲ့ အင်္ဂါနေ့ မနက် ၉ နာရီကျော်မှာ တစ်ဖွဲ့ မောင်တောဘက်ကို နတ်မြစ်ကို လှေနဲ့ ဖြတ်ကျော် ကူးသွားတယ်။ အဲဒီနေ့ဘဲ ညနေ ၃ နာရီကျော်မှာတဖွဲ့ ဆက်ကူးသွားကြတယ်။ သူတို့အားလုံး ကျွန်တော်တို့ရွာက လှေနဲ့ ကူးသွားကြတယ်” ဟု ဆိုသည်။ သူတို့မှာ စစ်တကောင်းတောင်တန်းဒေသ ဘင်ဒရာဘင်ခရိုင် တန်းဆိပ်မြို့နယ်အတွင်းမှ ကျေးရွာသား များ ဖြစ်ပြီး […]