1 Comment

အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲ တွင် NDPD ပါတီမှ ဦးသာအေး၏မေးမြန်းချက်အချို့ တာဝန်ရှိသူမှဖြေကြားနိုင်ခြင်းမရှိ ..

ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင်ကျင်းပသောမြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံ သား ဖြစ် ခွင့်ဆိုင် ရာ နှစ်ရက်ကြာ ဆွေးနွေးပွဲ၌ NDPD ပါတီမှ ဦးသာအေး(ခ) အာဘူတာဟဲ ၏မေးမြန်း ချက် အချို့ကို တာဝန်ရှိ  သူ ဒေါက်တာ ရင်ရင်နွယ် က မေဖြေကြား နိုင်ကြောင်း သတင်းရရှိသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်မှာ ဒီကနေ့ပြုလုပ်ခဲ့တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံ သား ဖြစ် ခွင့်ဆိုင်ရာ နှစ်ရက်ကြာ ဆွေးနွေးပွဲ နောက်ဆုံးရက်မှာ (၈၈) မျိုးဆက် ကျောင်း သား ခေါင်းဆောင် ဦးကိုကိုကြီး အပါ အ ဝင် ရခိုင်နဲ့ မွတ်စ်လင် ခေါင်းဆောင်တွေ က ရခိုင်ပြည်နယ်က တိုင်းရင်းသား လူမျိုးစု အရေးနဲ့ ပဋိပက္ခ အရေးအတွက် အ လေး ထားဆွေးနွေး ခဲ့ကြပါ တယ်။ သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 ရခိုင်ဒီမိုကရေစီပါတီ ဥက္ကဌ ဦးအေးသာအောင် ၏ ဆွေးနွေးချက်နှင့်ပါတ်သက်၍ ဦးသာအေး က ရှင်းပြရာတွင် –

၁၈၂၆ ခုနှစ်တွင် ဗြိတိသျှ အစိုးရကည သန်းခေါင်စာရင်းကောက်ခံခဲ့စဉ်က မာဟာမေဒင် (၃) သောင်း ၊ ဗူဒ္ဒဘာသာ ( ၆ )   သော င်း ရှိကြောင်း ၊၎င်းအချို့အရ ယခုခါဘမွတ်ဆလင် (၁၂ ) သိန်း ၊ရခိုင် ဗုဒ္ဒဘာသာ ( ၃၅ ) သိန် ဖြစ်လာသဖြင့် ရခိုင်ပြည်တွင် မွတ်ဆလင် လူဦးရေ ဖေါင်းပွားသည် မဆိုနိုင်။ တနေရာ ရာနှင့် တနေရာ သွားလားခွင့် ပိတ်ပင် ကန့်သတ် ထားသည့်အတွက် အပြင်သို့ ပြန့်ကျဲ မနေထိုင်နိုင်သဖြင့် လူဦးရေဖေါင်းပွားသည် ထင်ရခြင်းဖြစ်ကြောင်း ရှင်းလင်း တင်ပြသည်။

ဆရာကြီး မစ္စတာ အာန၀ါရ် (CRPP အဖွဲ့ဝင်)မှ ရှင်းလင်းတင်ပြရာတွင်

ယနေ့ရခိုင်ပြည်တွင် ရှိနေသော မွတ်ဆလင် မျာြးေ့ပာဆိုနေသော စကားသည် မြောက်ဦးခေတ်က အာနန္ဒြာ ကျောက်စာ ပါဝေသာလီ စကားနှင့် တူနေကြောင်း၊ဘင်္ဂလားဒေရှ် ဘင်္ဂါလီ စကားနှင့်မတူ ညီ ကြောင်း၊ ထိုကြောင်း ရခိုင်ပြည်ရှိ မွတ်ဆလင်များသည် ဘင်္ဂဂါလီ မဟုတ်ကြောင်း၊ ရိုဟင်ဂျာများဖြစ်ကြောင်း ရှင်းလင်တင်ပြခဲ့သည်။

အစည်းအဝေးပြုသည့် အပြည်အစုံမှာ အောက်ပါ လင့် ကို နှိပ်၍ ဖတ်ပါ။

အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲ ရခိုင်အရေး အလေးပေး …

NDPD ပါတီမှ ဦးသာအေး(ခ) အာဘူတာဟဲ ၏မေးမြန်းချက်အချို့ကို တာဝန်ရှိသူ ဒေါက်တာ ရင်ရင်နွယ် ကဖြေကြားနိုင်မရှိဟုသိရသည်။

NDPD ပါတီမှ နိုင်ငံရေးရာနှင့်သုတေသန ဥက္ကဌ ဖြစ်သူ ဦးသာအေး(ခ) အာဘူတာဟဲ မှ အစသ်တွင်မေးခွန်း အချို့ မေး မြန်း ရာ အချို့သောမေးခွန်း များ ကိုDr. ရင်ရင်နွယ် မှ ကျွန်မ မသိ၍ မဖြေကြား နိုင် ကြောင်း ဖြေဆို သွားသည် ဟု သတင်း ရရှိသည်။

၁ ။ – ၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေအရ တိုင်းရင်းသာ ဟုအဓိပါယ်ဖွင့်ဆိုရာတွင် ၁၈၂၃ မတိုင်မီက မြန်မာနိုင်ငံတွင် ပင်ရင်းနိုင်ငံ အဖြစ်နေထိုင်သူများသည် တိုင်းရင်းသားဖြစ်သည်ဟုဆိုထားသည်။ ထို့ကြောင်း လူမျိုးတစ်စု သည် ၁၈၂၃ မတိုင်မီကတည်းက မြန်မာနိုင်ငံတွင် ပင်ရင်းနိုင်ငံအဖြစ် နေထိုင်လျှင် တိုင်ါ်ရင်းသားဖြစ်ခွင့်ရှိမရှိ ကို Dr. ရင်ရင်နွယ် အားမေးမြန်းရာ-

