Leave a comment

လွန်ခဲ့ သောနှစ် ပေါင်း ၂၀၀ ကျော် ကတည်းက ရိုဟင်ဂျာ ဝေါဟာရ ရှိခဲ့ကြောင်း သမိုင်း အထောက် အထား အရ ခိုင်လုံ ………..

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်ကတည်းက ရိုဟင်ဂျာဝေါဟာရ ရှိခဲ့ကြောင်းသမိုင်းအထောက် အထားအရခိုင်လုံ ပါသည်။ဤဝေါဟာရ ကို နိုင်ငံရေးအရ ဖန်တီးယူသောနာမည် မဟုတ်ကြောင်းသမိုင်း အထောက်အထားအရ ထင်ရှားနေပါသည်။

(၁)

၁၇၉၅ ခုနှစ် အင်းဝရှိဗြိသျှသံတမန် Michael Symes ၏အဖွဲ့သံအဖွဲ့ဝင်တစ်ဦးဖြစ်သူ   Francis Buchanin  က မြန်မာအင်ပါယာ အ တွင်း ဘာသာ စကားများကိုလေ့လာခဲ့ရာတွင် ရခိုင် ၊ထား ၀ယ်၊ ယော့  မြန်မာ ဟု မြန်မာ ဘာသာစကား လေးမျိုးကို နှင့် ဂင်္ဂါမြစ် ၀ှမ်း တ၀ိုက်သုံးသော ဘာသာ စကား နှင့် ဆင် တူ ရိုးမှား (အိန္ဒိယ နွယ်သော) စကားသုံးမျိုးကို သုံးမျိုးကိုတွေ့ခဲ့ရသည်။
၎င်းစကားစကား(၃) မျိုးမှာ–
(၁)။ – ဘိုးတော်ဘုရားလက်ထက်ဖမ်းဆီးခေါ်ဆောင်လာသော Banga ဟုဆိုသူ လူမျိုးတို့ပြော   သော ဘာသာစကား
(၂)။ – ရခိုင်ပြည်ရှိ ဟိန္ဒူများပြောသောစကားဖြစ်ပြီး
(၃)။ – ရခိုင်ဒေသရှိအစ္စလာမ်ဘာသာဝင်များပြော သောစကား တို့ဖြစ်သည်။
ဟိန္ဒူတို့ကမိမိကိုယ်ကို Rosswan ဟုခေါ်ဆို၍  မူဆလင်တို့ကမူ   Rovinga  ဟုခေါ်ကြသည်။ ၎င်းတို့နေ ထိုင်ရာဒေသ ကို Rovinga (Rowang Shor)  ခေါ်ကြသည်။ Buchanin က အမရပူရ တွင်သူတွ့ရှိ ခဲ့သောသူ့တပည့်တို့က သူတို့ပြောသော Roinga နှင့် Rosswan ဘာသာစကားသည် ရခိုင်ဒေသ ရှိ လူမျိုးစုက နားလည်သုံးနုံးသော ဘာသာစကားဖြစ်ကြောင်း အကြိမ်ကြိမ် တင်ပြခဲ့ သည်ဟု ရေးသားထားသည်။  Ref: Bangla Distric Gezetter,Chittagong,Page-115 AD-1798

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

( ၂ )
ရမ်းဗြဲ တောင်ကျောင်းဆရာတော် ရေး ရခိုင်ရာဇဝင်သစ် ပထမအုပ်စတုတ္ထတွဲ ၊ စာမျက်နှာ ၃၅၁/ ၃၅၂/ ၃၅၃ တို့ တွင်ငနှလုံမင်း(၁၂၃၄ – ၁၂၃၇)လက်ထက် ကုလားပြာည်ကိုစစ်ထိုး
ရာ သုံ့ပန်းအဖြစ် (၄၇၅၀၀) ဦး ခေါ်လာပြီး မင်းသုံး၊မိဖုရားသုံး၊ မင်းသားသုံး၊ မင်းသမီးသုံး မှူးမတ်သုံး အတွက် အသီးသီး အစုနှင့် ခွဲတော်မူသည်။ ဤကားဓညဝတီအရေးတော်ပုံ`၌ ပါသောငနှလုံမင်း အကြောင်း တည်းဟု ရေးသားဖေါ်ပြထားသည်။
(ရမ်းဗြဲ တောင်ကျောင်းဆရာတော် ရေး ရခိုင်ရာဇဝင်သစ် ပထမအုပ်စတုတ္ထတွဲ ၊ စာမျက်နှာ ၃၅၁/ ၃၅၂/ ၃၅၃)

