2 Comments

မြန်မာ နိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင်မ် လူ့အဖွဲ့အစည်း၏ ကံကြမ္မာ

ဘာသာခြား နိုင်ငံရှိ မွတ်စလင်မ် လူ့အဖွဲ့အစည်း၏ ကံကြမ္မာ

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ လူမျိုးမှာ ဗြိတိသျှ ကိုလိုနီ ခေတ်မတိုင်မီ ကတည်းက ဖြစ်တည်ခဲ့သည်။ သို့သော် ယခုအခါ ဗြိတိသျှကိုလိုနီ ခေတ်တွင် မြန်မာပြည်သို့ ၀င်ရောက်လာသော ဘင်္ဂါလီများနှင့် ရောထွေးဖေါ်ပြ ခံရပြီး တရားမ၀င်ခိုးဝင်သူများအဖြစ် စွတ်စွဲခံ နေရသည် တရားဝင်ဖြေရှင်းခွင့်လည်း မရခဲ့ပေ။

ယခုလည်း ရခိုင် ဗုဒ္ဓဘာသာအစွန်းရောက် တို့၏ တိုက်ခိုက်မှုများကြောင့် ရိုဟင်ဂျာတို့မှာ အိမ်နီးချင် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသော်လည်း ဘင်္ဂလားဒေရှ့်နိုင်ငံက ၎င်းတို့သည် ဘင်္ဂါလီများမဟုတ် ကြ၍ လက်မခံသဖြင့် မြန်မာပြည်သို့ ပြန်လည်နှင်လွှတ်ခံနေကြရသည်။ ရိုဟင်ဂျာရွာများမှာ တိုက်ခိုက်ခံနေကြရ၏။ အိမ်များကိုလည်း မီးရှို့ခဲ့ကြ၏၊ စနစ်တကျ သတ်ဖြတ်မှုများရှိနေပြီး အရှင်လတ်လတ် မီးရှို့ ခံရခြင်း အပိုင်းပိုင်းခုတ်သတ်ခံရခြင်းများရှိနေပါသည်။

ပြည်ထောင်စုအစိုးရကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ ထိရောက်သော အရေးယူမှုမရှိသည့်အပြင် ရခိုင်ပြည်နယ်တွင် ဒေသခံ စစ်တပ်နှင့် ရဲ့များကလည်း ပါဝင်ပတ်သက်နေကြောင်းတွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် ကယင်းကိစ္စနှင့် စပ်လျဉ်း၍ ဖေါ်ပြခြင်းမရှိခြင်းကလည်း အကြမ်းဖက်မှုကို ပိုမှိုဆိုးရွား စေသကဲ့သို့ ဖြစ်လာနေသည်။

မူလက မြန်မာအစိုးရက OIC မွတ်စလင်မ် နိုင်ငံများ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ ရုံးခန်းကို ရခိုင်ဒေသပြန်လည်ထူထောင်ရေး အတွက် ဖွင့်လှစ်ရန် သဘောတူခဲ့သော်လည်း ယခုအခါ ခွင့်မပြုတော့ကြောင်း ဆိုလာ၏ မွတ်စလင်မ် နိုင်ငံများအနက် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး ကနဦးဆက်သွယ်လာသူများမှာ တူရကီ၊ အင်ဒိုနီးရှား နှင့် မလေးရှား တို့ဖြစ်ကြသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ရိုဟင်ဂျာတို့သည် ဖိနှိပ်ချုပ်ချယ်မှု အခံရဆုံးသူများဟု အသိအမှတ်ပြု ဖေါ်ပြသော်လည်း ထိရောက်သည့် လက်တွေ့ အရေးယူဆောင်ရွက်ချက် မရှိခဲ့ပါ။ ထိုကြောင့် ရိုဟင်ဂျာတို့သည် နိုင်ငံမဲ့ ဒုက္ခသည်များအဖြစ် ရောက်ရှိနေကြပါသည်။

၁၉၇၈ ခုနှစ်က မြန်မာအစိုးရ၏ နဂါးမင်းစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာများသည် ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးခဲ့ကြပြီးနောက် မြန်မာနိုင်ငံက ပြန်လက်ခံခဲ့ရ၏။ မြန်မာအစိုးရက ၎င်းတို့အားဗုဒ္ဓဘာသာ ကူးပြောင်း မှ နိုင်ငံသားပေးမည်ဟုဆိုခဲ့ရာ ၎င်းတို့က ငြင်းပယ်ခဲ့ကြသဖြင့် နိုင်ငံသားမှတ်ပုံတင် မရရှိခဲ့ခြင်းဖြစ်ပါသည်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် ၎င်းတို့အား နိုင်ငံမဲ့ ဒုက္ခသည်များ ဘ၀သို့ တွန်းပို့ခဲ့ပါ သည်။ ပြည်တွင်း၌လည်း လွတ်လပ်စွာ သွားလာခွင့်မရှိ အိမ်မြေ၀ယ်ရောင်းခွင့်မရှိ အိမ်ထောင်ပြုခွင့် နှင့် ပညာသင်ခွင့်၊ ထိမ်းမြားခွင့်များ၌ ချုပ်ချယ်ကန့်သတ်မှုများခံခဲ့ကြရပါသည်။

2 comments on “မြန်မာ နိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင်မ် လူ့အဖွဲ့အစည်း၏ ကံကြမ္မာ

  1. အဖို အဖွား မိဘ အားလုံး ၂ ခေါက်ချိုး အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်သူများမှ ဖေါက်ဖွားလာသူ သား သမီး မြေး မြစ်များကို သံသယ White Card ကို ကိုင်ဆောင်စေ ခြင်းကိုက နှိုင်ငံတော် အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုထဲကပါ။

  2. ယူတို့နိုင်ငံကတောင် လက်မခံတာ အိုင်တို့ ရခိုင်ကဘာလို့လက်ခံမှာလဲ။ယူတို့ကုလားအကြောင်း အိုင်တို့ရခိုင် ပဲ သိတယ်။ကုလားမနိုင် ရခိုင်မေး တဲ့ စကားပုံတောင်ရှိတယ်။

Leave a comment