General

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ

” ဗိုလ်ချုပ်အောင်ဆန်း, နိုင်ငံတော်လုပ်ကြံမှု, အတွင်းဝန်ရုံး, အာဇာနည်, ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ခေါင်းဆောင်များ၏ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ယနေ့တိုင် ပြည့်စုံသော သမိုင်း မှတ်တမ်းကို နိုင်ငံတော် အဆင့်မှ ပြုစုထုတ်ပြန်ခြင်း မရှိ ” [ စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။  ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင်ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။ ] ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ […]

မြန်မာလုပ်သား နှစ်ဦး အယူခံ သဖြင့် ပယ်ချ ခံရ မြန်မာ ခေါင်းဆောင် နှစ်ဦး စိတ် မကောင်း

မြန်မာလုပ်သားနှစ်ဦး ကို ထိုင်းအယူခံအောက်တရား ရုံးက သေဒဏ်အမိန့် ထပ်မံချ မှတ်သည့်အပေါ် နိုင်ငံတော် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ က စိတ်မကောင်းဖြစ်နေပြီး အဆင့်မြင့်တရားရုံးသို့ အယူခံ တင်ပြရန် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ညွှန်ကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောသည်။ ‘‘လိပ်ကျွန်းနဲ့ပတ်သက်ပြီး တော့ အတိုင်ပင်ခံရော၊ သမ္မတ ကြီးရော တော်တော်လေး စိတ် မကောင်းဖြစ်နေတယ်ပေါ့။ အဲဒီ အတွက် အစိုးရဘက်က တတ် နိုင်သလောက် ဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပါတယ်။ လိပ် ကျွန်းနဲ့ပတ်သက်ပြီး အရင်တုန်း က ကော်မတီဖွဲ့ထားတာရှိတယ်။ ထိုင်းရောက် မြန်မာတွေထဲက ဥပဒေ ကျွမ်းကျင်တဲ့သူတွေ၊ အလုပ်သမား အရေး ဆောင်ရွက် တဲ့သူတွေ ရှိတယ်။ […]

ကျောက်ဖြူ စနဲတွင် ၀က်ဝဲဥသွားတူးရာမှ ရခိုင်ရှေးဟောင်းငွေဒင်္ဂါးပြား ၄၀ ကျော်တွေ့ရှိ

ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ကံပြင်စုရပ်ကွက်တွင် အမျိုးသမီး တစ်ဦး ၀က်ဝဲဥ သွားတူးရာမှ ရှေးဟောင်း ငွေရခိုင်ဒင်္ဂါး (၄၁) ပြား ရရှိထားကြောင်း သတင်းရရှိသည်။ ကံပြင်စုရပ်ကွက်တွင်နေထိုင်သူ ဒေါ်မရွှေကြည်သည် ကံပြင်စုဘုန်းတော်ကြီးကျောင်းနောက်ဘက် သိမ်တောင်ကြီး   တောင် တွင် ၀က်ဝဲဥတူးရာမှ ရခိုင်ရှေးဟောင်းငွေဒင်္ဂါးပြား(၄၁)ပြားတွေ့ရှိခဲ့ခြင်း   ဖြစ်ကြောင်း ငွေဒင်္ဂါးရရှိထားသူ   ဒေါ်မရွှေကြည်၏ လင်ယောက်ျား ဦးမောင်ခင်ရွှေက သည်။ ‘‘ ကျနော့် အိမ်ရှင်မ တောင်ကိုသွားပြီး ၀က်ဝဲဥ တူးရာက ရခိုင်ရှေးဟောင်း ဒင်္ဂါးပြားတွေ့တာပါ။ ကျနော် ကြည့်ရ သလောက် ဒင်္ဂါးပြားက ပုံစံ(၄)မျိုးလောက်ပါတယ်။ တွေ့တာ တစ်လနီးပါးတောင်ရှိနေပြီ။ ကျနော့်အိမ်ရှင်မက ရခိုင်ရှေးဟောင်းဒင်္ဂါးလို့မသိဘူး။ နောက်မှ ကျနော်သိလို့ ကြည့်လိုက်တဲ့အခါမှ ရခိုင်စာပါတဲ့ ရှေးဟောင်း ဒင်္ဂါးပြားဖြစ်နေ တယ်။ အခုထိ […]

ဘာမြူဒါ တြိဂံ အတွင်း ဖန်သား ပိရမစ်တွေ့ ရှိမှု

မြောက်အတ္တလန္တိတ်သမုဒ္ဓရာ အတွင်းမှ ဘာမြူဒါ တြိဂံဒေသသည် ယနေ့တိုင်း အံသြမှုများနှင့်   ပြည့်နှက်   နေသော့ နေရာတစ်ခု အဖြစ်တည်ရှိနေဆဲဖြစ်သည်။ သိပ္ပံပညာရှင် အများစုကလည်း ယနေ့တိုင် ၄င်း၏ လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ် နေဆဲဖြစ်ပါသည်။ သို့သော်၎င်း သည် ပင်လယ်ရေသောက် သကဲ့သို့ပင်။ ပင်လယ်ရေဆိုသည်မှာ သောက်လေ ငတ်လေ ဖြစ် သကဲ့သို့ ဘာမြူဒါ တြိဂံ ကလည်း ရှာဖွေလေ တွေ့ရှိလေဖြစ်နေလေသည်။ ယခုလည်း အံသြဖွယ်ရာတစ်ခုကို ထပ်မံတွေ့ရှိပြန်ပါပြီ။ ဘာမြူဒါ တြိဂံ ဒေသ ပင်လယ်အောက်ကြမ်းပြင် မှာ အီဂျစ်တို့ရဲ့ ပိရမစ် သဏ္ဍာန်တူ ဖန်သား ပိရမစ် တစ်ခုကို တွေ့ရှိခဲ့ပြန်ပါပြီ။ အမေရိကန် နဲ့ ပြင်သစ် သိပ္ပံ ပညာရှင်များဦးစီး၍ ပင်လယ်ရေအောက် စူးစမ်းလေ့လာရေးများပြုလုပ်ခဲ့ရာမှ […]

