danyawadi

အသိပေးခြင်း

လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါက်တာဇာနည်ကို နိုဘယ်ငြိမ်းချမ်းရေးဆု အဆိုပြု

မြန်မာဆိုရိုးစကားများ(၂၀၀)

ကုသိုလ်လည်းရဝမ်းလည်းဝ။ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ။ကံမကောင်းအကြောင်းမလှ။ကံရှိမှထင်ပေါ်၊ ဉာဏ်ရှိမှကျော်။ကိုယ်ကကျူး၊ ကိုယ့်ဒူးမှမယုံရ။ကိုယ်ကောင်းခေါင်းဘယ်မရွေ့။ကိုယ်ထင် ခုတင်ရွှေနန်း။ကိုယ်မွေးသည့်မျောက် ကိုယ့်ကိုယ်ခြောက်။ကိုယ့်ကိုယ်ကိုယ်ဖော် သူတော်ခုနှစ်ပါး။ကိုယ့်ငါးချဉ်ကိုယ်ချဉ်။ကိုယ့်ပေါင်ကိုယ်လှန်ထောင်း။ကိုယ့်အတတ်ကိုယ်စူး။ကမ္ဘာမီးလောင်၊ သားကောင်ချနင်း။ကောက်ညှင်းကမစေး၊ ဆန်ကြမ်းကစေး။ကောက်ပင်ရိတ်လှီး၊ ရေစီးဖောင်ဆန်။ကောင်းလျှင်စံ၊ ဆိုးလျှင်ခံ။ကိုက်မနိုင်၊ ခဲမရ။ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ။ကျမြေကြီး၊ တက်ရွှေထီး။ကျားကြီး၊ ခြေရာကြီး။ကျားကြောက်လို့ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး။ကျီစားသန် ရန်ဖြစ်။ကျီးကန်းတောင်းမှောက်။ကျူပင်ခုတ်၊ ကျူငုတ်မျှမကျန်စေနှင့်။ကျောချမှ ဓားပြမှန်းသိ။ကျော်တော့ လှေထိုးသား၊ ညားတော့လှေသူကြီး။ကျောင်းနေကြာလို့ စာမတတ်။ကြာကြာဝါးမှခါးမှန်းသိ။ကြီးနိုင်ငယ်ညှင်း။ကြီးလျှင်မှီ၊ ငယ်လျှင်ချီ။ကြိုးစားကဘုရားဖြစ်။ကြက်ကန်းဆန်အိုးတိုး။ကြက်ချည်သောကြိုးနှင့် ဆင်ချည်သော်ပြတ်။ကြက်မတွန်၍ မိုးမလင်း။ကြက်မှာအရိုး လူမှာအမျိုး။ကြောက်တတ်ရန်ကင်း။ကြောင်အို၊ ကြွက်မလေး။ကျွဲပါးစောင်းတီး။ကြွက်သေတစ်ခု အရင်းပြု။ခရီးလိုလျှင် လမ်းအိုလိုက်။ခလုတ်ထိမှ အမိတ။ခုစာကလေးကြော်၊ ခုဆီထမင်း။ခုရေတွင်းတူး၊ ခုရေကြည်သောက်။ခုရှုပ်မှနောင်ရှင်း။ခဲလေသမျှ၊ သဲရေကျ။ခေါ်တိုင်းလည်းမသွားနှင့်၊ တော်တိုင်းလည်းမကြွားနှင့်။ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း။ခုတျရာတခွား၊ ရှရာတလွဲ။ချီးမွမ်းခုနှစ်ရက်၊ ကဲ့ရဲ့ခုနှစ်ရက်။ချော်လဲ ရောထိုင်။ခ်က်ဆို နားခွက်ကမီးတောက်။ချင်းစိမ်းနှင့်မိဿလင်၊ သူကြင်မှ ကိုယ်ကြင်။ချစ်တီးခေါင်းသန်းရှာ။ချစ်တုန်းခင်တုန်း၊ တပြုံးပြုံး။ချိတ် ချိတ်ချင်းမှ ချိတ်မိသည်။ချိန်းလွန်းလျှင်မလာ။ချုန်းလွန်းသည့်မိုးမရွာ။ခြွေမှရံသည်။ဂျပိုးလိပ်ဖြစ်။ငါးကြင်းဆီနှင့် ငါးကြင်းကြော်။ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်။ငါးစိမ်းမြင်၊ ငါးကင်ပစ်။ငါးပြေမဆားပက်သလို။ငါးမြင်တော့ တံငါဆွေမျိုးမှန်းမသိ။ငိုချင်လျက်လက်တို့။ငိုအားထက် ရယ်အားသန်။ငယ်ကချစ် အနှစ်တစ်ရာမမေ့သာ။ငုတ်မိသဲတိုက်၊ တက်နိုင်ဖျားရောက်။ငွေများတရားနိုင်။စကားကျွံသော်နှုတ်မရ၊ ခြေကျွသော်နှုတ်ရ။စကားချိုစေသူလိုစေ။စကား စကားပြောပါများ၊ စကားထဲက ဇာတိပြ။စကားဆို၊ […]

