အစၥလာမ္ဘာသာ

“မင်းနှင့်လွှတ်တော်က ဆောက်လုပ်ခွင့် ပြုခဲ့သော ဗလီဝတ်ကျောင်းတော်များ”

“မင်းနှင့်လွှတ်တော်က ဆောက်လုပ်ခွင့် ပြုခဲ့သော ဗလီဝတ်ကျောင်းတော်များ”   အစ္စလာမ်ဘာသာဟာ ခရစ်ယာန် ဘာသာထက်စောပြီး  မြန်မာပြည်သို့ ရောက်ခဲ့တယ်။သူတို့ကို “ပန်းသေး” ” ပသီ” လို့ခေါ်ကြောင်းသိရတယ်။ပုဂံခေတ်ကျောက်စာတွေမှာ”ပန်းသိမ်” “ပဲသည်”လို့ရေးသားထားတာ တွေ့ရတဲ့အတွက် ပုဂံခေတ်ကတည်းက မွတ်စလင်မ်များ ရှိတယ်လို့ ယူဆ ရတယ်။ကုန်းဘောင်ခေတ်မှာ ကသည်းလူမျိုးများကို အက္ကပတ် လို့ခေါ်တယ်။မြန်မာ မွတ်စလင်မ် များကို ဇေတဗာရီလို့ခေါ်တယ်။ဇေတဗာရီ ရဲ့ အဓိပ္ပာယ်က လေအောက်နိုင်ငံ ဖြစ်တယ်။မုတ်သုန်လေအောက်ကျရောက်တဲ့ အာရှနိုင်ငံတွေကို ဆိုလိုခြင်းဖြစ်တယ်။   အေဒီ ၁၄ ရာစုမှာ မွတ်စလင်မ်များ ဝင်ရောက်ပြီး ပေါ်တူဂီများနှင့်အတူ ရခိုင်ဘုရင် မြန်မာဘုရင်ထံမှာ အမှုထမ်းတယ်။ညောင်ရမ်းခေတ် စနေမင်း လက်ထက်မှာ မွတ်စလင်မ် အမှု့ထမ်းများကို ကုလားပျိုသေနတ် အစုလို့ ဖွဲ့စည်းပြီးထားခဲ့တယ်။ကုန်းဘောင်ခေတ် အလောင်း မင်းတရား လက်ထက်မှာ မွတ်စလင်မ် စစ်မှု့ထမ်းများ […]

တမန်​​တော်​​မွေး​နေ့ ကဗျာ စပ်​​ပေးသူမှာ ဗုဒ္ဓ ဘာသာဝင်​ ဘုန်​ကြီး တပါးဖြစ်

တမန်တော်မွေးနေ့ ကဗျာရွတ်ပြိုင်ပွဲမှာ မွတ်စလင်မလေး မမဒါဝီကို ဆုရစေခဲ့တဲ့ ကဗျာလေး ရေးပေးခဲ့သူ ဗုဒ္ဓ ဘာသာဝင် ဆရာကြီးရွှေဘို ဖုန်း စည် ခေါ် ဦးစိန်ဝင်းကိုေးလးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုပါ၏။ ====================== အစ္စလာမ်ဘာသာ မဏ္ဍိုင်ငါးခု အခြေပြုလို့ ခိုင်မြဲစွာ ဂုဏ်တော် ကလေမာ ဂါထာရွတ်ကြ နမတ်ဇ်ဝတ်ပြု နေ့စဉ်သာ ဖွဂျေ ဇဟိုရ် အစွာ ဖတ်ကြ မဂ္ဂဒစ် အေရှာ ငါးကြိမ်သာ ဥပုဒ်ရိုဇာ အကျင့်မြတ်နဲ့ ဇကာဒ်ဒါန ပေးလှူပါ မြို့တော်မက္ကာ အရောက်သွားလို့ ကအဗ္ဗါကျောင်း ဝတ်ပြုပါ လောကီဒွန္နယာ ဒီဘက်ကမ်းမှ ဂျန္နတ်ဘုံနန်း ရောက်ဖို့ရာ မဏ္ဍိုင်ငါးဖြာ အခြေပျိုးမှ ဟေဒါကောင်းကျိုး ဖြစ်ရမှာ အဲဒါမှ ကောင်းချီး စလဝါဒ် အမြတ် ဟမ္မဒါ။