 ၎င်း Dr. ရင်ရင်နွယ် က ကျွန်မ မသိ ပါ ဟုဖြေကြားသည်။

၂ ။ – ၁၉၇၂ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ တိုင်းရင်းသား ( ၁၄၄ ) မျိုးရှိ၍ အစ္စလာမ်ဘာသာနှင့်ဆိုင်သော လူမျိုး(၅) မျိုးသည်။မြန်မာ မွတ်ဆလင် သည် ဘာသာနှင့်တွဲဘား၍ လူမျိုးမဖြစ်နိုင် ဟုဖြုတ်ချခဲ့သော်လည်း  (မြေဒူး ကဲ့သို့ )အစ္စလာမ် ဘာသာမတွဲထားသေ အမည်ကို အဘယ်ကြောင်းဖြုတ်ချကြောင်း ဥပဒေ ကြောင်းအရ ရှင်းပြပါ။

၎င်း Dr. ရင်ရင်နွယ် က ကျွန်မ မသိ ပါ ဟုဖြေကြားသည်။

၃ ။ –  ၁၉၇၂ ခုနှစ်ပြည်ထဲရေးဝန်ကြီးဌာန နိုင်ငံခြားသား စာရင်းတွင်ဖေါ်ပြထားသော ဒိုင်းနက်လူမျိုး ကို တိုင်းရင်းသား လူမျိုး (၁၃၅) မျိုး ထဲတွင် အဘယ်ကြောင်းပါဝင်လာကြောင်း ဥပဒေ ကြောင်းအရ ရှင်းပြပါ။

၎င်း Dr. ရင်ရင်နွယ် က ကျွန်မ မသိ ပါ ဟုဖြေကြားသည်။

၎ ။ – ကမ္ဘာသမိုင်း မှာရော ၊မြန်မာ့ သမိုင်မှာ ပါ မရှိသော အမည်နာမ တစ်ခု (မြန်မာကြီး သို့မဟုတ် မာရမာကြီး) သည် အဘယ်ကြောင်း တိုင်းရင်းသားလူမျိုးထဲတွင်ပါဝင်ကြောင်းဥပဒေ ကြောင်းအရ ရှင်းပြပါ။

၎င်း Dr. ရင်ရင်နွယ် က ကျွန်မ မသိ ပါ ဟုဖြေကြားသည်။

၅ ။ – ၁၉၄၇ ခု ဖွဲ့စည်းပုံ ဥပဒေ အရသော်လည်းကောင်း၊၁၉၇၄ ခု ဖွဲ့စည်းပုံ ဥပဒေအရ သော်လည်းကောင်း ၁၉၄၈  Citizenship law နိုင်ငံသားဥပဒေ အရသော်လည်းကောင်း၊ ၁၉၄၇ ခု Residence and Registration Act  အရ နိုင်ငံသာ ဖြစ်ပြီးသော လူမျိုးစု ကို ၁၉၈၂ မြန်မာနိုင်ငံသား က ဥပဒေ နိုင်ငံသား မဟုတ်ကြောင်း ငြင်းဆိုခွင်ပရှီမရှိ ဥပဒေကြောင်းအရ ရှင်းပြပါ။

၎င်း Dr. ရင်ရင်နွယ် က ကျွန်မ မဖြေနိုင် ပါ ဟုဖြေကြားသည်။

၆ ။ – ၁၉၈၂ ခု ဥပဒေအရဧည့်နိုင်ငံသား ၊နိုင်ငံသားပြု လွှတ်တော်ကိုယ်စားလှယ် အရွေးခံပိုင် ခွင့်မရှိ၍ နိုင်ငံသားစစ်ဖြစ်ကြောင်းဥပဒေကြောင်းအရ လက်ခံနိုင်ခြင်း ရှိမရှိ ၊၂၀၀၈ ဖွဲ့ စည်းပုံ ဥပဒေ အရ သော် လည်းကောင်း ၊ရွေးကောက်ပွဲ ကော်မရှင် လွှတ်ကော်ကိုယ်စားလှယ်အရည်အရသော်လည်းကောင်း ကိုယ်စားလှယ်လောင်းသည် မမွေးခင်ကတည်းက မိဘ ၂ ပါးနိုင်ငံသား လိုအပ်ခြင်း၊ ၎င်းကိစ္စ နှင့် ဧည့် နိုင်ငံ သား ပြုနိုင်ငံသား ဥပဒေကြောင်းအရ တင်ပြပါ။

၎င်း Dr. ရင်ရင်နွယ် က ကျွန်မ ရွေးကောက်ပွဲ ဥပဒေမလေ့လာဘူး။ ဧည့်နိုင်ငံသား၊  ပြုနိုင်ငံသား လုပ်ပေနိုင် ကို ကျွန်မ မသိပါ။

 

One comment on “အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲ တွင် NDPD ပါတီမှ ဦးသာအေး၏မေးမြန်းချက်အချို့ တာဝန်ရှိသူမှဖြေကြားနိုင်ခြင်းမရှိ ..

  1. So Dr. Yin Yin Nwe what else you know about the law and citizenship? why the hell were you there in that meeting? to bias support????

Leave a comment