Leave a comment

ဗိုလ်ချုပ်အောင်ဆန်း၏နောက်ဆုံးနေ့များရုပ်ရှင်ကို ဘာကြောင့် ရိုက်ကူး ချင်ရ ပါ သနည်း

Written by:
မြေနီသစ္စာ
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အတွင်းရှိ ဗိုလ်ချုပ်နေအိမ်နှင့် ခြံသန့်ရှင်းရေးပြုလုပ်နေသည့် ဗိုလ်ချုပ်ကြေးရုပ်တုကို တွေ့ရစဉ်

ဤမေးခွန်းကို မိမိအားမေးသူသည် အမေရိကန်သတင်းစာဆရာ ကယ်လန်မက်ကလော့ (Calum Mac Leod) ဖြစ်သည်။ သူသည် လစဉ်စောင်ရေငါးသန်း ထုတ်ဝေ ရသော USA Today ခေါ် ‘ယနေ့အမေရိကန်’ မဂ္ဂဇင်းက အယ်ဒီတာဖြစ်သည်။ ပီကင်းမှာ သူရုံးထိုင်သည်။ ယင်းမဂ္ဂဇင်းက တရုတ်နှင့် အရှေ့တောင်အာရှဌာနခွဲ တာဝန် ခံဖြစ်သည်။ ‘ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးနေ့များ’ ရုပ်ရှင်အကြောင်းကို သူ့မဂ္ဂဇင်းတွင် ထည့်သွင်းရန် မိမိထံသို့ ရောက်လာခြင်းဖြစ်သည်။ သူနှင့် အတူ ပြည် တွင်း ကဘာသာပြန် အယ်ဒီတာဖြစ်သူ ပြည်ထောင်စုသတင်းစာက ကိုထူးလွင်မျိုးလည်း ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးနေ့များကို ဘာကြောင့် ရုပ်ရှင် ရိုက် ကူး ချင်ရပါသနည်းဟု မေးလာပါသည်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရချိန် ၁၉-၇-၁၉၄၇ နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်က မိမိသည် ဖခင်နှင့်အတူ သိမ်ကြီးဈေးမှာ စားကုန်သောက်ကုန် ၀ယ်နေချိန်ဖြစ်၏။ နာရီဝက်အတွင်းမှာပင် သိမ်ကြီးဈေးအနီးရှိ ရန်ကုန်ဆေးရုံကြီး (RGH) သို့ အလောင်းသယ်ကား နှစ်စီးရောက်လာပါသည်။ မိနစ်ပိုင်းအတွင်းမှာပင် လူတို့သည် ဟိုပြေး ဒီပြေးနှင့် သိမ်ကြီးဈေးတစ်ဝိုက် ဆောက်တည်ရာမရ ရွေ့လျားနေကြ၏။ “သားရေ၊ ဗိုလ်ချုပ်တို့ လုပ်ကြံခံရလို့တဲ့ အိမ်မြန်မြန်ပြန်မှ” ဟု ဖခင်ကပြော၏။ ဖခင်သည် မိခင်နှင့် အကြောင်းမပါမီက မန္တလေးဘုရားကြီးတိုက်က သံဃာတော်တစ်ပါး ဖြစ်၏။ ဗုဒ္ဓ၏ဓမ္မနှင့် လျော်ညီစွာ သတိရှိသူဖြစ်၏။ သတိဖြင့်ပြောသော ဖခင်စကားကို ကြားနာရင်း လူတွေပြေးလွှား လှုပ်ရှားနေသောမြင်ကွင်းသည် ယနေ့ထက်တိုင် မိမိမြင်ကွင်းထဲတွင် စွဲထင်ကျန်ရစ်ခဲ့၏။

၁၉၅၈ တွင် မြန်မာ့အလင်းသတင်းစာတိုက်သို့ အလုပ်သင်သတင်းထောက်အဖြစ် မိမိရောက်၏။ မြန်မာ့အလင်းက မိမိကို သတင်းစာကျောင်းတွင် ထားပေး၏။ ကထိက တစ်ဦးဖြစ်သူ ဆရာမောင်ထင် (ဦးထင်ဖတ်) သည် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို သူပို့ချတိုင်း ထည့်ပြော၏။ ဗိုလ်ချုပ်အောင်ဆန်းသည် ဆရာမောင်ထင် ၏   ကျေးဇူး   ကြောင့် မိမိအသိမှာစွဲနေ၏။ မိမိ၏ သတင်းစာကန့်ကူလက်လှည့် ဆရာတစ်ဦးဖြစ်သူ ညအယ်ဒီတာ ဦးသောင်းညွန့် (စာရေးဆရာ ရွှေပိန်သောင်း) ကို ဒီလောက် သိ စရာ များ တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ဘာကြောင့်ရုပ်ရှင်မရိုက်တာလဲဟု မိမိမေးမိသည်။

