အခြားဘာသာ

အိန္ဒိယမှာ ၂၀၂၁ ခုနှစ်တွင် ဟိန္ဒူနိုင်ငံ ဖြစ်ရ မည်ဟု ဟိန္ဒူ ဘာသာရေး အဖွဲ့တစ်ခုမှ အကြီး အကဲ ပြော ကြား

 December 30, 2014 ဒီဇင်ဘာ ၂၉၊ ၂၀၁၄ M-Media – နိုင်ငံအတွင်းရှိ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင်များအားလုံး ၂၀၂၁ ခု ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ဟိန္ဒိုဘာသာ သို့ ပြောင်းလဲရမည်ဖြစ်ပြီး သို့မဟုတ်ပါက တိုင်းပြည်မှ ထွက်သွားရလိမ့်မည်ဟု အိန္ဒိယရှိ ဟိန္ဒူဘာသာရေးအဖွဲ့ DJS မှ ရာဂျက်ရှ်ဝါ ဆင်းက ပြောကြားလိုက်သည်။ ဒီဇင်ဘာ ၁၈ ရက်နေ့က အူတာပရာဒက်ရှ်ပြည်နယ် အဂ္ဂရာမြို့တွင် ပြုလုပ်ခဲ့သည့် ဟိန္ဒူဘာသာသို့ ကူးပြောင်းပွဲ(ghar wapsi) အခမ်း အနားတွင် အဆိုပါပြည်နယ် DJS အဖွဲ့ အကြီးအကဲ ဆင်းက ယခုကဲ့သို့   ပြောကြားခဲ့ခြင်းဖြစ်ပြီး အိန္ဒိယအား ၂၀၂၁ ခုနှစ်အရောက် တွင် ဟိန္ဒူနိုင်ငံဖြစ်အောင် လုပ်ဆောင်သွားမည်ဟု […]

နွားမှကြွက်အထိကောင်ရေ(၅)သိန်းသတ်ဖြတ် ပူဇော်ပွဲ တိရစ္ဆာန် အခွင့် အရေး ကာကွယ် သူများ ဆန့်ကျင် ကန့်ကွက်

Friday, November 28, 2014 နိပေါနိုင်ငံ ဘာရီယာပါရွာအနီးမှ ဝေးလံခေါင်သီသော ဒေသတစ်ခုတွင် ဟိန္ဒူနတ်ဘုရားကိုးကွယ်သူများသည် နွားမှ ကြွက်အထိ  ကောင်   ရေ     ၅ သိန်း သတ်ဖြတ် ယစ်ပူဇော်ပွဲကို ယနေ့စတင် ကျင်းပရာ တိရစ္ဆာန်အခွင့်အရေး ကာကွယ်လှုပ်ရှားသူများက ဆန့်ကျင် ကန့် ကွက်   နေ ကြကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။ ယစ်ပူဇော်ရန် တိရစ္ဆာန်များ၏ လည်ကို ခုတ်ဖြတ်မည့် ဓားကိုင်ဆရာများက အိန္ဒိယ နယ်စပ်ဒေသရှိ ယင်းရွာငယ်အား နှစ်ရက်တာ ကြာမြင့်မည့် ထိုယစ်ပူဇော်ပွဲ ကျင်းပခြင်းဖြင့် ကမ္ဘာ့အကြီးမားဆုံး သားသတ်ရုံကြီးသဖွယ် ပြောင်းလဲစေတော့မည် ဖြစ်သည်။ “ဒီမှာတော့ တကယ့်ပွဲတော်ကြီးကို ဖြစ်လို့၊ လူတိုင်းက စိတ်လှုပ်ရှားနေကြတယ်” ဟု ဟိန္ဒူ ဂါဒီမိုင် […]

