Archive | August 2, 2014

You are browsing the site archives by date.

PR စနစ်ကိုအရပ်ဖက်လူမှုအဖွဲ့အစည်းများမှ သြဂုတ်လ ၅ ရက်နေ့ တွင် ကန့် ကွက် ဆန္ဒပြမည်။

11:53 am – By M-Media Group 0 သြဂုတ် ၁ ၊ ၂၀၁၄ M-Media လမင်း ရန်ကုန်။ ။ လက်ရှိမြန်မာနိုင်ငံတွင် PR စနစ်အဆိုပြုတင်သွင်းလာမှု အပေါ်ကို ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ယက်နှင့် ဒီမိုကရေစီလိုလားသော ပြည်သူများ၊ အရပ်ဖက်လူမှု့ အဖွဲ့အစည်းများမှ ကန့်ကွက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။ ဖွဲ့စည်းပုံ ပြုပြင်ရေးများပြုလုပ်နေချိန်တွင် PR စနစ်ကို တင်သွင်းရခြင်းမှာ မရိုးသားသည့် လုပ်ရပ် တစ်ခုသာဖြစ်ကြောင်း၊ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်ပေါ်အောင် လုပ်နေတဲ့ဖြစ်ရပ်များဖြစ်နေသောကြောင့် ယခုကဲ့သို့ တက်ကြွ လှုပ်ရှားသူများမှ ကန့်ကွက် ရခြင်းဖြစ်ကြောင်းကို ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးမှ ဦးကြည်လင်းက ရှင်းလင်းပြောကြားခဲ့သည်။ ယင်း PR စနစ်ကန့်ကွက် ဆန္ဒပြပွဲကို သြဂုတ်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့ […]

မိုဟာမက်အလီရဲ့ လက်အိတ်ကို ဒေါ်လာ ၄ သိန်းနီးပါးနဲ့ လေလံဆွဲ

၁၉၇၁ ခုနှစ်က ဂျိုးဖရေဇာနဲ့ ထိုးသတ်ခဲ့တဲ့ ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ပွဲမှာ မိုဟာမက် အလီ ၀တ်ဆင်ခဲ့တဲ့ လက်အိတ်ကို အမည်မဖော်လိုသူ တစ်ဦးက ဒေါ်လာ ၃ သိန်း ၈ သောင်း ၈ ထောင်ကျော် နဲ့ လေလံ ဆွဲသွားခဲ့ပါတယ်။ ရာစုနှစ်ရဲ့ လက်ဝှေ့ပွဲလို့ သမုတ်ခဲ့ကြတဲ့ အဲဒီပွဲမှာ ဂျိုးဖရေဇာက မိုဟာမက် အလီကို အနိုင်ယူခဲ့ပြီး ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် ၁၉၇၄ နဲ့ ၁၉၇၅ ခုနှစ်တွေမှာတော့ မိုဟာမက် အလီက ဂျိုးဖရေဇာကို ပြန်လည် အနိုင်ယူခဲ့ကာ မိုဟာမက်အလီအတွက် အအောင်မြင်ဆုံး ကာလတွေအဖြစ် မှတ်တမ်း စိုက်ထူနိုင် ခဲ့ပါတယ်။ မိုဟာမက်အလီ ပထမဆုံး ချန်ပီယံဘွဲ့ ရရှိတဲ့ […]

အီဘိုလာ အတွက် သန်း ၁၀၀ တန် စီမံကိန်း စတင်

အနောက် အာဖရိကမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဆိုးကြီးကို တိုက်ဖျက်ဖို့အတွက် ဒေါ်လာ သန်း ၁၀၀ တန် စီမံကိန်း တခုကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က စတင် အကောင် အထည်   ဖော်နေပြီ ဖြစ်ပါတယ်။ ဂင်နီ၊ လိုင်ဘေးရီးယားနဲ့ ဆီရီယာ လေယွန်း နိုင်ငံတွေက သမ္မတတွေနဲ့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေး မှူးချုပ် မာဂရက် ချန်း Margaret Chan တို့ ဂင်နီ နိုင်ငံမှာ တွေ့ဆုံနေ ကြပါ တယ်။ အီဘိုလာ ရောဂါ ပြန့်ပွားတဲ့နှုန်းဟာ ထိန်းချုပ် ကာကွယ်နိုင်တဲ့ နှုန်းထက် ပိုမို မြန်ဆန်နေတယ်လို့ WHO ညွှန်ကြားရေး […]