ရွေးကောက်ပွဲ

”အဖေဆိုသည်မှာ. . . ”

”အဖေဆိုသည်မှာ. . . ” ဟိုး. . ကျွန်တော်ငယ်ငယ် ကလေးဘဝ စကားပြောတတ်စ အရွယ်တုန်းကပေါ့ #အဖေနဲ့ အမေကမေးတယ် ဖေဖေနဲ့မေမေ ဘယ်သူ့  ကိုပိုချစ်သလဲတဲ့ ကျွန်တော် ဖြေတယ် ”မေမေ့ကို ပိုချစ်တယ်” အမေကပြုံးပြီးအဖေ့ကိုကြည့်တယ် အဖေကတော့ကျွန်တော့်ကို ပြုံးပြုံးကြီးကြည့်နေလေရဲ့. . . အဲဒီလူထူးဆန်းကြီးအကြောင်း ကျွန်တော့်ခေါင်းသေးသေးလေးနဲ့ စဉ်းစားလို့မရခဲ့ဘူး. . . . ဒီလိုနဲ့ . . ကျွန်တော်အဝေးရောက်ခဲ့တယ် အပြုံးတုတွေကြား ကျွန်တော်ယဉ်ပါးလာတော့. . . အဖေ့အပြုံးကို ပြန်မြင်လာတယ်. . အဖေရယ်. . . အမေ့ကိုပိုချစ်တယ်ပြောတော့ အဖေတကယ်ပျော်လို့ပြုံးခဲ့တာလား. . . ကျွန်တော့်ရင်ထဲစို့နင့်နေတယ် ဟုတ်တယ်. . . အဖေဆိုတာ. . […]

လွှတ်တော်ဥက္ကဌရာထူးတွေအတွက် NLD အမည်တင်သွင်း

21.01.2016 ဗွီအိုအေ (မြန်မာပိုင်း) (ဓာတ်ပုံ – အမျိုးသားလွှတ်တော် Facebook) မျှဝေပါ ဖေဖော်ဝါရီလ ၁ ရက်နေ့ စတင်ကျင်းပမယ့် လွှတ်တော်သစ် ၂ ရပ်အတွက် တိုင်းရင်းသားလွှတ်တော်အမတ် ၃ ဦး အပါအ၀င် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ၄ နေရာအတွက် အမည်စာရင်း တင်သွင်းမယ့်သူတွေကို ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိလိုက်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက AFP သတင်းဌာနကို ပြောတယ်လို့ ဆိုပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် NLD ပါတီရဲ့ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်း တို့ကို အသီးသီး ရွေးချယ်လိုက်ကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ […]

ဝှိုက်ကဒ်ကိုင်ဆောင်သူတွေ မဲပေးခဲ့ကြောင်း တိုင်ကြားချက် အပေါ် စစ်ဆေး တင်ပြ

2016-01-12 Photo: Min Thein Aung/RFA ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်က ကျေးရွာ ၁၅ ရွာမှာ နိုင်ငံသား မဖြစ်သေးတဲ့ ဝှိုက်ကဒ် ကိုင်ဆောင် ထား သူတွေကို မဲပေးခွင့်ပြုခဲ့တယ် ဆိုပြီး တိုင်ကြားထားတဲ့အတွက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ခုံရုံးဖွဲ့စစ်ဆေးပြီး   တွေ့ရှိ ချက်တွေ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ  မနေ့က တင်ပြလိုက်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သံတွဲမြို့နယ်အတွင်းက လူပေါင်း ၄၀ ကျော်ကို  စစ်ဆေးခဲ့တယ်လို့ သံတွဲခရိုင်ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးခင်ရွှေက ပြောပါတယ်။ “အားလုံး ၄၁ ယောက်လောက်ရှိပါတယ်၊ နံပါတ် ၁ ကတော့ တိုင်ထားတဲ့ပုဂ္ဂိုလ်ပေါ့၊ နံပါတ် ၂ ကတော့ သက်ဆိုင် တဲ့နိုင်ငံသားစိစစ်ရေးအဖွဲ့၊ ရပ်ကျေးကော်မရှင်၊ အဲ့ပုဂ္ဂိုလ်တွေကို […]