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ထောင်ကနေပြောင်းရွှေ့

၁၆ ဧပြီ၊ ၂၀၂၄ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထိပ်တန်းခေါင်းဆောင်တွေကို ထောင်ကနေ ပြောင်းရွှေ့လိုက်ပါတယ်။ နေပြည်တော် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ငူထောင်မှာ ဖမ်းဆီးထားတဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပြောင်းရွှေ့လိုက်ကြောင်း သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဗွီအိုအေကို အတည်ပြုပြောပါတယ်။ “သမ္မတဟောင်းဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိစ္စနဲ့ပတ်သတ်ပြီးပြောရမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီအကျဉ်းထောင်တွေမှာ ရာသီဥတုအခြေအနေအရ အပူချိန်ပြင်းထန်နေတာတွေရှိတယ်။ ဒါတွေနဲ့ပတ်သတ်ပြီး သမ္မတဟောင်းဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်မှမဟုတ်ပါဘူး၊ ကျန်းမာရေးအရလိုအပ်တဲ့အကျဉ်းသားများ၊ အသက်ကြီးနေတဲ့အကျဉ်းသားများနဲ့ပတ်သတ်ပြီး အပူဒဏ်သက်သာစေရေးအတွက် နည်းလမ်းများနဲ့ ရှာဖွေပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိပါတယ်။” မြန်မာ့ရိုးရာ နှစ်သစ်ကူးကာလတွေမှာ အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာမျိုး လုပ်လေ့ရှိတတ်တဲ့ အချိန်မှာ အခုလို သတင်းထွက်ပေါ်လာတာပါ။ စစ်ကောင်စီ လက်ထက်မှာ အကျဉ်းသားထောင်ချီ လွှတ်ပေးတာတွေလည်း […]

အီရန်က ပစ်လာတဲ့ ဒရုန်းနဲ့ ဒုံးကျည်ရာချီကို ပစ်ချလိုက်တယ်လို့ အစ္စရေးပြော

၁၄ ဧပြီ ၂၀၂၄ အီရန်ဘက်ကနေ ပစ်လိုက်တဲ့ ဒရုန်းနဲ့ ဒုံးကျည် ၂၀၀ ကျော်ထဲက အများစုကို မဟာမိတ်တွေနဲ့အတူ ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စအရေးက ပြောပါတယ်။ အစ္စရေးပိုင်နက်ထဲကနေရာအချို့ကို ထိတာလည်းရှိပြီး အဲဒီထဲမှာ အစ္စရေးတောင်ပိုင်းက အစ္စရေးကာကွယ်ရေးတပ် (IDF) ရဲ့ အခြေစိုက်တစ်ခန်းတစ်ခုလည်းပါဝင်တယ်လို့ ဆိုပါတယ်။ အီရန်ရဲ့အခုလို လက်တုံ့ပြန်တိုက်ခိုက်မှုဟာ အီရန်မြေထဲကနေ အစ္စရေးကို ပစ်မှတ်ထားတဲ့ ပထမဆုံးအကြိမ် တိုက်ရိုက် တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း အစ္စရေးဆီကို ဦးတည်သွားတဲ့ အီရန်ရဲ့ ဒရုန်းတချို့ကို ပစ်ချခဲ့တယ်လို့ အမေရိကန်စစ်ဘက်အရာရှိတွေကိုကိုးကားပြီး ဘီဘီစီရဲ့ အမေရိကန်မိတ်ဘက်ရုပ်သံဌာန စီဘီအက်စ်က သတင်းဖော်ပြပါတယ်။ ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်စ်ကတော့ ”အဆင်ခြင်မဲ့တိုက်ခိုက်မှု” လို့ ရှုတ်ချပြောဆိုထားပြီး ဒေသတွင်းမှာ အမေရိကန် တိုက်လေယာဥ်တွေ ပိုတိုးဖြန့်ကြက်ထားတယ်လို့ ပြောပါတယ်။ ဧပြီလ တစ်ရက်တုန်းက […]

Request to all

မေယုကိုယ်တွေ့

Movement of Muslims for Independance of Myanmar: မြန်မာမူစလင်တို့၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း

Movement of Muslims for Independance of Myanmar: မြန်မာမူစလင်တို့၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း

https://drive.google.com/file/d/1MVJdLWS4BImenzNkz905TJmOeAkYrPm_/preview

A History of Chittagon Vol. (1)

https://drive.google.com/file/d/1_K6xrb-JfUTqYMPHjQqmfyRKwplW2li_/preview