သတင်းများ

(၇၂) မြောက် တပ်မတော်နေ့ DVB Debate မှာ ဗိုလ်ချုပ်နေဝင်းရဲ့ မြေး အေးနေဝင်း ဆွေးနွေးခဲ့တဲ့ ကောက်နှုတ်ချက်များ

(၇၂) မြောက် တပ်မတော်နေ့ ဂုဏ်ပြု အစီအစဉ် DVB Debate မှာ ဗမာ့တပ်မတော် ထည်ထောင်သူများထဲမှ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်နေဝင်းရဲ့ မြေး အေးနေဝင်း ပါဝင်ဆွေးနွေးခဲ့တဲ့ ကောက်နှုတ်ချက်များ …………….. တပ်မတော်မှာ ဗမာလူမျိုးတွေသာ ကြီးစိုးနေပြီး တိုင်းရင်းသေားတွေ အုပ်ချုပ်မှုနေရာများ အပေးမခံရဘူးဆိုတဲ့ အချက်ကို ဘယ်လိုမြင်ပါသလဲ ပကတိ အခြေအနေမှာ ဗမာတွေဟာ နိုင်ငံသားထဲမှာလည်း အများဆုံး၊ တပ်မတော်ထဲ စစ်မှုဝင်ထမ်းကြသူတွေထဲမှာလည်း အများဆုံးလူမျိုး ဖြစ်တာကြောင့် တပ်ခေါင်းဆောင်ပိုင်း နေရာကို ရောက်လာသူတွေမှာလည်း ဗမာတွေများနေတာ သဘာဝကျပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေကို နေရာမပေးဘူးဆိုပြီးတော့ တပ်မတော်မှာ လုပ်တာမကြားဖူးပါဘူး။ မွန်လူမျိုးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စန်းယု ဆိုရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အထိအောင် ဖြစ်ခဲ့ပါတယ်။ တိုင်းမှူး တပ်မမှူး အဆင့်မှာဆိုရင်လည်း […]

သင်္ချာမေးခွန်း မှားယွင်းမှု ကျောင်းသား/ သူတွေ နစ်နာမှု ရှိမည်မဟုတ်ဟု ပညာရေး ဒုဝန်ကြီး ပြော

မင်းမင်း  Wed, 03/15/2017 ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်း (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ) နေပြည်တော်(မတ်လ ၁၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာဘာသာရပ် မေးခွန်း (ပြည်တွင်း) တွင် အမှတ် ၂၄မှတ်ဖိုး မှားယွင်းခဲ့မှုကြောင့် ကျောင်းသား၊ ကျောင်းသူများ နစ်နာမှုရှိမည်မဟုတ်ဟု ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောဆိုလိုက်သည်။ “မပူနဲ့၊ မပူနဲ့။ နစ်နာမှုတို့ ဘာတို့ ဘယ်သူမှ မရှိဘူး” ဟု မတ်လ ၁၅ရက်၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး   ခေတ္တ ရပ်နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဦးဝင်းမော်ထွန်းက ဖြေကြားသည်။ “မှားတယ်၊ မှန်တယ်၊ ဘာလုပ်မယ်ဆိုတာ စာစစ်မှူးအဖွဲ့ရဲ့ အစီရင်ခံစာပေါ် မူတည်လိမ့်မယ်။ ဘယ်လိုမှားလည်း ဒါသိမှ ပြောလို့ရမယ်” ဟုလည်း ဦးဝင်းမော်ထွန်းက […]

နိုင်ငံတကာအနာဂတ်လူငယ်ခေါင်းဆောင်(၁ဝ) ဦးထဲတွင် ရိုဟင်ဂျာ အမျိုးသမီး မဝေဝေနု(ma wai wai nu) ပါဝင်

နိုင်ငံတကာအနာဂတ်လူငယ်ခေါင်းဆောင်(၁ဝ) ဦးထဲတွင် ရိုဟင်ဂျာ အမျိုးသမီး မဝေဝေနု(ma wai wai nu) ပါဝင် ကြောင်းTimes Magazine တွင် ဖော်ပြထား ၂၀၁၇ ခုနှစ်၊ မတ်လ ၃ ရက်နေ့ထုတ် အထင်ကရ Time Magazine မှာ နောင်တခေတ်မှာ ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်၁၀ ဦးတို့ရဲ့ အမည်တွေကို ဖော်ပြထားရာမှာ မြန်မာနိုင်ငံက မဝေဝေနုလည်း ပါဝင်ပါတယ်။ မဝေဝေနုဟာ ရခိုင်ပြည်နယ်ဇာတိ ရိုဟင်ဂျာအမျိုးသမီးတဦး ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထောင်မှလွတ်မြောက်ခဲ့ပြီးနောက်ပိုင်း Women Peace Network Arakan အဖွဲ့ တည်ထောင်သူ ဖြစ်သလို Justice for Women အဖွဲ့ကို ပူးတွဲမတည်ခဲ့သူလည်းဖြစ်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက အမျိုးသမီးငယ်တွေအတွက် ပညာသင်ကြားခွင့်နဲ့ ဥပဒေ ရေးရာတွေမှာ […]

မြန်မာလုပ်သား နှစ်ဦး အယူခံ သဖြင့် ပယ်ချ ခံရ မြန်မာ ခေါင်းဆောင် နှစ်ဦး စိတ် မကောင်း

