Archive | February 19, 2016

You are browsing the site archives by date.

ဒုတိယ အကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန် အစည်းအဝေး သတ္တမနေ့ ကျင်းပကော်မတီ (၃)ရပ် ဖွဲ့စည်း

ပြည်သူ့လွှတ်တော်အစည်းအဝေး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပကော်မတီ (၃)ရပ်ဖွဲ့စည်းရေး တို့နှင့်စပ်လျဉ်း၍ လွှတ်တော် သို့တင်ပြ နေပြည်တော် ဖေဖော်ဝါရီ ၁၈ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေးကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပညာရေးမြှင့် တင်မှုကော်မတီ   ဖွဲ့စည်းရေးတို့ နှင့်စပ်လျဉ်း၍ လွှတ်တော်သို့အသိပေးတင်ပြကြသည်။ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်   ရေးကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပညာရေးမြှင့်တင်မှု   ကော်မတီ စသည့်ကော်မတီ(၃)ခု၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ […]

ရသေ့ကြီး နဲ့ ပြည့်တန်ဆာမလေး

  တစ်ခါ က သာဝတ္တိမြို့ အစွန့် တောစပ်မှာ ရသေ့ကြီးတစ်ပါးတဲလေးထိုးပြီး သတင်း သုံး တရားကျင့်နေလေတယ်။ များမကြာမှီအဲဒီရသေ့ကြီးကျောင်းသင်္ခန်းနဲ့ မနီးမဝေးမှာပြည့်တန်ဆာမလေး တစ် ယောက်ဟာ တဲလေးထိုးပြီး လာနေလေ တယ်။ ရသေ့ကြီးကျောင်း သင်္ခန်းက နေမြင် နေရတဲ့နေရာလောက်မှာပါ။အဲလိုပဲပြည့်တန် ဆာမ တဲက ကြည့် ရင်လည်း ရသေ့ကြီး ကျောင်းသင်္ခန်းကိုမြင့်နေရတာပေါ့ ။ မနက်တိုင်း သူမ က ရသေ့ကြီးကို ဦးချ ကန်တော့တယ်။ နောက်တော့ ရသေ့ကြီးက ပြည့်တန်ဆာမဆီအမျိုးသား တစ်ယောက် လာတိုင်း ကျောက်ခဲလေး တစ်လုံးကောက် ထားတယ်။ အဲလို နဲ့ အဲဒီ ကျောက်ခဲလေးတွေကကျောက်ပုံလေး ဖြစ်လာတယ် ။ ရသေ့ကြီးကနေ့တိုင်းတွေးတယ်။ အော် ဒီကလေးမ နှယ် ငါ့ကျောင်းသင်္ခန်းနားမှာမှလာပြီး တဲထိုးရတယ်လို့ ကွာ […]