( ၃ )
Francois Bernier ၏မှတ်တမ်းနှင့် Father Delaunoite ၏ Catholic encyclopedia အရ ၁၆၂၁ မှ ၁၆၂၄ ခှုနှစ်အတွင်း ဖမ်းဆီးခေါ်ဆောင်လာသူများမှာ (၄၂၀၀၀) လေးသောင်း နှစ်ထောင် ရှိ သည်ဟု ဆို၏ ဆာအာသာဖယ်ယာက ဖမ်းဆီးခေါ်ဆောင်လာသူ ဦးရေးသည် ရခိုင်ပြည် စုစုပေါင်း လူဦး ရေး၏ ၁၅ % ရှိသည် ဟု ဆိုထားသည်။ ရခိုင်ဘုရင် ကထိုဖမ်းဆီးယူလာ သောလူထဲတွင် အတတ် ပညာ ရှင် ဖြစ် သူ လေးပုံတစ်ပုံ ခန့်ကိုယူ ထားပြီး ကျန်လူများကို တစ်ဦး လျှင် (20 Rs မှ 70 Rs ဖြင့် )ဈေးတင်ရောင်း ချ ခဲ့သည်။ ထိုဖမ်းဆီးကျွန်များကို လက်ဖဝါးဖေါက်ပြီး ကြိမ်လုံးဖြင့် ချည်နှောင်ကာ ကြက်၊ငှက် ကဲ့ သို့ သင်္ဘော ကုန်တွင်း ထဲ ထည့်သွင်းပြီး သယ်ဆောင် လာခဲ့သည်ဟုဆို၏။
(Harvey,Outlineof Burmese History Page, 94 )

( ၄)
မင်းဘာကြီး ခရစ်ဝက္ကရာဇ်(၁၅၃၁ – ၁၅၅၃) နှင့် မင်းရာဇကြီးတို့ လက်ထက် က သောင်းထီး ကျွန်းမှကုလား   လေးထောင်စီ ဖမ်းဆီးခေါ်လာခဲ့ကြောင်း၊ မင်းရာဇာ ပဲခူးသို့ စစ်ချီခဲ့ ရာတွင် ကုလား မွတ်ဆလင် သူရဲကောင်း ၅၀၀၀၀ (ငါးသောင်း)သားတော် အိမ်ရှေ့ မင်းသား မင်းခ မောင်း ပိုမော်တင် ချောင်း၊ သံလျှင်မြို့သို့ စစ်ချီလေ သည်ဟု ပါရှိသည်။မောရစ်ကော လစ် ရေး ဒုတိယတွဲ စာမျက်နှာ ၁၂ တွင် (ထို့ကြောင်းရခိုင်ပြည် သည် ပထမနှစ် (၁၀၀၀) အတွင်းကုလားမင်းများအဆက်ဆက် အုပ်ချုပ်ခဲ့သည်) ဟူ၍လည်းကာင်း၊စာမျက်နှာ (၁၃) တွင် ခရစ် ၉၅၇ ခှုစ် နောက်ပိုင်းတွင်ရခိုင်ရာဇဝင် စတင်ခဲ့တောသည် ) ဟု လည်းကောင်း စံရွှေပု ကဆိုသည်ဟူ၍ လည်းကောင်း၊စာမျက်နှာ ၂၁ တွင် ခရစ်နှစ် ၉၅၇ မတိုင်မီကရခိုင်ပြည်သည် ကုလား ပြည် တစ်ပြည်ဖြစ်ခဲ့ သည် ကတော မှန်ပေ၏ ဟူ၍ လည်းကောင်း – စသည်ဖြင့် ဖေါ်ပြထားသည် ။ရခိုင်ပြည်ကို ဟိန္ဒူဘာသာ ဝင်များ က အေဒီ ၁ ရာစုမှ ၁၁ ရာစု အထိ နှစ်ပေါင်း (၁၀၀၀) ကျော်စိုးမိုး အုပ်ချုပ်ခဲ့သည်ဟု ရေးသားထားသည်။