အမျိုးသမီးလူသေအလောင်းတူးဖော်ရောင်းချသည့် ဂိုဏ်း တရုတ်နိုင်ငံတွင် ဖမ်းမိ

  နိုဝင်ဘာ ၂ ၊ ၂၀၁၄ M-Media – ရှေးခေတ် ဓလေ့ထုံးစံကို လိုက်နာရန်အတွက် လူသေအလောင်းများနှင့် လက်ထပ်သော မိသားစုထံသို့ လောလော လတ်လတ်မြှုပ်ထားသည့် အလောင်းများကို တူးဖော်ရောင်းချသည့် ဂိုဏ်း တစ်ခုကို တရုတ်နိုင်ငံ၌ ဖမ်းမိခဲ့သည်ဟု သိရသည်။ ရှန်ဒုန်ပြည်နယ် ဟီဇီမြို့တွင် ဆိုင်ကယ် ခိုးယူသူ အသက် ၃၄ နှစ်အရွယ် ၀မ်ဆူဆိုသူအား ဖမ်းဆီး စစ်ဆေးခဲ့ရာမှ ထိုကဲ့သို့ လူသေအလောင်းများ တူးဖော်ရောင်းချသည့် ဂိုဏ်အား ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။ ၀မ်က မိမိတို့မှာ မကြာသေးမီက သေဆုံးသွားသော မိန်းမပျိုများ၏ အလောင်းများကို မြို့အနီးသင်္ချိုင်းမှ သူငယ်ချင်းများဖြင့် သွားရောက်တူးဖော်က အမျိုးသား တစ်ယောက်သို့ ဒေါ်လာ ၂၀၀၀ ကျော်ခန့်ဖြင့်တစ်ကြိမ်၊ ဒေါ်လာ ၄၀၀၀ ကျော်ခန့်ဖြင့် […]

နှစ်ပေါင်း(၄၀၀)ခန့်အရင်ကရှိခဲ့သော အာမေးနီးယန်း လူမျိုး ယနေ့ ပြုတ် ခဲ့ ရ သည် မှာ

၁၈၂၄-ခုနှစ်မတိုင်မှီမြန်မာနိုင်ငံသို့ရောက်ရှိအခြေချနေထိုင်သည့်လူမျိုးများသည်တိုင်ရင်းသားဖြစ်သည်ဟု မှတ်သားဖူးသည်။တောင်ငူခေတ်မှစ၍မြန်မာပြည် သို့ရောက်ရှိနေပြီးဖြစ်သော အာမေးနီး ယန်း အနွယ် များသည် သန်လျင်မြို့၌အခြေချနေထိုင်ကြပြီးခိုင်ခံ့ထည်ဝါသောဘာသာရေးအဆောက်အဦးများကို ထုထည်ကြီးမားစွာတည်ဆောက်ကိုးကွယ်ခဲ့ကြသည်။ ဓာတ်ပုံပါသချိုင်းစာအရ ၁၇၃၂ ခုတွင်ကွယ်လွန်ခဲ့သောအာမေးနီးယန်းမင်းသမီးတစ်ပါး၏ဂူဗိမာန်သည် ယနေ့တိုင်အထင်အရှားသက်သေခံလျက်ရှိသည်။ အဘယ်ကြောင့် လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ ခန့်ကခန့်ညားထည်ဝါစွာတည်ရှိခဲ့သောလူမျိုးတမျိုးသည် အိမ်ထောင်စု ၁၀ စုခန့်သာကျန်ရှိပြီဲး့မျိုးသုန်းပျောက်ကွယ် ခဲ့သနည်း။ငဇင်ကာနှင့် အပေါင်း အပါ တို့နေထိုင်တည်ဆောက်ခဲ့သောမျိုးနွယ်တစ်ခုသည်အမှန်တကယ်သွေးနှောပေါင်းစပ်ခဲ့ကြမည်မှာ မလွဲပေ။ ယနေ့သန်လျင်မြို့၌ တည်ရှိနေသောဘုရားကျောင်းနှင့်အထက်အဆက်ကဆက်နွယ်ပတ်သက် ခဲ့ကြသောသွေးနှောများရှိမည်မှာမုချဖြစ်သည်။အာမေးနီးယန်းဂိုဏ်းချုပ် ဆရာတော် လာရောက် သည့် အချိန်နှင့်တိုက်ဆိုင်၍ရေးသားခြင်းဖြစ်သည်အမှန်တော့ရေးချင်စိတ်မရှိပါ။ သမိုင်းသည်အမှန်တရားဖြစ်သည်။လွန်ခဲ့သောကာလ၌ အာမေးနီးယန်းသို့နေထိုင်ရှင်သန်ကြီး စိုးခဲ့သည်။အဘယ်ကြောင့်ပျောက်ကွယ်ခဲ့သနည်း။ အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အချက်ဖြစ်သည်။လူမြိုခံရသည်တော့သေချာသည်။တချိန်က လူမျိုးတစ်မျိုးပျောက်ကွယ်သည်အထိဝါးမြိုခဲ့သောအထင်ကရလူမျိုးသည် ယနေ့ရုံးများတွင် မိမိ လူမျိုးပျောက်ကွယ်မည်ကိုစိုး၇ိမ်နေပါသလား။ မည်သို့ပင်ဆိုစေကာမူ ယနေ့နိုင်ငံသား ဥပဒေအရ မြန်မာအာမေးနီးယန်းသည်တိုင်းရင်းသား လူမျိုးတစ်မျိုးဖြစ်မဖြစ်ဆန်းစစ်ကာအတွေးနယ်ချဲ့နေမိတော့သည်။

