သူ့အကြောင်း

ထိုင်းဘုရင့် သမီးတော် သီရိဒုံကို ရင်နင့်စေသော ခမည်းတော် ဘုရင်ကြီး၏ ပေးစာ

ထိုင်းဘုရင် ဘူမိဘောလ်အဒူယာဒက် နတ်ရွာစံပြီးတဲ့နောက် ဘုရင်ကြီးနဲ့ပတ်သက်တဲ့ အမှတ်တရ ဓာတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေ၊ စာတွေ လူမှုကွန်ရက်မှာ အတော်များများ ရောက်လာပါတယ်။ အဲဒီထဲက laemgate ဆိုတဲ့ ဖေ့စ်ဘွတ်ခ်မျက်နှာမှာ တင်ထားတဲ့ ဘုရင်ကြီးမှ သမီးလတ်သီရိဒုံထံ လွန်ခဲ့တဲ့ ၁၂ နှစ်က ပေးပို့ခဲ့တဲ့ စာတစ်စောင်ဟာလည်း ရေပန်းစား လျက်ရှိပါတယ်။ အဲဒီစာဟာ အများပြည်သူအတွက် အကျိုးရှိစေခြင်းငှာ မင်းသမီးကိုယ်တိုင် ကောက်နုတ်ဖြန့်ဝေထားပြီး စာရဲ့အဆုံးမှာလည်း ဖတ်ပြီးတော့ ရင်ဆို့တယ်လို့ ဖော်ပြထားပါတယ်။ စာပါအကြောင်းအရာကို မြန်မာလို ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ်။ ဖေဖေ့သမီး ဒီမြေပေါ်မှာ အရာတိုင်းဟာ အမြဲဒွန်တွဲပြီး ဖြစ်လာတယ်။ မှောင်မည်းခြင်းနဲ့ လင်းထိန်ခြင်း  လိမ္မာခြင်းနဲ့ မိုက်မဲခြင်း မိမိနှစ်သက်ရာကို ရွေးချယ်ရစတမ်းဆိုရင် လူတိုင်းဟာ အလင်းရောင်ကိုသာ နှစ်သက်မယ်။ ကောင်းမွန်သောအရာကိုသာ နှစ်သက်မယ်။ ဒါပေမယ့် […]

မြန်​မာမွတ်​စလင်​ ဦး​ဖေခင်​ရဲ့ ကြိုးစားမှု​ကြောင့်​ ​အောင်​မြင်​ ခဲ့​သော ပင်​လုံညီလာခံ

သမိုင်းဝင် ပင်လုံစာချုပ်ကြိးကို ပြည်မ-တောင်တန်း ပူးပေါင်းရေးအတွက် ဦးဖေခင် (အီစ္စလာမ်ဘာသာဝင်၊ မြန်မာမွတ်ဆလင်)ရဲ့စွမ်းစတမံဆောင်ရွက်ပေးမှုကြောင့် (၁၂၊၂၊၁၉၄၇)ရက်မှာပဲ အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့တယ်။ သမိုင်းဝင် ပင်လုံ စာချုပ်ကြီးကို ပြည်မ-တောင်တန်း ပူးပေါင်းရေးအတွက် (၁၂၊၂၊၁၉၄၇)ရက်မှာပဲ အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အဲဒီလို ပင်လုံ စိတ်ဓာတ်နဲ့ တိုင်းရင်းသားအားလုံး ချစ်ကြည် ရင်းနှီးစွာ ပြည်မ-တောင်တန်း ပူးပေါင်းပြီး လွတ်လပ်ရေး အရယူဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဖဆပလ အဖွဲ့ချုပ်ကြီးက မားမားမတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ အဖွဲ့ချုပ်ကြီးရဲ့ လုပ်ငန်းတာဝန် အချို့ကို နောက်တန်းကနေ အပင်ပန်း အဆင်းရဲခံပြီး ဆောင်ရွက်ခဲ့သူ တစ်ဦးက ဦးဖေခင်(နောင်-သံအမတ်ကြီး) ဖြစ်ပါတယ်။ ဦးဖေခင်ရဲ့ စွမ်းဆောင်ရည်တွေကို လေ့လာကြရအောင်။ (၂၇၊၈၊၁၉၁၂) ရက် ဖွားမြင်ခဲ့တဲ့ ပျော်ဘွယ်မြို့နယ် ဇာတိ ကိုဖေခင်ဟာ ဖခင်ဖြစ်သူက ကန်ထရိုက်တာ […]