(၅)

အထက်ပါစာအုပ်၏နောက်တစ်နေရာတွင် တရံရောအခါ စစ်တွေကျွးန်ကုလားတို့ကို ဓါးပိုင် ကြီး သောက်ကြယ် က ခေါ်၍ ဆုလာဘ်ပေးကြောင်း ၊မင်းမသိအမတ် မြို့သစ်စား ရွှေသဲ သိစေလျှင် ထို အကြောင်း ကိုလျှေက်ထား   လေသော် ဟုပါရှိရာ (ပြည့်ရှင်မင်းမဟာရာဇာ လက်ထက်) စစ်တွေမှာ ထိုစဉ် ကပင် ကုလားမွတ်ဆလင်များ ရှိနေကြောင်းထင်ရှားနေသည်။
ရခိုင်အမျိုးသားစာရေးဆရာများ၏အထက်ပါမှတ်တမ်းများအရ ထိုစဉ်က မူဆလင် ဦးရေ အများ အပြားရှိသည် ကိုခန့်မှန်း နိုင်သည်။ ဤ အရပ်ရပ် မူဆလင်များသည် ရှူးဂျား မင်းသား ၁၆၆၀ ခုနှစ်ရခိုင် သို့ခိုလှုံလာသည့် ကာလ ထက်အချိန်ကာလ အားဖြင့် စော နေသည်ကိုတွေ့ ရ သည်။ရခိုင်ဘုရငသည် လေးသညတော် (ကမန်)တပ်ဖွဲ့ဝင် ရှားရှူးဂျား မင်းသား နောက် လိုက်များ ထက်ရှေးကျသူများဖြစ် သည်ရခိုင်ဒေသတွင်ဗုဒ္ဓဘာသာဝင် တစ်ချို့ အစ္စလာမ်ဘာသာ သို့ကူးပြောင်းခဲ့သည်ဟုဓညဝတီဆရာ တော် ဦးညာဏ၏ရခိုင်ရာဇဝင်ဒုတိယတွဲ စာမျက်နှာ (၁၆၁- ၁၆၂) `၌လည်း ကောင်း၊ ဦးကြည် မြန်မာ သမိုင်း စာမျက်နှာ (၁၆၀ )`၌လည်းကောင်း ဦးလှထွန်းဖြူ ၏ ငွေစကားရည်လုပွဲစာအုပ် စာမျက်နှာ (၄၇) တွင် လည်း ကောင်းရေးသား ဖေါ်ပြထားသည် ကိုတွေ့ရှိရသည်။

( ၆ )
Maurice Collis ရေးသော The Land Of the Great Image အား ဦးလှဒင်က ရွှေရတနာ မြေ အမည်ဖြင်ပြန်ဆို ရေးသာဘာသာပြန်ဆုရစာအုပ်၏ စာမျက်နှာ (၁၉၁) တွင် အေဒီ ၆၃၀ ခုနှစ် က ရခိုင်ပြည် သည် အိန္ဒိယနိုင်ငံအတွင်း ပါဝင်ခဲ့၍ နေထိုင်သောလူမျိုးများမှလည်း ဘင်္ဂလား ပြည် မှလူမျိုး များ နှင့်အသွင် တူကြ သည်။ ထိုနည်းတူဟိန္ဒူဗုဒ္ဓဘာသာနှင့်ဗုဒ္ဓဘာသာ နှစ်မျိုး စလုံးပြိုင်တူထွန်းကားခဲ့ သည့်အထောက် အ ထား များ ရှိသည်ဟုဖေါ်ပြသည်။အိန္ဒိယ တိုက် ငယ်တွင်အထူးသဖြင့်ပါကိစ္စတန်နှင့်ဘင်္ဂလားနယ်တွင် ဟိန္ဒူဘာသာဝင် အများစုသည် အစ္စလာမ်ဘာသာသို့ကူးပြောင်းကိုးကွယ်ရာဘင်္ဂလားပြည်နယ်နှင်ဆက်စပ်လျက်ရှိသောရခိုင်ပြည်`၌လည်းမြောက်ပိုင်း`၌လည်းရခိုင်လူမျိုးဟိန္ဒူဘာသာဝင်အများစုမှာအစ္စဘာသာသို့ကူးပြောင်းကိုး ကွယ် လာကြသည်။ ထိုသူများမှာရိုဟင်ဂျာများဖြစ်သည်။ တစ်ချိန်ကပြည်သည် ဘင်္ဂလားသစ္စာတော် ခံအဖြစ် လည်းကောင်း၊ဘင်္ဂလား(၁၂)မြို့ခေါ် ဘင်္ဂလား ဒေသ သည်ရခိုင် ပြည်၏ အင်ပါယာ အဖြစ် သို့လည်းကောင်း အပြန်အလှန်ကျရောက် ခဲ့ကြကြောင်း History Of Burma နှင့်သမိုင်းစာအုပ်များ တွင်ဖေါ်ပြ ထား သည်ကိုတွေ့ရသည်။