နိုင်ငံသား အခွင့်အရေး အတွက် ဥပဒေ ကိုသိရန် လူတိုင်း စာဖတ်ပါ။

M-Media ဇန်နဝါရီ ၂၀ ၊ ၂၀၁၇ ဆောင်းပါးရှင်-ဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေ   ပြည်ထောင်စုမြန်မာနိုင်ငံတွင် ရှေးဘုရင်များ လက်ထပ်ကပင် အမိန့်တော်ပြန်တမ်းများ ရှိခဲ့ပါသည်။ ကိုလိုနီ အုပ်ချုပ်ရေးခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးအကြိုခေတ်၊ လွတ်လပ်ပြီး (၁၈) နှစ် ကာလ တော်လှန်ရေး   ကောင်စီ    ခေတ်၊ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ စစ်အာဏရှင် (နဝတ)၊ (နယက)ခေတ်၊ ဒီမိုကရေစီ ဦးတည်   သော ပြည်သူရွေးချယ်သည့် အစိုးရခေတ်အသီးသီးတွင် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ အမိန့်၊ ကြေငြာစာ၊ အမိန့်ကြေငြာစာများမှာလည်း ပြည်သူအချို့သာ စိတ်ဝင်စားကြသည်။ အမိန့်၊ ကြေငြာစာ၊ ညွှန်ကြားချက်များကို သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပိုမိုသိရှိကြပါသည်။   ပြည်သူ အတွင်း စာဖတ်အားနည်း၍ […]

မိုင်(၁၀၀)ကျော် မြစ်ကြောင်းကြီး ကို ရေကူး ပြီး ဖြတ် ကျော်ခဲ့တဲ့ ဒုက္ခသည် တွေ ကို ဆေး ကုသ ပေးနေ သူ ဆော်ဒီ ဆရာဝန် မလေး

Wednesday, December 28, 2016 ဆော်ဒီဆရာဝန်မလေး မရ်ယမ်စွာလိဟ်ဟာ ဆီးရီးယားဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေ သူ ကျော် ကြား တဲ့ မွတ်စ်လင်မ် အမျိုးသမီးငယ်တစ်ဦးပါ။ သူမဟာ လူမှုကယ်ဆယ်ရေးလုပ်ငန်းကို မြတ်နိုးတဲ့စိတ်နဲ့ ရေးကူးဝါသနာနှစ်ခုကို တစ်ပြိုင်တည်း ပေါင်းစည်း   ဖော်ဆောင် ခဲ့ပါတယ်။ သူမရဲ့မြတ်နိုးတဲ့ လုပ်ငန်းကို အကောင်အထည်ဖော်ဖို့အတွက် မိမိရဲ့ဝါသနာကို အသုံးချခဲ့ပါတယ်။ ဂျော်ဒန်နိုင်ငံ အဇ်ရက်ပြည်နယ်မှာရှိတဲ့ ဆီးရီးယားဒုက္ခသည်စခန်းမှာ သွားဘက်ဆိုင်ရာရောဂါတွေ အခမဲ့ကု သပေး တဲ့ဆေးခန်းတစ်ခုကို အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဆိုပါဒုက္ခသည်စခန်းမှာ ခိုလှုံနေသူပေါင်း (၅၅၀၀၀) ကျော်ရှိပြီး ဂျော်ဒန်နိုင်ငံရဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်း AMC ရဲ့ ကူညီထောက်ပံ့ မှုလည်း ပါရှိပါတယ်။ မရ်ယမ်စွာလိဟ်ဟာ ဒီနှစ်ထဲမှာပဲ နှစ်ကြိမ်တိုင်တိုင် စံချိန်ချိုးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ပထမတစ်ချိန်ကတော့ ဗြိတိန်နိုင်ငံကနေ […]

သတင်းမှား ကို အခြေခံကာ နျူဖြင့် လက်စား ချေမည် ဟု ပါကစ္စတန် က အစ္စရေး ကို သတိပေး

ဒီဇင်ဘာ ၂၆၊ ၂၀၁၆ M-Media – အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည့် သတင်းမှားတစ်ခုကို အမှန်ဟုယူဆ၍ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးမှာ အစ္စရေး အား နျူလက်နက်ဖြင့် ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။ ပါကစ္စတန်မှာ ဆီးရီးယားသို့ စစ်တပ်များ စေလွှတ်မည်ဆိုလျှင် မိမိတို့က နျူကလီးယားလက်နက်ဖြင့် ပါကစ္စတန်ကို တိုက်ခိုက်မည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး မိုရှေး ယာလွန်က ပြောကြားသည်ဆိုသော သတင်းတစ်ပုဒ်ကို AWD ၀ဘ်ဆိုက်တွင် ဖော်ပြပြီးနောက်ပိုင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အာဆစ်ဖ်က ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။ “ဆီးရီးယားက IS အကြမ်းဖက်တွေကို တိုက်ခိုက်မှုမှာ ပါကစ္စတန်ရဲ့ အခန်းကဏ္ဍအတွက် အစ္စရေးကာကွယ်ရေး ၀န်ကြီးက နျူလက်နက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ပါကစ္စတန်လည်း နျူ လက်နက်ပိုင်ဆိုင် တယ် ဆိုတာ အစ္စရေးက […]