Archive | August 14, 2014

You are browsing the site archives by date.

နန်းသုံး စည်တော် … ရွမ်း

  ဆူးငှက်| August 10, 2014   ကျနော်တို့ ငယ်ငယ်က မန္တလေးမှာ ၁၂ ရာသီ ပွဲလမ်းမပြတ်ဘူး။ ညနေစောင်းတာနဲ့ နားစွင့်လိုက်ရင် တနေ ရာရာက ကြေးနောင်သံလေး တလွင်လွင်ကို ကြားရတတ်တယ်။ အငြိမ့်၊ ဒါမှမဟုတ်၊ ဇာတ်၊ ဒါမှမဟုတ် ဗလာဆိုင်း၊ အဖွဲ့တဖွဲ့ရဲ့ “ယိုးဒယားကရောင်း” ရိုက်တဲ့ ကြေးနောင်သံလေး ပေါ့။ ဒါဆိုရင် ထမင်း စားသောက်ပြီးတာနဲ့ အဲဒီ ကြေးနောင်သံလေး ကြားရတဲ့ဆီ နားစွင့်ပြီး သွားကြတာပါပဲ။ နောက်ပိုင်း ပွဲကြည့် ဝါရင့်လာကြတော့ ကြားရတဲ့ ကြေးနောင်သံကိုပဲ တခဏလောက် နားထောင်လိုက်ရုံနဲ့ အငြိမ့်လား၊ ဇာတ်လား၊ ဗလာဆိုင်းလား ဆိုတာ တပ်အပ်ခွဲနိုင် ကြတယ်။ ပိုပြီး ဝါရင့်တဲ့ သူများကျတော့ ဘယ်သူ့ အငြိမ့်၊ […]

ပဟေဠိဆန်တဲ့ MH 370 ပျောက်ဆုံးမှု နောက်ဆက်တွဲ ပဟေဠိဆန်မှု

Thursday, August 14, 2014 ကမ္ဘာလောကကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေက နောက်ထပ် ထူးဆန်းတာတွေ ထပ်ဖြစ်လေ့ ရှိတတ်တယ် ဆိုတဲ့ စကားက မှန်သလိုဖြစ်နေပါပြီ။  အခုလည်း ပြီးခဲ့တဲ့မတ်လ ၈ ရက်နေ့ကတည်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ပီကင်း မြို့ကို အသွား ထူးထူးဆန်းဆန်း ပျောက်ဆုံးနေဆဲဖြစ်တဲ့ မလေးရှားလေကြောင်းလိုင်း MH 370 လေယာဉ်ပေါ် ပါသွား တဲ့ ခရီးသည် ၄ ဦး ရဲ့ ဘဏ် အကောင့်တွေကနေ ငွေ ထုတ်ယူမှု ဖြစ်ပွားခဲ့ပါတယ်။   မလေးရှားလေကြောင်းလိုင်းက လေယာဉ်တချို့- ဓာတ်ပုံ- The Straits Times   ဒီအကြောင်း The Straits Times သတင်းတပုဒ်မှာ MH370 လေယာဉ်ခရီးသည်တွေရဲ့ […]

ဦးနေဝင်းမိသားစုနှင့်ဦးတေဇမိသားစုတို့၏ပတ်သက်ရာ ပတ်သက်ကြောင်းများ

  ရန်ပိုင်| August 14, 2014 ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) ဘဏ် ရှယ်ယာများကို အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးများက ဝယ်ယူမည့် ကိစ္စကို လူအများက စိတ်ဝင်စားခဲ့ကြသည်။ ဦးတေဇ၏ ဖခင် ဦးမြင့်ဆွေနှင့် ဦးနေဝင်းတို့၏ အတိတ်မှ ဆက်ဆံရေးကို ဖော်ပြလိုက်ပါသည်။ ဦးမြင့်ဆွေသည် ပြင်ဦးလွင် (မေမြို့) ဇာတိဖြစ်ပြီး မြန်မာ့တပ်မတော်အတွင်း “ရှမ်းကြီးမြင့်ဆွေ” ဟု လူသိများသူ ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာ့တပ်မတော် ပြန်လည်ထူထောင်ရာ ပြည်မြိုအခြေစိုက် ဗမာ့သေနတ်ကိုင် တပ်ရင်း (၄) တွင် မြန့်မာဆိုရှယ်လစ် လမ်းစဉ်အစိုးရ ဝန်ကြီးချုပ်ဟောင်း သူရဦးထွန်းတင် (ကချင် ထွန်းတင်)၊ သပြေမဂ္ဂဇင်းကို တည်ထောင်ခဲ့သူ ဗိုလ်မှူးကြီး သန်းညွန့် (အရမ်းသန်းညွန့်) တို့နှင့်အတူ […]