( ၇)
ရခိုင်ဘုရင်များသည် ဗုဒ္ဓဘာသာ ၊ အစ္စလာမ်ဘာသာ ၊မကွဲခြားဘဲမျှမျှတတအုပ်ချုပ်ခြင်း၊ ဘာသာရေးလွပ်လတ် ခွင့်ပေးခြင်း ၊ဘုရင်ကိုယ်တိုင် တိုင်းပြည်စည်းလုံးရေးအတွက် အစ္စလာမ် အမည်ဘွဲ့ ကိုခံယူခြင်း ရှေးရခိုင် ဘုရင်များ၏ အမြော်အမြင်ကြီးမားပုံကိုစံနမူနာ ယူစရာဖြစ် သည် ဟု ဦးကြည်(B.A )ရေးမြန်မာရာဇဝင် သိမှတ်ဖွယ်ရာအဖြာဖြာ ကို ကိုးကား ၍တိုင်းရင်း သား လူမျိုးစု သတင်လွှာက ရေသားဖေါ်ပြထားသည်။
( ၈ )
စန္ဒသုဓမ္မရာဇမင်း(၁၆၅၂-၁၆၈၄) လက်ထက်တွင် အိန္ဒိယ မဂိုဧကရာဇ် ရှဂျီဟန်၏ ဒုတိယသား တော် ရှားရှူးဂျားနျှင့် အတူ နောက်လိုက်အင်အား(၃၀၀) နှင့် ၁၆၆၀ ပြည့် ရခိုင်ပြည်သို့ဝင်ရောက် ခိုလှုံကြောင်း ရခိုင် သမိုင်း၊မြန်မာသမိုင်း၊ကမ္ဘာ့သမိုင်း တို့တွင် တွေ့ရှိရသည်။
(၉ )
၁၆၆၈ ခုနှစ် မြောက်ဦးမြို့တွင် ရှားရှူးဂျားဗလီကြီးကို တည်ဆောက်ထားသည်ကို ယနေ့တိုင် တွေ့မြင်ရသော ရှေးခေ တ် ကပင်မွတ်ဆလင်များ ရှိနေကြောင်းသမိုင်း အထောက်ဖြစ်သည်။( အမှတ်စဉ် – ၅၆ – ကု ရှု )

(၁၀)

၁၉၆၉ ခုနှစ်ကစစ်တွေခရိုင် မြို့ဟောင်းမြို့(မြောက်ဦးမြို့)နန်းရာကုန်း အရှေ့ဘက် သရက်အုပ် ရွာမှရသော အလျား၃ပေခွဲ၊အနံ ၂ပေ၊ စာကြောင်းရေ ၈ ကြောင်းပါ သည့်ရှေး ဟောင်းပါရှားနှင့် အူရ်ဒူဘာသာစာ   ရောပြွန်းရေးထိုး ထားသော ကျောက်စာတစ်ချပ်ကို တွေ့ရ သည်။ ရှေးရခိုင် မင်း လက်ထက်က ရွှေချိန် ၂၃တန် ပိဿာ၁၄၂၉၁ ကို မြှုပ်နှံ သည့်အခါ ရေးထိုးခဲ့သည့် ကျောက်စာဟု သိရသည်။
(၂၉-၁၁-၆၉ နေ့ထုတ် ဗိုလ်တထောင်သတင်းစာ စာ-၅)ထိုအချက် ကို အထောက် အထားပြု၍ မြန်မာနိုင်ငံ ၌ ရှေးခေတ်ဘုရင်မင်းများ အုပ်စိုးစဉ်က အရဗီ၊ ပါရှား၊ အူရဒူကျောက် စာများရှိလိမ့်မည်ဟု ခန့်မှန်း နိုင်သည်။

