Archive | August 4, 2014

You are browsing the site archives by date.

ရခိုင်မှဒုက္ခသည်များအခြေအနေအလွန်စိုးရိမ်ရဟု ကုလ လူ့အခွင့် အရေး ကိုယ်စားလှယ် ပြော

12:57 pm – By M-Media Group ဇူလိုင် ၂၈ ၊ ၂၀၁၄ M-Media – အစွန်းရောက်ဗုဒ္ဓဘာသာဝင်များ၏ တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသော အစ္စလာမ်ဘာသာဝင်အများစုပါဝင်သည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေးစခန်းများရှိ ဒုက္ခသည် တစ်သိန်းကျော်၏ အခြေအနေမှာ အလွန်စိုးရိမ်ဖွယ်ရာ အနေအထားတွင်ရှိနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ယန်ဟီးလီက ပြောကြားလိုက်သည်။ လေ့လာဆန်းစစ်ရေးအဖြစ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ၁၀ ရက်ကြာလာရောက်ခဲ့သည့် ခရီးစဉ် အဆုံးသတ်ပြီးနောက် ယမန်နေ့ကထုတ်ပြန်ခဲ့သော ၁၀ မျက်နှာပါ ကြေညာချက်တွင် လီက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေမှာလည်း ယိုယွင်းပျက်ဆီးနေသည်ဟု ဆိုသည်။ နှစ်ပေါင်း ၅၀ နီးပါးကြာ ဖိနှိပ်ခဲ့သည့် စစ်အုပ်ချုပ်ရေးလက်ထက်မှ ရွေးကောက်တင်မြှောက်ခဲ့သည့် အစိုးရ […]

ကုလလူ့အခွင့်အရေးကိုယ်စားလှယ်သစ်၏ ကြေညာချက် အစိုးရ ကန့်ကွက်

  ရိုဟင် ဂျာစကားလုံးကို သုံးနှုန်းခြင်းကို တိုင်းရင်းသား၊ နိုင်ငံသားဖြစ်ခွင့်ပေးရန် ပြောဆို ခဲ့သည့် ကုလလူ့အခွင့်အရေး အထူးကိုယ် စား လှယ်၏ သတင်း ထုတ်ပြန်ချက်မှာ လက်ခံနိုင်ဖွယ် မရှိ   ကြောင်း မြန်မာအစိုးရက တုံ့ ပြန်ပြောကြားလိုက်သည်။ ထို့အပြင် ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်ခွင့်ဥပဒေတွင် ၁၈၂၃ မတိုင်မီကတည်းက နိုင်ငံတွင်း အမြဲတမ်းအခြေချနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်း သား များနှင့် မျိုးနွယ်စုများသာ မြန်မာနိုင်ငံသားဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန က ဇူလိုင် ၃၁ ရက်စွဲဖြင့် ထုတ် ပြန်ကာ ရန်ဟီလီ၏ သတင်းထုတ် ပြန်ချက်ကို တုံ့ပြန်ခဲ့သည်။ […]

၂၀၁၄ ခုနှစ် ငြိမ်းချမ်းရေးဆု ရိုဟင်ဂျာအမျိုးသမီး မဝေေ၀နု ရရှိ

သြဂုတ် ၃။ ၂၀၁၄ ခုနှစ်အတွက် ငြိမ်းချမ်းရေး ဆု N-Peace Award ကို ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာနိုင်ငံမှ အမျိုးသမီးအခွင့်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တက်ကြွလှုပ်ရှားသူ ရိုဟင်ဂျာအမျိုးသမီး မဝေေ၀နု က ရရှိသွားပါတယ်။ ဒီဆုကို ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာဌာနက ချီးမြှင့်တာဖြစ်ပြီး အာရှတိုက်မှာ အောက်ခြေအဆင့်ကနေ နိုင်ငံတော်အဆင့်အထိ ငြိမ်းချမ်းရေး တည်   ဆောက်ပေးနေတဲ့ အမျိုးသမီးနဲ့ အမျိုးသား စွမ်းဆောင်ရှင်တွေကို ၂၀၁၁ ခုနှစ်ကတည်းက စတင်ပြီး ရွေးချယ်ဆုချီးမြှင့်ခဲ့တာဖြစ်ပါ တယ်။ ဒီနှစ်မှာလည်း အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မြန်မာ၊ နီပေါ၊ အာဖဂန်နစ္စတန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ လူ့အသိုင်းအ၀ိုင်းကို စွမ်းရည်မြှင့်တင်ပေးရာမှာ ဦးဆောင်လှုပ်ရှားခဲ့ကြတဲ့ အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၂ […]