Archive | February 5, 2016

You are browsing the site archives by date.

ဘန်ကောက်မြို့က မီး လူ ၁ဦးသေ၊ ၅ဦး ဒဏ်ရာရ

ဘန်ကောက်မြို့က မီး လူ ၁ဦးသေ၊ ၅ဦး ဒဏ်ရာရ By ဧရာဝတီ | February 5, 2016   ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရန်န၀ါ ခရိုင် Narathiwat Ratchanakharin ၁၈ လမ်းတွင် ၁၀ထပ် အဆောက် အအုံတခု၏ ယနေ့နံနက် ၁၀နာရီ ခွဲခန့်က မီးလောင် ကျွမ်း ရာ လူတဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ ကြောင်း Bangkok Post  သတင်းတွင် ဖော်ပြထားသည်။ ၈ထပ်မြောက်တွင်လောင်ကျွမ်းခြင်းဖြစ်ပြီးနေ့လည် ၁နာရီခန့်အထိလောင်ကျွမ်းနေသည့်အတွက် မီးသတ် များက ဆက်လက်ငြိမ်းသတ်နေရ ကြောင်း သိရသည်။ အဆောက်အဦးပိုင်ရှင်မှာ ယခင် ဒီမိုကရက်ပါတီမှ အမတ်တဦးပိုင်ဖြစ်သည်။

အခြေခံဥပဒေပြင်မယ်လို့ ဥပဒေကြမ်း ကော်မတီ ဥက္ကဌသစ် ကြေညာ

အခြေခံဥပဒေပြင်မယ်လို့ ဥပဒေကြမ်း ကော်မတီ ဥက္ကဌသစ် ကြေညာ ၅..၂..၁၆ – ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကော်မတီဥက္ကဌအဖြစ် NLDပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်သူ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းထွန်း ဟိန် ကို တာဝန်ပေးအပ်ကြာင်း လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ဖေဖော်ဝါရီ ၄ရက် လွှတ်တော်အစည်းအဝေးတွင် ကြေငြာလိုက်သည်။ – ဥပဒေကြမ်းကော်မတီကို အဖွဲ့ဝင် ၁၅ဦးဖြင့် ဖွဲ့စည်းသွား မည်ဖြစ်ပြီး ဥက္ကဌအဖြစ် ဦးထွန်းထွန်းဟိန်ကို တာဝန် ပေးမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေငြာလိုက် ခြင်း ဖြစ်သည်။ – သမ္မတလောင်းအမည်ကို အထူးလျှို့ဝှက်ထားသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLDပါတီအနေ ဖြင့် ဥပဒေကြမ်းကော်မတီဥက္ကဌအဖြစ် ဦးထွန်းထွန်းဟိန် ကို တာဝန်ပေးမည်ကို ကြိုတင်အသိပေးထားခြင်း မရှိဘဲ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေငြာသည့်အချိန်မှသာ သိရှိရသည်ဟု ဦးထွန်းထွန်းဟိန်က […]

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြည်တွင်းငြိမ်းချမ်းရေး စတင်ဆောင်ရွက်ခဲ့ပုံ

လွတ်လပ်ရေးရပြီး မကြာမီ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ချိန်မှစ၍ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြည်တွင်းငြိမ်းချမ်းရေး စတင်ဆောင်ရွက်ခဲ့ပုံ ဗမာပြည်တွင်းရေး မည်ကဲ့သို့ဖြေရှင်းမည်နည်း စစ်ပြီးခေတ် တို့ဗမာအစည်းအရုံး ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံအတွင်းတွင် ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့၍ ရက်ပိုင်းမျှ ကြာသေးသော ဧပြီလ ၅ ရက်နေ့တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ဖဆပလထဲ တွင်လည်း မပါဝင်၊ ကွန်မြူနစ်တို့ ဘက်ကိုလည်း မလိုက်ဘဲရှိနေကြသည့် သခင်ထိပ်တင် ကိုယ်တော်ကြီးနှင့် သခင်ဗမောင် စသော သခင်အချို့ကို ခေါ်ယူပြီးနောက် အမြန်ဆုံး တို့ဗမာ အစည်းအရုံးကို ပြန်လည် ဖွဲ့စည်းကြရန်နှင့် ပါတီနိုင်ငံရေး ဝါဒလမ်းစဉ်များကို အဓိက ထားမလုပ်ဘဲ ပြည်တွင်းငြိမ်းချမ်းရေးရရှိရာ ရရှိကြောင်း လုပ်ဆောင် ကြစေ လိုကြောင်းနှင့် မိန့်ကြားလေသည်။ ဆရာကြီး၏ သြဝါဒညွှန်ကြားချက် […]