“ကအ်ဗဟ် ကျောင်းတော် ကြီးကို တည်ဆောက် ကြသူများ”

“ကအ်ဗဟ် ကျောင်းတော် ကြီးကို တည်ဆောက် ကြသူများ” ကအ်ဗဟ် ကျောင်းတော် ကြီးကို ခေတ် အမျိုးမျိုး တွင် (၁၂)ကြိမ် တိုင်တိုင် ပြန်လည် ပြုပြင် မွမ်းမံ တည်ဆောက် ခဲ့ကြကြောင်း သမိုင်း မှတ်တမ်း များက ဖော်ပြ နေပါသည်။ မှတ်တမ်း မှတ်ရာ အများ အပြားမှာ ခိုင်လုံသော အဆိုများ မဟုတ် သော်လည်း၊ ခိုင်လုံသော သက်သေ အထောက် အထား မှတ်တမ်း များလည်း ရှိသေးသည်။ အောက်တွင် ကအ်ဗဟ် ကျောင်းတော် ကြီးကို တည်ဆောက် ခဲ့သူများ အားလုံး ဖော်ပြထား ပါသည်။ ၁။ ဖရ်ရိရှ်တာများ ၂။ ဟဇရသ် အာဒမ် (အလိုင်ဟိစ္စလာမ်) ၃။ ဟဇရသ် […]

အ​မွေခွဲ​ပေးဖို့ အ​ရေးကြီးပုံ

အ​မွေကိစ္စဟာ အစ္စလာမ်​မှာ ဘယ်​​လောက်​ အ​ရေးကြီးလဲ ဆိုရင်​ ကျမ်းမြတ်​ကုရ်​အာန်​ မှာ အလ္လာအသျှင်​မြတ်​ ကိုယ်​တိုင်​ အ​မွေကို ခွဲ​ဝေ​ပေး​တော်​မူထားတယ်​ ဓ​လေ့ထုံးစံ အရဖြစ်​​စေ အ​မွေရှင်​ရဲ့ သ​ဘောဆန္ဒအရ ဖြစ်​​စေ ခွဲ​ဝေခွင့်​ မ​ပေးထားဘူး ​နောက်​ အလ္လာအသျှင်​မြတ်​က ကျမ်းမြတ်​ကုရ်​အာန်​ ထဲမှာ နမားဇ်​ ဖတ်​ဖို့ အမိန့်​ ဇကားသ်​​ပေးဖို့ အမိန့်​ ​ပေးထားတယ်​ နမားဇ်​ ကို ဘယ်​အချိန်​  ဘယ်​နှစ်​ ရကအသ်​ ဖတ်​ရမယ်​ ဇကားသ်​ ကို ဘယ်​​လောက်​ ​ပေးရမယ်​ ဘယ်​အချိန်​ ​ပေးရမယ်​ စတဲ့ အ​သေးစိတ်​ အမိန့်​​တွေကို တမန်​​တော်​မြတ်​(ဆွ)က ဟဒီးစ်​​တော်​​တွေမှာ ရှင်းပြထားတယ်​ သို့​သော်​ အ​မွေကိစ္စကို​တော့ အလ္လာအသျှင်​မြတ်​ကိုယ်​တိုင်​ပဲ ကျမ်းမြတ်​ကုရ်​အာန်​ ထဲမှာ အ​သေးစိတ်​ မိန့်​မှတ်​ထား​တော်​မူတယ်​။ ​​သေသူရဲ့ ​အ​ဖေ […]

