အင်တာဗျူး

အန်​ဝါအီဗြာဟင်​ နဲ့ BBC အင်​တာဗျူး

ကိုယ့်ကို ထောင်ချခဲ့သူနဲ့ ဘာ့ကြောင့် လက်တွဲနိုင်ခဲ့လဲ မလေးရှား နိုင်ငံက အတိုက်အခံ ခေါင်းဆောင် အန်နဝါ အီဗရာဟင် ဟာ ထိန်းသိမ်း ခံထား ခဲ့ရာကနေ လွတ်မြောက် လာခဲ့ပါပြီ။ နောင် ၁ နှစ် ၂ နှစ် ကြာရင် အန်နဝါကို မလေးရှား ရဲ့ ဝန်ကြီးချုပ် ဖြစ်စေ ရမယ်ဆိုပြီးတော့ ၊ တကျော့ပြန် ဝန်ကြီးချုပ် အဖြစ် ရွေးကောက် ခံခဲ့ရတဲ့ မဟာသီယာ မိုဟာမက်က ကတိပေး ထားခဲ့တာပါ။ သူ့ကိုယ် ထောင်ချ ခဲ့သူ မဟာသီယာနဲ့ လက်တွဲဖို့ အန်နဝါ့ အနေနဲ့ ဘာ့ကြောင့် ဆုံးဖြတ် ခဲ့ရလဲ ဆိုတာကို ဘီဘီစီရဲ့ အရှေ့တောင် အာရှရေးရာ သတင်းထောက် ဂျွန်နသန် ဟက်ဒ်က […]

လူမျိုးဘာသာ မခွဲခြားဘဲ နိုင်ငံသားပေါ်မှာပဲ အခြေခံသင့်တယ်

လူမျိုးဘာသာ မခွဲခြားဘဲ နိုင်ငံသားပေါ်မှာပဲ အခြေခံသင့်တယ် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကျမတို့ ၂၅ ယောက်အဖွဲ့က အင်ဒိုနီးရှားကို သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။ အင်ဒိုနီးရှားက ကျွန်မနိုင်ငံနဲ့ တော်တော်လေးကို တူပါတယ်။ သူတို့မှာ လူမျိုး ၇၀၀ ကျော်ရှိတယ်။ ကျွန်မတို့မြန်မာနိုင်ငံကတော့ လူမျိုး ၁၃၅ မျိုးရှိတယ်။ အင်ဒိုနီးရှားမှာ လူမျိုးတွေကွဲနေပေမယ့် သူတို့က အင်ဒိုနီးရှားနိုင်ငံသားလို့ပဲ အသိအမှတ်ပြုတယ်။ နင်ကတော့ ကချင်၊ နင်က ဗမာဆိုပြီး လူမျိုးခွဲခြားတာ မရှိဘူး။ နင်ကတော့ မွတ်စလင်၊ နင်ကတော့ ခရစ်ယာန်ဘာသာဆိုပြီးတော့ ဘာသာရေးအပေါ်မှာလည်း အခြေမခံဘူး။ အခြေမခံတဲ့အခါကျတော့ သူတို့က အင်ဒိုနီးရှားနိုင်ငံသားဆိုတဲ့ စိတ်ဓာတ်နဲ့ စုစည်းပြီးတော့ အင်ဒိုနီးရှားမှာ ကျွန်းပေါင်းတစ်သောင်းသုံးတောင်ကျော် ရှိတဲ့ဟာကို သူတို့စုစည်းနိုင်တယ်။ ဘာလို့စုစည်းနိုင်သလဲဆိုရင် တိုင်းရင်းသားပေါ်မှာ အခြေမခံဘူး၊ ဘာသာရေးပေါ်မှာ အခြေမခံဘူး။ နိုင်ငံသား အပေါ်မှာပဲ […]

ဧရာဝတီမှ ​ရိုဟင်​ဂျာအ​ရေး ​အင်​တာဗျူး

https://m.facebook.com/story.php?story_fbid=949732598528900&id=185930221575812

မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေကိုယ်စားလှယ်သစ် နော်ဝေးနိုင်ငံသား Mr Knut Ostby အား တွေ့ဆုံမေးမြန်းခန်း