ဆရာ ရွှေပိန်သောင်းက မိမိကို အတန်ကြာကြည့်လျက် ပြုံး၏။ ပြောရဦးမည်။ ထိုအချိန်က ဆရာသည် (ညအယ်ဒီတာလုပ်လျက်က) မှော်ပီမနှင်းစိန် အပါအ၀င် ၀တ္ထု ဇာတ် ညွှန်း သုံးလေးပုဒ်ရေးပြီးခဲ့ပြီ။ ရုပ်ရှင်ရိုက်ပြီးခဲ့ပြီ။ ယင်းကြောင့် မိမိသည် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဘာကြောင့် ရုပ်ရှင်မရိုက်တာလဲ။ ဆရာ့လို ဗိုလ်ချုပ် အကြောင်း ဗဟုသုတများများသိရှိတဲ့ သတင်းစာဆရာတစ်ဦးအနေနဲ့ ဘာကြောင့်ရုပ်ရှင်ရိုက်ဖို့ မရေးသားတာလဲ” ဟု မေးလိုက်ခြင်းပင်။

“ပြဿနာက ဒီလုပ်ကြံမှုမှာ မကင်းရာမကင်းကြောင်း ပုဂ္ဂိုလ်တွေဟာ အကြီးအကဲရာထူးရာခံတွေ ရနေကြတယ်။ ရေးလို့ရိုက်လို့ မဖြစ်ဘူး” ဟု ဆရာက နာမည်တွေနှင့်တကွ ရှင်းပြ၏။ မိမိတုန်လှုပ်သွား၏။ ဗိုလ်ချုပ်ကိုသတ်ပြီး နန်းတက်ခဲ့ကြပါသလားဟု မိမိထိရှ နာကျင်သွား၏။ မိမိအခွင့်ရလျှင် ရုပ်ရှင်ဖြင့် တစ်နေ့တင်ပြနိုင်ရန် ကားထုတ် မည်ဟု ဆုံးဖြတ်သတ်မှတ်လိုက်၏။

၁၉၆၁ ခု ဒီဇင်ဘာ ၁၃ ရက်တွင် ကာကွယ်ရေးဝန်ကြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်နှင့်အတူ ရှမ်းအရှေ့မြောက်သို့ သတင်းစာတိုက်တာဝန်ဖြင့် လိုက်ပါခွင့်ရ၏။ ကွမ်းလုံခရိုင်မြို့တော် ဟိုပန်မှာ နှစ်ပတ်နီးပါးကြာ၏။

ဤဗိုလ်ချုပ်၏ ကြန်အင်လက္ခဏာတို့ကို ပြည်သူတို့ သိအပ်၏။ မှတ်အပ်၏။ လေ့လာပွားများ အားထုတ်အပ်၏။ ယင်းတို့ကို ပညာပေး၊ အသိပေး၊ ဖျော်ဖြေပေးနိုင်ရန် သတင်းနည်းပညာနှင့် ရုပ်ရှင်အတတ်ပညာတို့ပေါင်းစပ်လျက် ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးနေ့များကို ရိုက်ကူးရခြင်းဖြစ်၏ . . . . .