တရုတ်​နိုင်​ငံရှိ တမန်​​တော်​မြတ်​ ဦး​လေး​တောအ အာဘီဝကာဇ်​၏ ဂူဗိမာန်

ခရစ်ယာန်ဘာသာဝင် ကမ္ဘာကျော်စာရေးဆရာ ကြီး “R. ဘော့စဝေါသ်စမစ်သ်”ရေးသားခဲ့သည့်  မိုဟာမက်နှင့် မိုဟာမက်အဒယူဝါဒ

( Mohammed and Mohammadnadism wetter by R. Bosworth Smith ) ( ခရစ်ယာန်ဘာသာဝင် ကမ္ဘာကျော်စာရေးဆရာ ကြီး “R. ဘော့စဝေါသ်စမစ်သ်”ရေးသားခဲ့သည့်  မိုဟာမက်နှင့် မိုဟာမက်အဒယူဝါဒ ) မိုဟာမက်သည်ကား လူတကိုယ်တည်းနှင့် “ဆီဇာ” လည်းဖြစ်၏။ ပုပ်ရဟန်းမင်း သာသနာပိုင်ကြီးလည်း ဖြစ်၏။ ထူခြားသည်က သာသနာပိုင်ဖြစ်လင့်ကစား၊ သာသနာပိုင်ဟူသောအဆောင်အယောင်၊ ကိန်းခန်း ကြီးမျိုးများမှ ကင်းမဲ့သူဖြစ်သည်။ “ဆီဇာ”ဟုဆိုလင့်ကစား”ဆီဇာ”လိုအာဏာမရစ်မူးပါ။ အခိုင်အမာစစ်တပ်ကြီးလည်းမရှိပါ။ သက်တော်စေါင့် တယောက်တလေမျှပင်မရှိပါ။ အဆောင်အယောင် နန်းတော်တစ်ဆောင်ပင်မရှိပါ။ အခွန်အတုတ်စည်း ကျပ်ခြင်းတစ်စုံတရာလည်းမရှိပါ။ လူတိုင်းမှန်မှန်ကန်ကန်ပြောနိုင်သည့်အချက်တစ်ခုမှာ အလွန်တိကျစစ်မှန်သော ကောင်းကင်ကျလမ်းညွန် အတိုင်း တိတိကျကျတိုင်းပြည်ကို အုပ်ချုပ်စိုးမိုးသွားသူ ကတော့ “မိုဟာမက်”ပင်ဖြစ်ပါသည်။ မည်သည့်လက်နက်ကရိယာတန်ဆာပစ္စည်းတစ်ခုမှ မပါဘဲ၊ မည်သည့် ထောက်မမှုမှမပါဘဲ အလုံးစုံသော […]

နဗီတမန်​​တော်​ အားလုံးကိုမြင်​ဘူး​သော အသက်​ရှည်​လျား​သည့်​ ဂျင်​ အဖိုးအိုး

Credit to Har San အ စ္စ လားမ်​ မု အာ လိုင်း ကွင်​မ်း ဝ ရဟ်​ မ တွလ်​ လား ​ဟေ ဝ ဘရ်​ ကား တူ ဟူ ⚓နဟ်​ မ ဒူ ဟူ ဝ နူ ဆွလ်​ ​​လေ ဝ နူ ဆွလ်​ လီင်​မ်​ အ လား ရ စူရ်​ ​ရေ က ရီင်​မ်း⚓အမ်​မာဘဒ်​ 🍁ဟဇရသ်​ အနတ်​စ်​အိဗ်​​နေ့မာလစ်​(ရ​သွေ့)သခင်​က ဆင့်​ပြန်​ခဲ့တယ်​။ကျွနု​ပ်​ ဟဇရသ်​အနတ်​ သည်​ ​တော ​ခေါင်​ရာ အရပ်​တစ်​​နေရာတွင်​ တမန်​​တော်​မြတ်​ ဆွလ္လ လ္လာဟ်​ဟု အလိုင်​ဟိဝစလ္လာမ်​ နှင့်​ အတူရှိ​နေစဉ်​မှာ […]