(၁၁)
အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀)ကျော် (၁၂၀၀) ခန့်ကစ၍ အုပ်စုလိုက် လည်းကောင်း၊ တစ်ဦးချင်းနှစ်ဦးချင်းအားဖြင့်လည်းကောင်းပျံ့နှံ့ဝင် ရောက် ခဲ့ပါ သည်။ သမိုင်း အထောက်အထားများအရ အစ္စလာမ် ဘာသာမြန်မာနိုင်ငံသို့ စတင်ရော က် ရှိ လာ ခဲ့ပုံမှာ ပြည်ပ အစ္စလာမ်သာသနာပြုများက မြန်မာ နိုင် ငံသို့လာရောက်သာသနာပြု သဖြင့် ရောက် ရှိလာခဲ့ခြင်း မျိုး မဟုတ်ပါ။ မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာ ရောက်ရှိလာ ပုံနှင့် ပတ်သက်၍အောက် ပါသမိုင်း မှတ်တမ်း အထောက် အထားများ အရ လေ့လာသိရှိပါသည်။ နိုင်ငံတော်အစိုးရကထုတ်ဝေသော(စာမူခွင့်ပြုချက်-၃၄/၉၇(၃)၊ ပထမအကြိမ်ပုံနှိပ်) သောသာသနရောင်ဝါထွန်း စေဖို့ စာအုပ်စာမျက်နှာ (၆၅-၆၈)နှင့်(၇၁-၇၃ )မှ ကူးယူဖေါ်ပြခြင်းဖြစ် ပါသည်။)

(၁၂)
ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ပါမ္ခောဖြစ်ခဲ့သူ G.H. Luce က ၁၄ ရာစု ချင်းတွင်းမြစ် ကျောက်စာတွင် ရခိုင်မင်းများသည်အိန္ဒိယ ဘွဲ့ အမည်ရှိကြပြီး မူဆလင်များဖြစ်သည် ဟုဆိုထားသည်။ ( ဘုရင် များ သည် မွတ်ဟုတ်မဟုတ် တပ်အပ်သေချာမပြောနိုင်သော်လည်း ပြည်သူထုများတွင် မွတ်ဆလင် ရှိနေသည်မှာ ထင်ရှားသော သာဓကပင်ဖြစ်သည်။)
(G.H Luce . Phases of Pre Pagan Burma, Language History စာအုပ် Page- 95. Oxford University 1985)

(၁၃)

ရခိုင် ဘုရင် နရမိတ်လှ လက်ထက်ဝန်ကြီးရာထူး၊ စစ်တပ်၊ ရေတပ်၊ ဗိုလ်မှူးရာထူး များ၌ လည်းကောင်း ခန့်အပ်ခြင်း ခံရသည့် ပုဂ္ဂိုလ် တို့၏ အစုအဝေးလူမျိုးစုပင်ဖြစ်သည်။မွတ်စလင်မ်စာဆိုတော် စိုင်ယက်ဒ်ရှား အာလ်ဝါလ်   (Sayued Shah Al wal) ၏ အဆိုအရ စန္ဒသူဓမ္မဘုရင်၏ နန်းရင်းဝန် ]`မာဂန်´မှာ ရိုဟင်ဂျာလူမျိုး ဖြစ်သကဲ့သို့ ဆိုင်ယက်မုဆာ (Sayed Mussa)၊ မူဂျာဟစ် (Mujaehi နှင့် ဆုလေမန် (Sulaiman)တို့မှာ ရခိုင်နန်းရင်းဝန်ကြီးများ ဖြစ်ကြပြီး အရှရက်ဖ်ခန် (Asharaf Khan) မှာ စန္ဒသုဓမ္မ ဘုရင်၏ စစ်သူကြီးဖြစ်သည်။ Ref :  ၁။ – MKရာမန်-ရ   ၊  ၂။ – မြ၀တီမဂ္ဂဇင်း၊ ၁၉၆၀-ခု၊ မောင်သံလွင်၏ ရိုဝန်ညာလူမျိုးများ။