ဝန်ကြီးဗိုလ်မှူးအောင်နှင့်အတူ စစ်ဘက်လက်ထောက်အဖြစ်နှင့် ဗိုလ်မှူးထွန်းရွှေအမည်ရှိ တပ်မတော်အရာရှိတစ်ဦး ပါလာ၏။ အကြောင်းပေါင်းသင့်၍ ဗိုလ်မှူး ထွန်းရွှေနှင့်   ခဏချင်းရင်းနှီး၏။ ဗိုလ်မှူးထွန်းရွှေ (နှာခေါင်းထိပ်တွင် ပြတ်ရှရှိ၍ နှာပြတ်ထွန်းရွှေဟု ခေါ်၏) ကား နှယ်နှယ်ရရမဟုတ်။ ဗိုလ်ချုပ်လုပ်ကြံခံရ သည့် အချိန် က ဗိုလ်ချုပ်အိမ်လုံခြုံရေးကို ယူရသူ ဗိုလ်ကြီးထွန်းရွှေပင်။ မိမိအဖို့ အချိုရှာသကာတွေ့ပြီး ဗိုလ်မှူးထွန်းရွှေဆီက ဗိုလ်ချုပ်တို့လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မိမိမသိ ထားသေး   သော   အချက်အလက် အမြောက်အမြား သိလာရ၏။ တစ်နေ့အကောင်အထည်ဖော်မည့် မိမိကို မီးထိုးပေးသကဲ့သို့ပင်။

မကြာမီ မိမိ၏မိတ်ဆွေ မင်းသားကြီး ဦးထွန်းဝေနှင့်ပတ်သက်၍ ဗိုလ်ချုပ်၏အပါးတော်မြဲလုပ်ခဲ့သူ တက္ကသိုလ်နေ၀င်း (ဗိုလ်ထွန်းလှ)နှင့် ရင်းနှီးခွင့်ရ၏။ ဗိုလ်ချုပ်ဆိုင်ရာ မိမိမသိသော အချက်ခပ်များများ သိလာရ၏။ ယခုအသက် ၈၀ ရှိပြီဖြစ်သော ရုပ်ရှပ်ဒါရိုက်တာ အကယ်ဒမီ ဦးထွန်းလှိုင် (ဓာတ်ပုံ) ဆီကလည်း ဗိုလ်ချုပ်လုပ်ကြံမှုမှာ ဦးစောကြိုးပေးခံရပုံ ရိုက်ကူးထားသည့် သတင်းကားအကြောင်း သိရှိရ၏။ ဇာတ်လမ်းရုပ်ရှင်ညွှန်မှူး ဗိုလ်မှူးမျိုးမြင့် ရိုက်ကူးခဲ့ခြင်းပင်။

၁၉၆၄ သြဂုတ်လတွင် မိမိသည် လျှို့ဝှက်သည်းဖိုမဂ္ဂဇင်း၏ တိုက်ထိုင်စာတည်းဖြစ်လာ၏။ မန္တလေး နမခက၀တ္ထုလှမ်းရေးသော စာရေးဆရာ ခင်မောင်အေး (မန္တလေး) (နောင်-ဗိုလ်မှူးကြီး ခင်မောင်အေးဖြစ်လာသူ)နှင့် ရင်းနှီးခွင့်ရ၏။ မန္တလေးက ရန်ကုန်ဆင်းအလာ သုံး၊ လေးရက်ဆုံရလေရာ ခင်မောင်အေး (မန္တလေး) ကား ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည်၏တူအရင်း ဗိုလ်ချုပ်မကွယ်လွန်မီကတည်းက ဗိုလ်ချုပ်အိမ်မှာနေသူ။ ဗိုလ်ချုပ်ကြိုက်သော ထမင်းကြော်ကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြင် ဆင်   ကျွေး တတ်သူ။ ဗိုလ်ချုပ်သမီးကလေး နှစ်နှစ်အရွယ် မစု (ဒေါ်အောင်ဆန်းစုကြည်) ကို သီချင်းဆို ချော့သိပ်ပေးရသူပင်။

ခင်မောင်အေး (မန္တလေး) နှင့် ယနေ့ထိ နှစ်ပေါင်း ၅၀ ကြာ ခင်မင်ခဲ့ရာ ဗိုလ်ချုပ်နှင့်ပတ်သက်၍ သူ့ဆီက အချက်အလက် ၅၀ မက ရ၏။

