Leave a comment

ဖေ့စ်ဘုတ် သုံးစွဲသူတွေ ဥပဒေ အသိပညာ လေ့လာ သုံးစွဲဖို့ အသိပေး

image

ဆက်သွယ်ရေး ဥပဒေပုဒ်မ ဟာ ဥပဒေ အသိပညာ အားနည်းတဲ့ ဖေ့စ်ဘုတ် သုံးစွဲသူတွေကို ထိခိုက်နစ်နာ မှုတွေ ဖြစ်စေတဲ့အတွက် ဥပဒေဆိုင်ရာ ပညာပေးမှု တွေ ပြုလုပ်ပေးသင့်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ် က ပြောပါတယ်။ အခုနောက်ပိုင်းမှာ ဖေ့စ်ဘုတ် သုံးစွဲသူတွေက ဥပဒေနဲ့ ငြိစွန်းနိုင်တဲ့ အကြောင်းအရာတွေကို သေချာမသိဘဲ ရေးသား သုံးစွဲနေတာ တွေကြောင့် တိုင်တဲ့သူ ရှိတဲ့အခါ ဥပဒေအရ ဖမ်းဆီးမှုတွေ ရှိလာတယ် လို့ ဆိုပါတယ်။

ဒါကြောင့် အရေးယူတဲ့အခါ ဥပဒေနဲ့ ပတ်သက်ပြီး လုံးဝ နားမလည်သူတွေ အတွက် ဆိုရင် အလွန်နစ်နာတယ် လို့လည်း သူကဆိုပါတယ်။ သုံးစွဲသူတွေ အနေနဲ့ကလည်း ဥပဒေကို လေ့လာပြီး လိုက်နာ ဆောင်ရွက်ရမှာ ဖြစ်သလို လူ့ကျင့်ဝတ်အရ စောင့်ထိန်းမှုတွေ လုပ်ဆောင်သင့်တယ် လို့ ပြောပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကလည်း လူထုကို ဥပဒေနဲ့ပတ်သက်ပြီး အသိပညာပေးမှုတွေ အပါအ၀င် အခြား အကျိုးရှိမယ့် ကိစ္စရပ်တွေကိုလည်း လုပ်ဆောင် ပေးသင့်တယ် လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဖေ့စ်ဘုတ်ပေါ်မှာ အမုန်းစကားတွေ ပြောနေတဲ့ သူတွေ ကိုလည်း အမုန်း စကား မပြောတဲ့ လူ့အဖွဲ့အစည်းဘက် က နားလည်ပေးပြီး လူ့အ၀န်းအ၀ိုင်းက အပြန်အလှန် ထိန်းကျောင်းတဲ့ ပုံစံမျိုး ဖြစ်ထွန်းစေချင်တယ် လို့လည်း ဦးနေဘုန်းလတ်က အကြံပြုပြောကြား သွားပါတယ်။

Facebook ပေါ်မှာ ကာယကံရှင်ရဲ့ ခွင့်ပြုချက် မရှိဘဲ ဓာတ်ပုံနဲ့ အရှက်ခွဲတာ တွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက် တာ တွေ ၊ ခြိမ်းခြောက်ပြီး ငွေတောင်း တာတွေ ၊ အစော် ကား ခံရတာ တွေ အတွက် ခိုင်လုံတဲ့ သက်သေ အထောက် အထားတွေ ရှိမယ် ဆိုရင် ဖုန်းနံပါတ် ၀၆၇ – ၄၀၇၁၅၈ ကို ဆက်သွယ် တိုင်ကြားနိုင်တယ်လို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့က မေလ ပထမပတ် အတွင်းမှာ သတင်း ထုတ်ပြန် ခဲ့ပါတယ်။

ဒါ့အပြင် သက်သေ အထောက်အထား ခိုင်လုံမယ် ဆိုရင် သက်ဆိုင်ရာ မြို့နယ် တရားရုံးနဲ့ နယ်မြေ ရဲစခန်းတွေမှာ ဆက်သွယ်ရေးဥပဒေနဲ့ တိုင်တန်း နိုင်သလို အကောင့် တုနဲ့ တိုက်ခိုက် တာတွေ ကိုလည်း စုံစမ်း အရေးယူနိုင်ဖို့ ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ် လို့ သတင်းထုတ်ပြန် ထားပါတယ် ။

5 Plus News

Leave a comment