(၁၄)
အေဒီ ၁၅ – ရာစုသို့ ရောက်သောအခါ အစ္စလာမ်ဘာသာဝင်များ အလုံးအရင်းဖြင့် ၀င်ရောက်လာရန် အကြောင်း တရား က ဖန်တီး လာသည်။ ယင်းမှာ အင်းဝ မင်းခေါင်၏ တိုက်ခိုက်မှုကြောင့် ရခိုင်ဘုရင် နရမိတ်လှသည် ဘင်္ဂလား ဂေါ့ဘု ရင်ထံ ခိုလှုံခဲ့သည်။ ၄င်းသည် ဂေါ့တွင် နှစ်ပေါင်း ၂၄ – နှစ် နေထိုင်ခဲ့ရပြီး၊ ဂေါ့ ဆုလ်တန်၏ စစ်သည် အကူအညီဖြင့် ရခိုင်ထီးနန်းကို ပြန်လည် ဆက်ခံနိုင်ခဲ့သည်။ ဂေါ့ဘုရင် မူဟာမတ် ရှားသည် ၁၄၂၉ – ခုနှစ်တွင် စစ်သူကြီး ၀လီခန် ဦး စီးသော စစ်သည်အင်အား သောင်းကျော်ကိုလည်းကောင်း၊ ၁၄၃၀ – ခုနှစ်တွင် စစ်သူကြီး စန်ဒီခန် ဦးစီးသော ထိုထက် များပြားသော စစ်သည် အင် အားရှိသည့် စစ်တပ်ကို လည်းကောင်း စေလွှတ်ခဲ့သည်။ ဤစစ်သည်များသည် နရမိတ်လှ အား ရခိုင်ထီးနန်းကို ပြန်လည် ရယူစေခဲ့ပြီး – ဘင်္ဂလားသို့ ပြန်သွားခြင်းမပြုဘဲ၊ မြောက်ဦးတ၀ိုက်တွင် အခြေစိုက် နေ ထိုင်လာခဲ့ကြသည်။ ယင်းတို့အား ရခိုင်ဘုရင် ရာထူးကြီးငယ်ပေးကာ မင်းမှူးထမ်းစေခဲ့သည်။ ဤစစ်သည်များမှာ အများအားဖြင့် တူရကီမျိုးနွယ်များ၊ ပါရှန်များနှင့် အာဖဂန် ပထန်လူမျိုး မူဆလင်ဘာသာဝင်များ ဖြစ်ကြသည်။

(၁၅)
သမိုင်းပါရဂူ ဒေါက်တာ အေနာမုလ်ဟောက်နှင့် သုတေသီ အဗ္ဗဒူလ်ကော်ရိမ် တို့၏ အဆိုအရ – မင်းစောမွန် (နရမိတ် လှ) ရခိုင်ထီးနန်း ပြန်လည်ရရှိသည်နေ့မှစ၍ ၀န်ကြီးများ၊ မှူးမတ်ဗိုလ်ပါများ၊ သမားတော်များ၊ တရားသူကြီးများ၊ စစ်သည်များ၊ ကုန်သည်များ၊ ဈေးသည်များ၊ အလုပ်သမားများ စသည်ဖြင့် မြောက်မြားစွာသော မူဆလင် မင်းမှူးထမ်း တို့သည် ရခိုင်ပြည်သို့ ၀င်ရောက်လာပြီး ကာလကြာသောအခါ သာမန်အရပ်သားများကြား စိမ့်ဝင်သွားလေကြောင်း ဆိုထားပါသည်။၁၂

(၁၆)
စစ်တကောင်းကို မူဆလင်တို့က ၁၃၃၈ – ခုနှစ်မှ ၁၅၃၈ – ခုနှစ်ထိ ထိန်းသိမ်းနိုင်ခဲ့ပြီး၊ ၁၅၃၈ – ခုနှစ်မှ ၁၆၆၆ – ခုနှစ် ထိ စစ်တ ကောင်းသည် ရခိုင်ပိုင်နက်ဖြစ်ခဲ့ပြန်သည်။ ဤနှစ်ပေါင်း ၃၀၀ ကျော် ကာလအတွင်း စစ်တကောင်းနှင့် မြောက်ဦး နေပြည်တော် သည် အိမ်ဦးနှင့် ကြမ်းပြင်အလား ဖြစ်ခဲ့ရလေသည်။ စီးပွါးကုန်သွယ် မှုမှအစ တစ်ဖက်နှင့် တစ်ဖက်၊ တစ်နယ်နှင့်တစ်နယ် ဥဒဟို သွားလာမှုများရှိခဲ့သည်။ ဤအတော် အတွင်း မူဆလင် မြောက်များစွာတို့သည် စစ်တ ကောင်းမှ ရခိုင်ဒေသအနှံ့သို့ ပြန့်နှံ့နေ ထိုင် လာကြသည်။ အထူးသဖြင့် မင်းနေပြည်တော်ဖြစ်သော မြောက်ဦးသို့ လာရောက် အခြေစိုက်လာသည်။ နန်းတွင်းနန်းပြင်တွင် မူဆလင်တို့သြဇာ တိုးပွားလာသည်။၁၃