ရိုးသား ဖြူစင်​တဲ့ အမေရိကန် သမ္မတ အိုဘားမား

ပြည်သူပေးတဲ့ဆု ရိုးသား ဖြူစင်​တဲ့ အမေရိကန် သမ္မတ အိုဘားမား ဂုဏ်သိက္ခာကို အရမ်းတန်ဖိုးထားတယ်။ သူ့အုပ်ချုပ်ရေး အဖွဲ့ကို အကျင့်ပျက်ခြစားမှုတွေ မလုပ်နိုင်အောင် ထိန်း သိမ်း နိုင်ခဲ့တဲ့ သမ္မတဖြစ်နေတဲ့အတွက် ဂုဏ်ယူစရာ ကောင်း တယ်။ ရေဂင်နဲ့ ကလင်တန်တို့လက်ထက်မှာ အီရန်-ကွန်ထရာအရေးအခင်းရယ် လူဝင်းစကီးနဲ့ ဖောက် ပြန်မှုတွေ ပေါ်ပေါက်ခဲ့တာ မှတ်မိမယ်ထင်တယ်။ အိုဘားမား လက်ထက်မှာ ဒါမျိုးတွေ မရှိခဲ့ဘူး။ သူဟာ ကိုယ်တိုင်လည်း ရိုးသားဖြောင့်မတ်သလို၊ သူ့လုပ် ဖော်ကိုင်ဘက်အားလုံးကိုလည်း အရိုးသားဆုံး နေထိုင်နိုင် အောင် စည်းရုံးနိုင်ခဲ့လို့ လူတော်လို့ဆိုရမယ်။ သူ့လက် ထက် မှာ ဟီလာရီ ကလင်တန်ကို နိုင်ငံခြား ရေးဝန်ကြီး ခန့်ဖူးသေးတယ်။ သတင်းမီဒီယာတွေခေါ်ပြီး ပြဿနာ ခဏခဏရှင်းရတယ်။ အိုဘားမားမှာ ရှင်းစရာ ပြဿနာ […]

လက်ဝှေ့ကျော် မိုဟာမက် အလီ၏ ဈာပနကို ၎င်း၏ ဇာတိမြို့ တွင် ပြုလုပ်မည်

ဇွန် ၅၊ ၂၀၁၆ M-Media – သောကြာနေ့က ကွယ်လွန်သွားခဲ့တဲ့ ဟဲဗီးဝိတ် ချန်ပီယံ ဟောင်း လက်ဝှေ့ကျော် မိုဟာမက်အလီရဲ့ ဈာပန အခမ် အနား ကို သူမွေးဖွားရာ ကန်တာကီပြည်နယ် လူးဝစ်ဗီလီ မြို့ မှာ ကျင်းပသွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးက သူ့ကိုချစ် တဲ့ ပရိတ်သတ်တွေအားလုံးကို ဖိတ်ကြားတယ်လို့ ကျန်ရစ် သူ မိသားစုက ပြောကြားလိုက်ပါတယ်။ လှည့်လည်မှုတွေပါဝင်မယ့် အဲဒီအခမ်းအနားကို လာမယ့် တစ်ပတ် သောကြာနေ့မှာ ပြုလုပ်မှာဖြစ်ပြီး အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်က လက်ဝှေ့ ကျော်ကြီး ရဲ့ စွမ်းဆောင်မှုတွေနဲ့ပတ်သက်ပြီး ချီးကျူစကား ပြော သွား မှာဖြစ်ပါတယ်။ အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဟာမက်အလီဟာ ဟဲဗီးဝိတ်ချန်ပီယံ ၃ […]

ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုဟာမက်အလီ (၇၄)နှစ် ကွယ်လွန်

ဇွန် ၄ ၊ ၂၀၁၆ M-Media . ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ၃ ကြိမ် ဖြစ်ခဲ့တဲ့ အမေရိကန် လက်ဝှေ့ကျော် မိုဟာမက်အလီဟာ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါကြောင့် အမေရိကန်နိုင်ငံ ဖီးနစ်မြို့ ဆေးရုံတွင် ကုသမှု ခံနေရမှ  ဒီကနေ့မှာ ကွယ်လွန် သွားပြီဖြစ်ကြောင်း သိရပါတယ်။ . ၂၀၁၄ ခုနှစ်မှာတော့ သူဟာ အဆုတ်ယောင်ရောဂါ ခံစားခဲ့ရကာ ၂၀၁၅ ခုနှစ်မှာတော့ ဆီးလမ်းကြောင်း ဆိုင်ရာ ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှုတွေ ခံယူခဲ့ရပါတယ်။ . အမည်ပြောင် The Greatest နဲ့ ကျော်ကြားတဲ့ မိုဟာမက်အလီ ဟာ ၎င်းရဲ့ လက်ဝှေ့သက်တမ်းမှာ ကမ္ဘာ့ ချန်ပီယံ ၃ ကြိမ်ဖြစ်ခဲ့ပြီး ၅၆ ပွဲ […]

ပင်လုံစာချူပ် ချူပ်ဖို့ ဗိုလ်ချူပ်ကို ကားမောင်း ပို့ပေးခဲ့သူ တောင်ကြီး မြို့တော်ဝန်ဟောင်း ဦးခန်း ကွယ်လွန်

ဇွန် ၃၊ ၂၀၁၆ M-Media သီဟ ပင်လုံစာချုပ်ချုပ်ဆို မှုကို ကိုယ်တိုင်မျက်မြင် ကြုံတွေ့ ခဲ့သူ၊ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်းကို ကားမောင်းပို့ပေး ခဲ့သူ၊ ဗိုလ်ချုပ်၏ သူငယ်ချင်းတစ်ဦးဖြစ်သူ တောင်ကြီးမြို့တော်ဝန်ဟောင်း တောင်စွန္နီ ဂျာမေ့ဗလီ နာယကကြီးဖြစ်သူ ဦးခန်း(ခ)ဦးဖေရွတ်စ်ခါန်း ဒီကနေ့ ဇွန် ၃ ရက်နေ့ မနက် ၄:၃၀ တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရပါတယ်။ ဦးခန်းသည် ဗိုလ်ချုပ်အောင် ဆန်း ပင်လုံစာချုပ် လက်မှတ်ထိုး ရန် တောင်ကြီးမှ ပင်လုံသို့အသွား ကိုယ်တိုင် ကားမောင်းကာ လိုက် လံပို့ဆောင်ပေးခဲ့သူတစ်ဦးဖြစ်ပြီး ပင်လုံစာချုပ်ချုပ်ဆိုမှုကို ကိုယ်တိုင် မျက်မြင်ကြုံခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဗိုလ်ချုပ်နဲ့ တစ်နှစ်တည်း ၁၉၁၅ ခုနှစ်မှာမွေးတဲ့ ဦးခန်းကို တောင်ကြီးမြို့ ယခုမြို့မရပ်ကွက်၊ […]

ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်

အောင်ဆန်းလေးက(၃)နှစ်သား စကားက သိပ်မပွားတော့ ” အ” များ သွားမလား၊ မိဘများက စိုးရိမ်ခိုက် သူမကြိုက်တာတွေ့တော့ ဆင်းရဲသားဘက်က ရှေ့နေလိုက်တဲ့စကား ပြောချလိုက်ပုံများ……… ” အမရာ ရှိမှ ပေးနိုင်မှာပေါ့ဗျ ” တဲ့၊ ကြွေးတောင်းသူ မိခင်ဘက်က မပါဘဲ ဆင်းရဲသူကို စာနာတဲ့ အလွဲ ဒါဟာ သူ့ဗီဇပဲ။ လူပျိုပေါက်ရွယ် မောင်အောင်ဆန်း အပျိုဖြန်းရှိတဲ့အိမ်မှာ တည်းတော့ အရှက်ကဲပြီး ညရေးအပေါ့မသွားရဲ အိပ်မက်ထဲရောက်မှ ပေါက်ချ အိပ်ယာနဲ့အိမ်သာ လွဲတော့ ရွဲရွဲစိုလေရောပေါ့။ တက္ကသိုလ်ကျောင်းသားဘဝ Wuthering Heightsကို မဖတ်ဖူးဘဲ ကြားဖူးနားဝနဲ့ စာကိုစီ သဒ္ဓါပီတဲ့ သူ့အစွမ်းကြောင့် ချီးကျူးရ ဘိလပ်ကပါမောက္ခ၊ ဦးသောဘိတကျောင်းက မထွက် စိန်ပေါလ်က ထွက်သလား မှတ်ရတယ် သို့ပေမယ့် ဇါတ်လိုက်အမည်မယ် […]