2 Comments

(၂၉-၁၀-၂၀၁၂)ည(၇း၀၀)ခရိုင်အုပ်ချုပ်ရေးမှူးရုံး တွင်ဒုတိယဗိုလ်ချုပ်ကြီးလှမင်း (က စ ထ၊ န ပ ခ၊ တ ပ ခ၊ န တ ခ) + ဦးလှမောင်တင်(ဝန်ကြီးချုပ်) တို့ ၏ အစည်းအဝေးမှတ်တမ်း …

Anwar S. Arkani

(၂၉-၁၀-၂၀၁၂)ည (၇း၀၀) ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင်ဒုတိယဗိုလ်ချုပ်ကြီးလှမင်း (က စ ထ၊ န ပ ခ၊ တ ပ ခ၊ န တ ခ) + ဦးလှမောင်တင်(ဝန်ကြီးချုပ်) တို့ ၏ အစည်းအဝေးမှတ်တမ်း

* ယခုဖြစ်ပျက်သွားသည့်  အဖြစ်အပျက်များမှာ ဘယ်သူမှ အမြတ်မထွက်။

* အမြတ်ထွက်သည်ဟု ယူဆသူတွေဟာ အတ္တကြီးတဲ့ မျက်ကန်းမျိုးချစ်တွေဖြစ်၊နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားနေသူများရှိ။

* မွတ်ဆလင်များ ရှေးနှစ်ပေါင်းများစွာကပင် နေလာခဲ့ပြီးခါမှ ယခုမှ ထပြီးမနေစေချင်ပါ ဟုပြောတဲ့ သူတွေဟာ ရိုးရိုးသားသားပြောခြင်းမဟုတ်ဘဲ ပယောဂပူးနေခြင်းကြောင့်သာဖြစ်တယ်။ * ယခုမှ အုံဖွဟု ခိုးဝင်လာသူများမရှိ၊ ခေတ်အဆက်ဆက်ချမှတ်ဆောင်ရွက်ခဲ့ သည့်လူဝင်မှု စနစ်၊ န စ က တပ်ဖွဲ့  ကာကွယ်ရေးအခြေအနေများအရ အလုံးအရင်းဖြင့် ခိုးဝင်သူမရှိ၊ နှစ်ပေါင်းများစွာကအခြေ ချနေ ထိုင်ခဲ့ ပြီး ယခုမှ မောင်းထုတ်ပြစ်ပါဆိုလို့ မဖြစ်နိုင်၊ သွားရောက်တဲ့ နေရာတိုင်းမှာ “ဘင်္ဂလီအလိုမရှိ” ဟု စွပ်စွဲပြောကြား။ * နှစ်ဖက်အုပ်စုရဲ့ အန္တိမရည်မှန်းချက်များရှိ၊ အပြီးတိုင်မောင်းထုတ်ရေး၊နိုင်ငံသားအခွင့် အရေးရရှိခံစားနိုင်ရေး။

* အုပ်စုဖွဲ့ အင်အားကြီးအောင်ဆန္ဒပြပွဲဖြစ်အောင်လုပ်၍ ယင်းမှတစ်ဆင့်သွေးထိုးလှုံ့ ဆော်၊ လုံခြုံရေးအင်အားနည်းပါးနေရာများမှအလုံးအရင်းဖြင့် ဝင်တိုက်၊ ဒီအခြေအနေအရ သာမန်ရည်ရွယ်ချက်မသိနိုင် သည်။တူမီးသေနတ်များ ဖမ်းမိဖြစ်စဉ်တစ်ခုလုံးကိုခြုံပြီးကြည့် လျှင်တစ်ချိန်က ဗ က သ များကဲ့ သို့ အစီအစဉ်ရှိရှိဆောင်ရွက်နေသည်ကို တွေ့ ရမည်။