(၁၇)
အေဒီ ၁၆ – ရာစုနှောင်းပိုင်းမှ ၁၇ – ရာစု အလယ်ပိုင်းကာလသည် ဘင်္ဂလားတွင် နိုင်ငံရေးမတည် မငြိမ် ဖြစ်ခဲ့သော ကာလဖြစ် သည်။ အာဖဂန် ပထန်တို့၏သြဇာ တစတစ ယုတ်လျော့လာပြီး၊ မဂိုတို့၏သြဇာ တဖြည်းဖြည်း ကြီးထွားလာ သည်။ ယင်းကြောင့် ဘင်္ဂလားရှိ ပထန် တတ်သိပညာရှင်များနှင့် မင်းမှူးထမ်း   မြောက်မြားစွာတို့မှာ အရှေ့ဖက်သို့ ထိမ်းရှောင်လာလေသည်။ ယင်းတို့အနက်မှ အချို့မှာ   မြောက်ဦးနေပြည်တော်သို့ လာရောက်ခိုလှုံကာ အရေးကြီး သော ရာထူးများတွင် ၀င်ရောက် ခစားလာ သည်။၁၄ ထို့ပြင် ဘင်္ဂလားအား မဂိုအင်ပါယာသို့ သိမ်းသွင်းလိုက်သောအခါ ဂေါ့စစ်သည်များနှင့် တိုင်းသူပြည်သားများစွာ တို့မှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးထိမ်းရှောင်လာရင်း ရခိုင်ပိုင်နယ် မြေများသို့ ၀င်ရောက်ခိုလှုံ နေထိုင် လာခဲ့ကြသည်။ ယင်းကြောင့် ၁၇ – ရာစု အစောပိုင်းတွင် ရခိုင်ပြည် မူဆလင်ဦးရေ ပိုမိုတိုးပွါးလာကာ အစ္စလာမ်ဘာသာနှင့် မူဆလင်ယဉ်ကျေးမှုသည်လည်း ပိုမိုထွန်းကားလာခဲ့သည်။
(၁၈)
ရခိုင်ပြည်တွင် ပြင်ပမှရောက်လာသော မူဆလင်လူမျိုးများနှင့် ယင်းတို့၏ သားမယားများသာ အစ္စလာမ်ဘာသာကို ကိုးကွယ် နေသည် မဟုတ်ဘဲ၊ ဟိန္ဒူဘာသာဝင်အချို့လည်း အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာကြသည်။ ထို့အပြင် ဗုဒ္ဓဘာသာကို အစဉ်တစိုက် ကိုးကွယ်နေကြပြီးသူများလည်း အစ္စလာမ်သို့ ကူးပြောင်းကိုးကွယ်မှုများ ရှိခဲ့သည်။ ဤအ ကြောင်းကို ရခိုင် မဟာ ရာဇ၀င် ဇာတ်တော်ကြီးတွင် “သက္ကရာဇ် ၈၈၇ ခုနှစ် ကိုးဆက်မြှောက်သော ဇယတ္တ မင်းစောမွန် လက်ထက်၌ ရုမ် ပါသျှားမင်း၏ သန်အမတ်ကြီး ကာဒီ၊ မူသျှာ၊ ဟော်နုမျာတို့သည် နိုင်ငံတော်၌ မဟာမတ်ဒန် သာသနာ စည်ပင် ပြန့်ပြောစေခြင်းငှါ၊ ပူလီကျောင်းတို့သည် မြို့တော်၌ အပြန့်အနှန့် တည်ဆောက်လုပ်ကြ၍ မြို့တော်တွင် သူအပေါင်းတို့အား ဟောပြောပြသလျက်   နေ့စဉ်မပြတ် ပြုလုပ်တော်မူလေသည်။ ထိုအခါ အချို့သော ဗုဒ္ဓဘာသာ လူမျိုးတို့ သည် ယုန်ကြည်လျက် ၄င်းဘာသာ၌၀င်၍ ၄င်းတရားကို ဆောံတည်လျှက် ဖြစ်ရှိကြလေသည်။ သို့နှင့် မဟာမတ်ဒန် လူမျိုးတို့သည် နိုင်ငန်တော်၌ ဖုန်းလွှန်းစိုးမိုးလျက် ပြန့်နှန့်စွာ +ဖစ် ရှိလေသည်။ ဘုရင်မင်းမြတ် ကိုလည်း လက်ဆောင် ပန်နာပို့ဆက်လျှက် ဘုရင်မင်းအား ၄င်းသန်အမတ်ကြီးတို့ကို များသောအားဖြင့် မိတ္တာ သက်ဝင်လျက်   ဖြစ်ရှိလေသည်။” ဟု ဖော်ပြထားသည်။
(၁၉)
၁၅ – ရာစုတွင် များစွာသော ဗုဒ္ဓဘာသာ ရခိုင်တို့မှာ အစ္စလာမ်ဘာသာကို ကိုးကွယ်၍ မူဆလင်များဖြစ်ကြကြောင်း ဦး ကြည်က “မြန်မာ ရာဇ၀င် သိမှတ်ဘွယ်ရာ အဖြာဖြာ” စာအုပ်တွင် ရေးသားခဲ့ပေသည်။ နိုင်ငံတော်ကောင် စီဝင်ဟောင်း သတင်းစာဆရာ ဦးလှထွန်းဖြူ ကလည်း – ဗုဒ္ဓဘာသာဝင်အချို့ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြကြောင်း “အောင် ပန်းကြီးငွေ စကားရည်လုပွဲ” စာအုပ်တွင် အတည်ပြုဖော်ပြထားသည်။

