Archive | August 3, 2014
You are browsing the site archives by date.
ဆေးပညာနှင့်ပတ်သက်သောအယူအဆအမှားများ
ဖမ်းဆီးခံ အစ္စရေးလ် စစ်သား ပြန်လွှတ်ဖို့ အိုဘားမားတောင်းဆို
အမေရိကန်သမ္မတ Barack Obama အိမ်ဖြူတော်တွင် မိန့်ခွန်းပြော၊ (သြဂုတ် ၁၊ ၂၀၁၄)။ ဗွီအိုအေ (မြန်မာပိုင်း) 02.08.2014 07:11 ဟာမားစ်အဖွဲ့အနေနဲ့ သောကြာနေ့ကတိုက်ခိုက်မှုတွေအတွင်း ဖမ်းဆီးလိုက်တဲ့ အစ္စရေးလ်စစ်သားကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရမယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက   ပြောကြား လိုက်ပါတယ်။ ဟာမားစ်အဖွဲ့အနေနဲ့ ဂါဇာကအခြေအနေတွေကို ပြေလည်ဖို့ ကြိုးပမ်းတဲ့နေရာမှာ အလေးအနက်ရှိတယ်ဆိုရင် အဲဒီအစ္စရေးလ်စစ်သားကို ပြန်လွှတ်ပေးရမယ်လို့ အိမ်ဖြူတော်မှာ သောကြာနေ့ က ပြုလုပ် တဲ့သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတက ပြောကြားလိုက်ပါတယ်။ တိုက်ခိုက်မှုတွေကို ရပ်တန့်မယ်ဆိုပြီး ဟာမားစ်ဘက်ကပေးထားတဲ့ကတိကို အစ္စရေးလ် နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ယုံကြည်မှုမရှိဘူးဆိုရင် ပျက်သွားတဲ့ အပစ်အခတ်ရပ်စဲရေးကို ပြန်လုပ်ဖို့က အရမ်းကို ခက်လိမ့်မယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ အစ္စရေးလ်အနေနဲ့ ဟာမားစ်တို့ရဲ့ တိုက်ခိုက်မှုတွေကို […]
‘Muslim company’ starts selling SIM cards in Myanmar
By World Bulletin July 31, 2014 (Photo: Paula Bronstein/Getty) Buddhist Nationalist circles called for a boycott of Ooredoo amid a wave of anti-Muslim hate speech. Phone shops in Myanmar have started selling SIM cards made by a global telecoms giant boycotted by Buddhist nationalists ahead of the official launch date, sparking speculation that the much-anticipated […]
မြန်မာ့ဆက်သွယ်ရေးကပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ အတိုင်း ဖုန်းခေါ်ဆိုခလျှော့ ချရန် စဉ်းစားနေ ဟုဆို
ကျော်စိုးဦး၊ စိုးမြင့်နိုင် – Flower News Journal အတွဲ(၁၀)၊ အမှတ်(၃၀)။ ရန်ကုန်၊ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း(MPT)က လက်ရှိဖုန်းပြော ဆိုခ တစ်မိနစ် ၂၅ ကျပ်နှုန်းသို့ လျှော့ ချနိုင်ရန် စဉ်းစားလျက်ရှိပြီး အမြန်ဆုံး သတင်း ထုတ်ပြန်ပေးသွားမည်ဟု မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။ မန်မာ့ဆက်သွယ်ရေး အနေ နှင့် အခြားပြည်ပဆက်သွယ်ရေး ကုမ္ပဏီ များအတိုင်း လိုင်းတူချင်းဆက်ပါက တစ် မိနစ် ၂၅ ကျပ်နှုန်း၊ တခြားလိုင်းကတ်များ ကိုဆက်ပါက ၃၅ ကျပ်နှုန်း ကောက်ခံနိုင် ရန်အတွက် အမြန်ဆုံး လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးမှ အဆင့် မြင့်တာဝန်ရှိသူတစ်ဦးက ”အော်ရီဒူးက ၂၅ ကျပ်၊ ၃၅ […]
အော်ရီဒူးဖုန်း မြို့ ၆၈ မြို့အသုံးပြုနိုင်မည်