အာမေးနီးယန်းဂိုဏ်းချုပ်ဆရာတော်လာရောက်

ငြိမ်းချမ်း , ရန်ကုန် . No.518 Wednesday, October 1, 2014 အာမေးနီးယန်း ဂိုဏ်းချုပ်ဆရာတော်ကြီး Kerekin II စက်တင်ဘာ ၃၀ ရက်တွင် ရန်ကုန်လေဆိပ်သို့ရောက်ရှိလာစဉ် (ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)   မြန်မာနိုင်ငံတွင် အိမ် ထောင်စု ၂၀ခန့်သာကျန်ရှိသော  အာမေးနီးယန်းမျိုးဆက်များအ နာဂတ်အတွက် ဆက်လက်ထိန်း သိမ်းသွားရန်နှင့် အာမေးနီးယန်း အမွေအနှစ်များအဓွန့်ရှည်တည် တံ့စေ ရန် ရည်ရွယ်ကာအာမေးနီး ယန်းနိုင်ငံမှ ဂိုဏ်းချုပ်ဆရာတော်  Kerekin IIသည် စက်တင်ဘာ ၃၀ရက်တွင် ရန်ကုန်မြို့သို့ရောက် ရှိလာသည်။ အာမေးနီးယန်းဂိုဏ်းချုပ်ဆ ရာတော်ကြီးသည် ၎င်း၏အာရှအ ရှေ့ဖျားခရီးစဉ်တစ်စိတ်တစ်ပိုင်း  အဖြစ် မြန်မာနိုင်ငံသို့ လာရောက် ခြင်းဖြစ်သည်။ ရန်ကုန်မြို့တွင် အာမေးနီးယန်း မျိုးနွယ် အိမ် ထောင်စု […]

၁၅၂ နှစ်သက်တမ်းရှိအာမေးနီးယန်းဘုရားကျောင်း ၌ အပြာရောင် ကမ္ဗည်းပြား တပ် ဆင်

နန်းဆိုင်နွမ်| October 1, 2014 ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော် လမ်းထောင့်ရှိ သက်တမ်းအရင့်ဆုံး ဗတ္တိဇံဆရာ ရှင်ယောဟန်၏ အာမေးနီးယန်း တမန်တော်များ ဘုရားကျောင်း(The Armenian Orthodox Church) ၌ အပြာရောင် ကမ္ပည်းပြားကို အာမေးနီးယန်း ဂိုဏ်းချုပ် ဆရာတော်ကြီး Karekin II က တပ်ဆင် ဖွင့်လှစ်လိုက်သည်။ နှစ်ပေါင်း ၁၅၂ နှစ် သက်တမ်းရှိ ခရစ်ယာန် ဘုရားကျောင်းတခု ဖြစ်သည့် အဆိုပါ ဘုရားကျောင်းကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(YHT)၏ အစီအစဉ် တခုဖြစ်သော ရန်ကုန်မြို့ အနှံ့ရှိ သမိုင်းဝင် နေရာများအား လေ့လာခြင်း၊ ကမ္ပည်းပြား များ တပ်ဆင်ခြင်း အစီအစဉ်ဖြင့် ယနေ့တွင် အပြာရောင် ကမ္ပည်းပြား […]