* မွတ်ဆလင်များ မိမိအိမ် မီးရှို့ သည့် ကိစ္စ(၁)ကြိမ်၊ (၂)ကြိမ်တွင်ဟုတ်သလိုလိုထင်ရသော်လည်း (၂)ကြိမ်၊ (၃)ကြိမ်၊ (၄)ကြိမ်ဟုဆိုလျှင်လုပ်ဇာတ်ကြီး ဖြစ်သွားကြောင်း ထင်ရှားနေပါသည်။ ရခိုင်အပါအဝင်
မြန်မာနိုင်ငံမြို့ ကြီးများတွင် သမ္မတကြီးကိုထောက်ခံသည်ဟုအကြောင်းပြ ဆန္ဒပြနေသူများကို သူ့ အနေနှင့် မေးခွန်းမေးလိုကြောင်း၊သမ္မတကြီးကိုထောက်ခံသူများအား သမ္မတကြီးဆန္ဒဖြစ်သော”ပြည်တွင်း ငြိမ်း ချမ်းရေး၊ ဒီမိုကရေစီရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အဘယ့် ကြောင့် ဖျက်ဆီးနေကြပါသလဲ” ဆိုသည့်မေးခွန်းမေး လိုကြောင်း၊ခင်ဗျားတို့ လုပ်ရပ်က သမ္မတကြီးကို ထောက်ခံရာမရောက်ဘဲအိုးမဲသုတ် ရာရောက်ကြောင်း၊ နှစ်ဖက်ဒုက္ခသည်များထဲမှ မွတ်ဆလင် ဒုက္ခသည်များနေထိုင်ရမှု အခက်အခဲရှိတာကိုတွေ့ ခဲ့ ကြောင်း၊ ၄င်းတို့ ကိုနယ်ပြောင်းဖြစ်ဖို့ အစီအစဉ်မရှိကြောင်း၊ အေးချမ်းတည်ငြိမ် သွား လျှင် မိမိနေရပ်ရင်းတွင်ပင် ပြန်လည်နေရာချထားပေးမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွား၍အစည်းအဝေးကို ည(၈း၃၀)နာရီခန့် တွင်ရုတ်သိမ်းပါသည်။
Courtesy of A K Freebird
Unlike ·

2 comments on “(၂၉-၁၀-၂၀၁၂)ည(၇း၀၀)ခရိုင်အုပ်ချုပ်ရေးမှူးရုံး တွင်ဒုတိယဗိုလ်ချုပ်ကြီးလှမင်း (က စ ထ၊ န ပ ခ၊ တ ပ ခ၊ န တ ခ) + ဦးလှမောင်တင်(ဝန်ကြီးချုပ်) တို့ ၏ အစည်းအဝေးမှတ်တမ်း …

  1. ရခိုင်ပြည် အကြမ်းဖက်မှုဖြစ်အောင် လှုံဆော်သူ မည်သူမဆို သာစေ နာစေ ရည်ရွယ်ချက်မဟုတ်ပေ ဥပဒေ အရ အရေးယူပေးပါ။ကမ္ဘာမှာ မြန်မာနိုင်ငံ နာမည်ပျက်အောင် နိင်ငံတော်သမ္မတ နှင့်တကွ တိုင်ပြည် သိက္ခာကျအောင် လုပ်လိုက်တာပေ။ မြတ်ဗုဒ္ဓ ၏ သွန်သင်ဆုံးမမှုအရ ဆိုရင် အကြမ်းဖက်မှုကို လှုံဆော်ဖန်တီးသူ သံသရာစက်ကွင်း အကုသိုလ် ငရဲက လွတ်မြောက်ရာလမ်းမရှိ။အတ္တာဟိအတ္ထနာ နာထော

  2. ဗုဒ္ဓဘာသာထွန်းကားရာ သိရီလကာင်္ တွင် အစ္စလာမ်ဘာသာဝင်တွေနဲ့ ဘယ်လို့ ချစ်ချစ်ခင်နေကြသလဲ စံနမူနာယူပါ။ မိမိ ရဲ့ လုပ်ရပ်ကြောင့် ကိုယ်ယုံကြည်ထားတယ် ဗုဒ္ဓဘာသာကို စော်ကားရာမရောက်ပါစေနဲ့ ။ကမ္ဘာ့ ဗုဒ္ဓဘာသာဝင်တွေက ကိုယ့်တွေကို ဘယ်လို့ သဘောထားသလဲ နားစွင့်ပါ။ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားပါ။မိရိုးဖလာ ဗုဒ္ဓဘာသာဝင်မဖြစ်ပါစေနဲ့ ။ဘာသာတရားကို နားလည်အောင်သင်ယူပါ။

Leave a comment