သစ်နေမိုး| August 2, 2014 အော်ရီဒူးဖုန်းကွန်ယက် ၀န်ဆောင်မှုကို ယခုလ ၁၅ ရက်နောက်ပိုင်းမှစ၍ လက်ရှိ ၀န်ဆောင်မှုရနေသည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များအပြင် ပြည်၊ မိထ္ထီလာ၊ မကွေးမြို့အပါအဝင် မြို့ ၆၈ မြို့တွင် အသုံးပြုနိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ သြဂုတ် ၂ ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟော်တယ်တွင် ပြုလုပ်ခဲ့သည့် အူရီဒူး၏ သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ကြေညာခဲ့ခြင်းဖြစ်သည်။ အော်ရီဒူး၏ အမှုဆောင်အရာရှိချုပ် Mr.Ross Cormack က “အခု ကွန်ယက်ဖြန့်ကျက်တဲ့ ဒေသတွေကို ကျော်လွန်ပြီး သြဂုတ် ၁၄ ရက်နောက်ပိုင်းကနေ စတင်ပြီး ပြည်၊ မကွေး၊ မိထ္တီလာ အပါအ၀င် မြို့ပေါင်း ၆၈ မြို့မှာ လူများနိုင်သလောက်များများကို နောက်ဆုံးပေါ်နည်းပညာက […]
မြန်မာပြည်သွားမယ့်ဝန်ကြီးဂျွန်ကယ်ရီ၊ ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရ
လင်းသန့်| August 3, 2014 မြန်မာနိုင်ငံကို ARF  အစည်းအဝေးတက်ဖို့သွားရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ကွန်ဂ ရက် လွှတ်တော် အမတ် ၇၀ ကျော်နဲ့ အမေရိကန်အခြေစိုက် ဘာသာရေး၊ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ဖိအားပေးမှုတွေ ရင်ဆိုင်နေရပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ သြဂုတ်လ ၁ဝ ရက်နေ့ ကျင်းပမယ့် ASEAN Regional Forum – ARF အစည်းအဝေးတက်ဖို့သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အမေရိကန် ကွန်ဂရက် အမတ် ၇ဝ ကျော်က ဂျွန်ကယ်ရီဆီ ပေးပို့တဲ့ စာထဲမှာတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေ အနေဟာ အဆိုးဘက်ကို နောက်ပြန်ဆုတ်သွားနေတာကြောင်၊့ မြန်မာ-အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေးကို […]
မီဒီယာသမားများ “နစ်နာမှု”မရှိစေရန် လုပ်ပေးမည် ဟု သမ္မတ ကတိပေး
ထက်နိုင်ဇော်| August 1, 2014 ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးအရေးယူ ထောင်ချခံနေရသော မီဒီယာသမားများအတွက် သမ္မတ၏ လုပ်ပိုင်ခွင့်ဘောင် အတွင်းမှနေ၍ “နစ်နာမှု မရှိစေရအောင် ဆောင်ရွက်ပေးသွားမည်” ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။ သမ္မတ ဦးသိန်းစိန်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)တို့ နေပြည်တော်ရှိ သမ္မတ လယ်တော အိမ်ရာအနီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သစ်သီးဝလံ ခန်းမတွင် ယနေ့ သြဂုတ်လ ၁ ရက်နေ့ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ “သမ္မတက သူ့လုပ်ပိုင်ခွင့်ထဲကနေပြီးတော့ နစ်နာမှု ရှိခဲ့တဲ့ မီဒီယာသမားတွေအတွက် နစ်နာမှု မရှိရအောင် လုပ်ပေးမယ်လို့ ပြောတယ်။ ဥပမာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရတဲ့ သတင်းသမားတွေ အတွက်ဆိုရင် သူအနေနဲ့ […]
စစ်တပ် ခြိမ်းခြောက်၍ နမ့်ခမ်း ဒေသခံများ ရွာလုံး ကျွတ် ထွက်ပြေး တိမ်းေ ရှာင်
နန်းဆိုင်နွမ်| August 1, 2014 ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ဇူလိုင် ၂၉ ရက်က အစိုးရ တပ်မတော်သား နှစ်ဦး သေဆုံးမှု အပေါ် စစ်တပ်က အခင်းဖြစ်ပွားရာ နောင်မတာ ကျေးရွာရှိ ဒေသခံများအား ခြိမ်းခြောက်မှုပြုသဖြင့် ရွာလုံးကျွတ် တရုတ်ပြည်ဘက်သို့ ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း သိရသည်။ နောင်မတာကျေးရွာတွင် အိမ်ခြေ ၁၂၀ ကျော်နှင့် ဒေသခံ ၄၀၀ ကျော်ရှိကြောင်း၊ သေဆုံးသူ ၂ ဦးသည် ယင်းဒေသ အခြေစိုက် အစိုးရစစ်တပ် တပ်မ ၈၈ လက်အောက်ခံတပ်မှ အရာရှိများ ဖြစ်သည်ဟု ဒေသခံများက ယူဆထားသူများ ဖြစ်သည်။ အဆိုပါ အရာရှိ နှစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်တပ်မှ ရွာလူကြီး […]