မြန်မာလုပ်သားနှစ်ဦး ကို ထိုင်းအယူခံအောက်တရား ရုံးက သေဒဏ်အမိန့် ထပ်မံချ မှတ်သည့်အပေါ် နိုင်ငံတော် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ က စိတ်မကောင်းဖြစ်နေပြီး အဆင့်မြင့်တရားရုံးသို့ အယူခံ တင်ပြရန် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ညွှန်ကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောသည်။ ‘‘လိပ်ကျွန်းနဲ့ပတ်သက်ပြီး တော့ အတိုင်ပင်ခံရော၊ သမ္မတ ကြီးရော တော်တော်လေး စိတ် မကောင်းဖြစ်နေတယ်ပေါ့။ အဲဒီ အတွက် အစိုးရဘက်က တတ် နိုင်သလောက် ဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပါတယ်။ လိပ် ကျွန်းနဲ့ပတ်သက်ပြီး အရင်တုန်း က ကော်မတီဖွဲ့ထားတာရှိတယ်။ ထိုင်းရောက် မြန်မာတွေထဲက ဥပဒေ ကျွမ်းကျင်တဲ့သူတွေ၊ အလုပ်သမား အရေး ဆောင်ရွက် တဲ့သူတွေ ရှိတယ်။ […]

ကျောက်ဖြူ စနဲတွင် ၀က်ဝဲဥသွားတူးရာမှ ရခိုင်ရှေးဟောင်းငွေဒင်္ဂါးပြား ၄၀ ကျော်တွေ့ရှိ

ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ကံပြင်စုရပ်ကွက်တွင် အမျိုးသမီး တစ်ဦး ၀က်ဝဲဥ သွားတူးရာမှ ရှေးဟောင်း ငွေရခိုင်ဒင်္ဂါး (၄၁) ပြား ရရှိထားကြောင်း သတင်းရရှိသည်။ ကံပြင်စုရပ်ကွက်တွင်နေထိုင်သူ ဒေါ်မရွှေကြည်သည် ကံပြင်စုဘုန်းတော်ကြီးကျောင်းနောက်ဘက် သိမ်တောင်ကြီး   တောင် တွင် ၀က်ဝဲဥတူးရာမှ ရခိုင်ရှေးဟောင်းငွေဒင်္ဂါးပြား(၄၁)ပြားတွေ့ရှိခဲ့ခြင်း   ဖြစ်ကြောင်း ငွေဒင်္ဂါးရရှိထားသူ   ဒေါ်မရွှေကြည်၏ လင်ယောက်ျား ဦးမောင်ခင်ရွှေက သည်။ ‘‘ ကျနော့် အိမ်ရှင်မ တောင်ကိုသွားပြီး ၀က်ဝဲဥ တူးရာက ရခိုင်ရှေးဟောင်း ဒင်္ဂါးပြားတွေ့တာပါ။ ကျနော် ကြည့်ရ သလောက် ဒင်္ဂါးပြားက ပုံစံ(၄)မျိုးလောက်ပါတယ်။ တွေ့တာ တစ်လနီးပါးတောင်ရှိနေပြီ။ ကျနော့်အိမ်ရှင်မက ရခိုင်ရှေးဟောင်းဒင်္ဂါးလို့မသိဘူး။ နောက်မှ ကျနော်သိလို့ ကြည့်လိုက်တဲ့အခါမှ ရခိုင်စာပါတဲ့ ရှေးဟောင်း ဒင်္ဂါးပြားဖြစ်နေ တယ်။ အခုထိ […]

အောင်ဝင်းခိုင် ဘယ်သူလဲ February 16, 2017 ဖမ်းဆီးရမိထားတဲ့ လူသတ် တရားခံတွေကို စစ်ဆေး မေးမြန်းချက်တွေ အရ ဦးကိုနီ လုပ်ကြံမှုကို ခိုင်းစေသူဟာ ဒုတိယ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်လို့ သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့ ပါတယ်။ ဒုတိယ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဟာ အခု ရဲက ဖမ်းဆီး စစ်ဆေး နေတဲ့ လူသတ်သမား ဦးကြည်လင်းနဲ့ ဦးအောင်ဝင်းဇော် တို့ကို ခိုင်းစေခဲ့သူလို့ သမ္မတရုံးက ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သူဟာ ဖမ်းဆီးထားတဲ့ ဦးအောင်ဝင်းဇော်ရဲ့ ညီလည်းဖြစ်ပါတယ်။ သူ့ကိုတော့ အခုထိ ဖမ်းမမိသေးဘဲ လွတ်မြောက်နေ ဆဲဖြစ်ပါတယ်။ ဒုတိယ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဟာ ဒီအက်စ်အေ အမှတ် စဉ် ၃၆ သင်တန်းဆင်း […]

Call for a Truly Independent Investigation into the Situation in Rakhine State

January 18, 2017. ရခိုင်ပြည်နယ်အတွင်းရှိ အခြေအနေအရပ်ရပ်ကို နားလည်သိရှိစေရန်၊ အမှန်တကယ်သီးခြား လွတ်လပ် သော စုံစမ်းစစ်ဆေးမှု တစ်ခုပြုလုပ်ရန် လိုအပ်ကြောင်း တာင်းဆိုခြင်း။ ဇန်န၀ါရီလ၊ (၁၈)ရက်နေ့ ၊ ၂၀၁၇ခုနှစ်။ There are several competing narratives attempting to explain the complicated situation of human rights and communal tensions in Rakhine State. ရခိုင်ပြည်နယ်အတွင်းတွင် လွန်စွာရှုပ်ထွေးလေးနက် သော လူ့ အခွင့်ရေးဆိုင်ရာ ပြဿနာများနှင့် စိုးရိမ်ပူပန် ရသော အခြေအနေတင်းမာမှုများစွာတို့ ကို ရှင်းလင်း တင်ပြနိုင်ရန် ကြိုးပမ်းသော သဘောထားအမြင် ကွဲပြား ခြားနားသည့် အခြေအနေလေ့လာသုံးသပ်ချက်များစွာ ရှိကြပါသည်။ […]