မြန်မာ့အလင်းတွင် မိမိရှိစဉ်က ဆရာကြီး မြန်မာ့အလင်းဦးထင်ထံကလည်း အချက်အလက်တချို့ရ၏။ မိမိ၏ ဆရာရင်း မြန်မာ့အလင်း အယ်ဒီတာချုပ် ဦးစိုးမောင် (စာရေးဆရာ သာဂရငစိုး)၏ ချီးမြှင့်ဆက်သွယ်ပေးမှုဖြင့် ဆရာသာဂရငစိုး၏ ငယ်သူငယ်ချင်း နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့သူ ဦးဗဆွေ (ထားဝယ်)ဆီ ကလည်း ထိရှနာကျင်ဖွယ်ရာ ဗိုလ်ချုပ်၏ နောက်ဆုံးနေ့များအကြောင်းကို သိခဲ့ရ၏။ အလားတူပင် မိမိတို့ သတင်းစာကျောင်း ၏ ကျောင်းအုပ်ကြီး ဖြစ်သော နိုင်ငံတော်ဝန်ကြီးချုပ် လေးကြိမ်ဖြစ်ဖူးသူ ဦးနု (သခင်နု) ဆီကလည်း ဗိုလ်ချုပ်အကြောင်းတွေ အများအပြားသိခဲ့ရ၏။

မိမိဖခင်သည် တော်လှန်ရေးဗိသုကာ တစ်ဦးဖြစ်သူ မန္တလေးသား သခင်ဗဟိန်းနှင့် ဆွမ်းခံရာက ရင်းနှီးခဲ့ရာ သခင်ဗဟိန်းဆီက ဗိုလ်ချုပ်လုပ်ကြံမခံရမီ မြှုပ်ကွက်များပါ သိလာရသည်။

ဗိုလ်ချုပ်တွင် အတုယူကျင့်ကြံဖွယ် ကြန်အင်လက္ခဏာများ များစွာရှိ၏။ ဗိုလ်ချုပ်သည် နိုင်ငံချစ်စိတ်၊ အမျိုးသားချစ်စိတ်ဖြင့် နိုင်ငံရေးတစ်ခုတည်းသာ လုပ်သူဖြစ်၏။ ရိုးသား ၏။ မှားလျှင်ဝန်ခံ၏။ ခံနိုင်ရည် ဇွဲသတ္တိရှိ၏။ ထမင်းနှစ်ပြားဖိုး၊ ဗယာကြော်နှစ်ခုနှင့် နံနက်စာပြီးသူဖြစ်၏။ အကျပ်အတည်းအခက်အခဲကို အခွင့်အလမ်းဖြစ်အောင် ကြံဆောင်နိုင် သူဖြစ်၏။ ကိုယ်ရေးကိုယ်တာကိုစွန့်၍ ပြည်သူလူထုအကျိုး၊ နိုင်ငံ့အကျိုးကိုသာ ရွက်ဆောင်၏။ ဒီမိုကရေစီကျင့်စဉ်တို့ကို မြတ်နိုးသူ ဖွံ့ဖြိုးတိုးတက်အောင်   ဆောင်ရွက်ခဲ့သူပင်။

ဤဗိုလ်ချုပ်၏ ကြန်အင်လက္ခဏာတို့ကို ပြည်သူတို့ သိအပ်၏။ မှတ်အပ်၏။ လေ့လာပွားများ အားထုတ်အပ်၏။ ယင်းတို့ကို ပညာပေး၊ အသိပေး၊ ဖျော်ဖြေပေးနိုင်ရန် သ တင်း နည်းပညာနှင့် ရုပ်ရှင်အတတ်ပညာတို့ပေါင်းစပ်လျက် ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးနေ့များကို ရိုက်ကူးရခြင်းဖြစ်၏။ ယင်းကို အမေရိကန်သတင်းစာ ဆရာ အား မိမိက ရှင်းပြလိုက်လေသည်။ “မိမိ၏ ဤဗိုလ်ချုပ်ရုပ်ရှင်ကြောင့် ဗိုလ်ချုပ်မြတ်နိုးဖွံ့ဖြိုးစေလိုသည့် မြန်မာ့ဒီမိုကရေစီအရေးသည် အမှန်တကယ် ထွန်းကားပြန့်ပွား လာမည်ဟု ယုံကြည်ပါသလား” ဟု သတင်းစာဆရာ ကယ်လန်မက်ကလော့က တက်တက်ကြွကြွ မေးလာသောအခါတွင်   မြန်မာ့ဒီမိုကရေစီရေး သည်   သေချာပေါက် ဖွံ့ဖြိုးထွန်းကားလာလိမ့်မည်ဟု ကြည်နူးဝမ်းမြောက်စွာပင် မိမိဖြေကြားလိုက်ပါတော့သည်။

– See more at:  http://news-eleven.com/opinion/

Leave a comment