Frontier Myanmar မှ UN Myanmar chief: ‘If we start compromising our principles, then we risk undermining our own work’ ကိုဘာသာပြန်ပြီး ဖော်ပြအပ်ပါသည်။ “ကိုယ့်ရဲ့မူတွေကို စတင်ညှိုနှိုင်းပေးရတော့မယ်ဆိုရင် ကိုယ့်ရဲ့အလုပ်တွေကို ကိုယ့်ဖက်က လျော့တိလျော့ရဲ လုပ် ဖို့များသွားပီ။” . နိုဝင်ဘာလမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေကိုယ်စား လှယ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးမှူး  ကနေဒါနိုင်ငံသူ မစ္စ ရီနေတာ လွခ်-ဒါဆီလီယန် နေရာကို နော်ဝေးနိုင်ငံသား Mr Knut Ostby က အစားထိုး တာဝန်ယူခဲ့ပါတယ်။ . သူတာဝန် ယူပြီးချိန်ကစပြီး သူရဲ့ ပထမဆုံး မီဒီယာ အင်တာဗျူးတစ်ခုကို တင်ဆက်ခဲ့ရာမှာ […]

မြန်မာ့ဒီမိုကရေစီအလားအလာ နှင့် ရခိုင်အရေးယ (အပိုင်း ၁)

31 ဇန်နဝါရီ၊ 2018 အခုတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူ Derick Mitchell နဲ့ New York မြို့ Carnegie Center က Devin Stewart တို့ Bill Richardson ပြဿနာမတိုင်ခင် ပြုလုပ်ထားတဲ့ အမေးအဖြေ ပထမပိုင်းကို တင်ဆက်မှာ ဖြစ်ပါတယ်။ ဦးကျော်ဇံသာ က ဘာသာပြန်ဆိုပြီး ဦးစံမိုဝေနဲ့အတူ တင်ဆက်ထားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ နဲ့တက်လာ တဲ့ NLD အစိုးရ လက်ခံရရှိခဲ့တဲ့ အခြေအနေတွေကို Derick Mitchell က ရှင်းပြထားပါတယ်။ ဖြေ ။ ။ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  NLD ပါတီ […]

NLD စည်းကမ်း ထိမ်းသိမ်းရေး ဗဟိုအဖွဲ့ ခေါင်းဆောင်နဲ့ ဆက်သွယ် မေးမြန်းချက်

29 ဇန်နဝါရီ၊ 2018 မဆုမွန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစည်းကမ်း ထိန်းသိမ်း ရေး အဖွဲ့ခေါင်းဆောင်ဦးဉာဏ်ဝင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ က NLD ပါတီဝင် တွေ ပြည်သူတွေနဲ့ ဆက်ဆံရေးမပြေပြစ်တာ ဒီမိုကရေစီ မဆန်တာ စည်းကမ်းဖောက်ဖျက်တာ စသဖြင့်ပြည်သူ တွေ အပါအဝင် ပါတီဝင်အချင်းချင်းကပါ တိုင်ကြားမှု ရှိလာရင် NLD က ချမှတ်ထားတဲ့ ပါတီစည်းကမ်းတွေ ဖောက်ဖျက်မှု ရှိမရှိ စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ အရေးယူ သွားမှာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် နဲ့ ဦးဉာဏ်ဝင်းဦးဆောင်ပြီး ဦးဝင်းထိန် က အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ […]

“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်မှာလည်း ပိုက်ဘောကြီး လာမိနေတယ်”

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်၊ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း နှင့်တွေ့ဆုံခြင်း By သာလွန်ဇောင်းထက်(ခေတ်သစ်သတင်းအေဂျင်စီ) ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရသစ် လက်ထက်တွင် ARSA ဟုခေါ်သော ရိုဟင်ဂျာ လွတ်မြောက်ရေးတပ်မတော် ဆိုသော အကြမ်းဖက် အဖွဲ့အစည်း သစ်တစ်ရပ် ပေါ်ပေါက်လာပြီး အစိုးရကင်းစခန်းများကို ၀င်တိုက်ခြင်းဖြင့် ရခိုင်ဒေသမှ လူ့အဖွဲ့အစည်းနှစ်ခု အကြား ပြဿနာကို နိုင်ငံတကာ စာမျက်နှာသို့ ပို့ဆောင်လိုက်သည်။ သိန်းချီသော မွတ်စလင် များ နေရပ်စွန့်ခွာထွက်ပြေးမှု၊ လူမျိုးတုန်းသတ်ဖြတ်မှု ဆိုသော သတင်းများက မြန်မာနိုင်ငံနှင့် ပတ်သက်၍ နေ့စဉ် ကမ္ဘာ့သတင်းမီဒီယာများက ဖော်ပြေနေကြသည်။  ARSA က စတင်ခဲ့သော အကြမ်းဖက်လုပ်ရပ်ကြောင့် နောက်ဆက်တွဲ နေရပ်စွန့်ခွာ ထွက်ပြေးမှု များနှင့် ဆက်စပ်၍ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် […]