လွှတ်တော်သစ် ဖေဖော်ဝါရီ ၁ ရက် ခေါ်ယူမည်

လွှတ်တော်သစ် ဖေဖော်ဝါရီ ၁ ရက် ခေါ်ယူမည် 06.01.2016 မြင့်မြင့်ခိုင် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး နိုဝင်ဘာ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ ပထမဆုံးပါဝင်တက်ရောက်မယ့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ကျင်းပမယ်လို့ ဒီကနေ့ ဇန်နဝါရီ ၆ရက်နေ့ရက်စွဲနဲ့ ပြည်သူ့လွှတ်တော် ရုံးက ကြေညာလိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၂၄ ပုဒ်မခွဲ (ခ)အရ လက်ရှိ ပြည်သူ့ လွှတ်တော်ဥက္ကဌ အနေနဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အသစ်ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို ခေါ်ယူလိုက်တာပါ။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ […]

လွှတ်တော်အသစ်ကျင်းပမည့်နေ့ရက်နှင့် သတင်းပို့ရ မည့်နေ့ရက်ထုတ်ပြန်

❖      ဒုတိယအကြိမ်၊ ပြည်သူ့လွှတ် တော် ပထမပုံမှန် အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်း အဝေးခန်းမ၌ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် (တနင်္လာနေ့)၊ နံနက် ၁၀ နာရီအချိန်တွင် စတင် ကျင်းပ ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ခေါ်ယူ ထားရာ အဆိုပါ အစည်းအဝေးသို့ တက် ရောက်ရန် ဖိတ်စာများ ကို ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ ထား ပါသည်။ ❖     ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြု လုပ်နိုင်ရန် ❝ ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိ သည်ဖြစ်စေ ❞ နေပြည်တော် ရုံးအမှတ်(၂၀)၊ လွှတ်တော် ရုံးသို့ ၂၀၁၆ […]

ဒီချုပ်အမတ်အများစုတက်ရမည့် လွှတ်တော်သစ် ဖေဖော်ဝါရီ ၁ ရက်ကျင်းပမည်

By မင်းဟိန်းကျော်ရဲနိုင် Thursday, January 7, 2016 ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင် ရရှိထား သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမည့်လွှတ် တော်သစ်၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၉၀ ဦးတက်ရောက်ခွင့်ရထားသည်။ ရွေးကောက်ပွဲအပြီး ပြန်လည်ခေါ်ယူသည့် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်အမတ်များကို ၂၀၁၅ နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီဝင် ကိုယ်စား လှယ် အများစုတက်ရောက်ရမည့် ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ ရက် တွင် စတင် ကျင်းပမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၆ ရက်၌ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ‘‘လာမယ့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း စစချင်း ကို […]

NLD အစိုရဖွဲံရာတွင်​ ဝန်​ကြီး​နေရာ မ​တောင်းရန်​ သတိ​ပေး

ရန်ကုန်၊ ဇန်န၀ါရီ ၄။          ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်သာမဟုတ်ပဲ အမှန်တကယ်အလုပ်လုပ်မည့် သူများကို အစိုးရအဖွဲ့ ၀န်ကြီးများအဖြစ်ခန့်အပ် သွားမည်ဟု အမျိုသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၄ရက်နေ့တွင်ကျင်းပသည့် ၆၈ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြောကြား လိုက်သည်။ အစိုးရအဖွဲ့ဖွဲ့ရာတွင် ၀န်ကြီးများနေရာများကို တောင်းခံ ခြင်းများကိုပါတီဝင်များအနေဖြင့် မပြုလုပ်ရန်နှင့် ပြုလုပ်ပါကလည်း ချမှတ်ထားသည့် စည်းကမ်းများဖြင့် ထိထိရောက်ရောက်အရေးယူသွားမည်ဟုလည်း ၄င်းက သတိပေးပြောကြားသေးသည်။ “မပြောပဲမနေနိုင်လို့ အခုပြောကိုပြောရမယ်။ ၀န်ကြီးလုပ် ချင်တဲ့သူတွေတော်တော်မှ ကျွန်မမကြိုက်ဘူး။ နောက် တစ်ခါဝန်ကြီးဖြစ်ချင်လို့ စာရေးပြီးတောင်း တဲ့သူ တွေ စည်းမျဉ်းစည်းကမ်းအရအရေးယူ မယ်ဆိုတာကို ပြတ်ပြတ်သားသားဒီကနေပြောမယ်။ ၀န်ကြီးဆိုတဲ့နေရာကိုအလုပ်လုပ်မယ့်သူကိုပေးမှာပါ။ ပါတီဝင်မို့ဝန်ကြီး နေရာ ပေးမှာမဟုတ်ပါဘူး။” ဟု NLD အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင်ပါဝင်မည့် ၀န်ကြီးနေရာ ခန့်အပ်နိုင်မှုနဲ့ ပက်သက်ပြီး […]