ထိုစဉ်က ရခိုင်ပြည် အလေ့အထတစ်ခုမှာ နိုင်ငံခြားက လာသူများကလည်း ဆန္ဒရှိလျှင် ရခိုင်ပြည်သူများနှင့် လက်ထပ် ထိမ်းမြား နိုင် သည်။ သို့သော် ရခိုင်ပြည်မှ ထွက်သွားသောအခါ သားမယားများကို ခေါ်ဆောင်သွားခွင့် မရှိခဲ့ချေ။ သို့ကြောင့် ဥရောပသားတို့သည် ၄င်းတို့၏ ရခိုင်ဇနီးမယားနှင့် သားသမီးများကို ရခိုင်ပြည်၌ ချန်ထားပါက အစ္စလာမ် ဘာသာသို့ ကူးပြောင်းသွားမည်ဟု စိုးရိမ်၍ ခိုးယူခေါ်ဆောင်သွားခဲ့သော အမှုကိစ္စများစွာ ပေါ်ခဲ့ကြောင်း – ဒတ်(ချ) မှတ်တမ်းများတွင် တွေ့ရသည်။ သို့ကြောင့် အခြားဘာသာများမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်း ကိုးကွယ် သူများ လည်း ရခိုင်ပြည်တွင် မနည်းလှပေ။

အသေးစိတ်ကို အောက်ပါလင့်တွင်ဖတ်ပါ။

၂၅၂။ – AD ( ၁၈၂၃ ) ခုနှစ် မတိုင်မီကမြန်မာနိုင်ငံ၌ ပင်ရင်းနှိုင်ငံအဖြစ် နေထိုင်ကြခဲ့သောမွတ်ဆလင်များ

https://danyawadi.wordpress.com/2012/02/20/%E1%81%82%E1%81%85%E1%81%82%E1%81%8B-%E1%80%81%E1%80%9B%E1%80%85%E1%80%B9%E1%80%9E%E1%80%80%E1%81%A0%E1%80%9B%E1%80%AC%E1%80%87%E1%80%B9-%E1%81%81%E1%81%88%E1%81%82%E1%81%83-%E1%80%81%E1%80%AF/

Leave a comment