Archive | August 31, 2014

You are browsing the site archives by date.

Save လုပ်ပြီး သိမ်းထားရမဲ့ စာအုပ်အစုံပါတဲ့ Links

စာအုပ် ၀ါသနာအိုးတွေ အတွက် .. အရမ်း ကို Smart ကျတဲ့ Links .. ========================== မာတိကာ သို့မဟုတ် ရှာဖွေရန် (အပေါ်ပိုင်း တွင် အမျိုးအစားလိုက်ရှာနိုင်ပြီး အောက်ပိုင်းတွင် အမည်အတိုင်း ကမှ အ အထိ ရှာနိုင်ပါသည်။) အမျိုးအစားအလိုက်ရှာရန် ========================== ဘာသာပြန်စာအုပ်များ http://is.gd/n4j7eL သမိုင်းစာအုပ်များ http://is.gd/B1PIZQ မြန်မာစွယ်စုံကျမ်း၊စာပေကျမ်း၊စာတမ်း၊ကျောက်စာစာအုပ်များ http://is.gd/4K4SFK စာပေဟောပြောပွဲ mp3 ဖိုင်အပုဒ်( ၁၀၀ကျော် ) http://is.gd/SWF4Vb အထွေထွေသုတစာအုပ်များ http://is.gd/MxlUeR) ဖက်ရှင်ဒီဇိုင်းစာအုပ်များ http://is.gd/Efh2iD လှို့ဝှက်သဲဖို၊စုံထောက်စာအုပ်များ http://is.gd/OyQcO0 ဘာသာစကားဆိုင်ရာ စာအုပ်များ http://is.gd/xEB8ac ဗေဒင် (၈ အုပ်) http://is.gd/Jils6L ကျမ်းမာရေးစာအုပ်များ http://is.gd/THEuKy သိုင်းဝတ္ထုများ http://is.gd/X2xMoP ဥပဒေဆိုင်ရာ […]

ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာတစ်ဝိုက်ရှိလယ်မြေ များ အား တရုတ်နှင့် တရုတ် အနွယ်ဝင် တိုင်းရင်း သားအမည်ခံများ ဆင်း ၀ယ်နေပြီး

ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာတစ်ဝိုက်ရှိ လယ်မြေများအား တရုတ်နှင့် တရုတ်အနွယ်ဝင် တိုင်းရင်းသားအမည်ခံများ ဆင်းဝယ်နေပြီး လက်ရှိဈေးနှုန်းသည် ယခင်ဈေးနှုန်းထက် အဆပေါင်း များစွာမြင့်တက်နေကြောင်း သိရ ။ =================================================== ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာတစ်ဝိုက်ရှိ လယ်မြေများအား တရုတ်နှင့် တရုတ်အနွယ်ဝင် တိုင်းရင်းသားအမည်ခံများ အများစုဆင်းဝယ်နေပြီး လယ်မြေဈေးများမှာ တစ်ဧက လျှင် ကျပ်သိန်း ၅ဝဝ၊ ၆ဝဝ မှအမြင့်ဆုံး သိန်းထောင်ဂဏန်းအထိ အရောင်းအဝယ်  ဖြစ်နေကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ဈေးနှုန်းသည်ယခင် ဈေးနှုန်းထက် အဆ ပေါင်းများစွာ မြင့် တက်နေကြောင်း   ဒေသ ခံ များမှရရှိသော သတင်းများအရ သိရသည်။ “မနှစ်ကဆို တစ်ဧကကို ၁ဝ သိန်း၊ ၁၂ သိန်းလောက်ရှိတယ်။ အခုကျတော့ အတွင်းပိုင်းတွေက သိန်း ၂ဝဝ ကနေ […]

သန်းခေါင်စာရင်းရှေ့ပြေးလူဦးရေစာရင်းအကြောင်း ရှင်းလင်း ပွဲမှ ပြော စကား အချို့

သြဂုတ် ၃၀ ၊ ၂၀၁၄ M-Media ချမ်းငြိမ်းအေး သန်းခေါင်စာရင်း ကိစ္စမှာ လူမျိုး ၁၃၅ မျိုးကို တရားသေစွဲ ကိုင်ထားခြင်း မဟုတ်ကြောင်း၊ရခိုင်မှာ ရိုဟင်ဂျာတောင်းခံသည့် ခရိုင် ၃ ခု နဲ့ ကချင် ၂၅ အုပ်စုကို စာရင်းမကောက်ခံနိုင်ခဲ့၊ ရခိုင်ပြဿ နာက နိုင်ငံရေးဖြစ်လို့ နည်းပညာဖြင့် ဖြေရှင်းလို့မရ နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းနိုင်ကြောင်း၊အရင် သန်း ၆၀ ကျော်ဆိုတာ ခန့်မှန်းချက်သာဖြစ်လို့ ပြည်ထောင်စုဝန်ကြီး ဒီနေ့ပြော သွား တဲ့ ၅၁.၄ သန်းကိုသာ လက်ရှိအတည်ယူပေးပါရန်၊၅၁.၄ သန်းက အတည်မဟုတ်သေးကြောင်း၊၅၁.၄ သန်းမှာ နိုင်ငံခြားကို တရားဝင်ရော အောက်လမ်းကရော သွားသူတွေ မပါသေးကြောင်း၊၂၀၁၅ မေလခန့်မှာ ထွက်လာမယ့် ပင်မစာရင်းကသာလျှင် အတည်ပြုချက်ဖြစ်မှာဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကို လိမ်လည်ဖြေဆိုရင် […]

ခေါင်းဆောင် မတင်ထိုက်သူများ

“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။” ၁။ ဂဏန်း = လက်မ ထောင်ခြင်း ၂။ ပုတ်သင် = ပြောသမျှ ခေါင်းငြိမ့်ခြင်း ၃။ ကိုင်းပင် = လေသင့်ရာ ယိမ်းတတ်ခြင်း ၄။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း ၅။ လိပ်မျိုး = မိမိဘက်သို့ ယက်တတ်ခြင်း ၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက။ ၁။ ဂဏန်း ဂဏန်းနဲ့ တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင်ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့က ဘာမှ […]

ကမ္ဘာကျော်အတွေးအခေါ်ပညာရှင်၊လူမှုရေးနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးလှုပ်ရှားသူ၊ တူရကီ အစ္စလာမ်ပညာရှင် ဖသုလ္လာဟ်ဂူလန်

သြဂုတ် ၂၇ ၊ ၂၀၁၄ M-Media ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်၊ လူမှုရေးနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးလှုပ်ရှားသူ၊ တူရကီ အစ္စလာမ်ပညာရှင် ဖသုလ္လာဟ်ဂူလန်က အစ္စလာမ့် နိုင်ငံတော်ဟု ကိုယ့်ဖာသာ ကိုယ်နာမည်ပေး ထားတဲ့ ISIS အဖွဲ့၏ ကြမ်းကြုတ် ရက်စက်မှုများကို ပြင်းထန်စွာ ရှုံ့ချလိုက်ပြီး အကြမ်းဖက်ခံများနဲ့ အတူ အသတ်ခံခဲ့ရတဲ့ အမေရိကန် ဂျာနယ်လစ်တို့ အပေါ် စာနာ ဝမ်းနည်းကြောင်း ပြောကြားခဲ့ကြောင်း သိရပါတယ်။ ဂူလန် လူမှုရေးလှုပ်ရှားမှုနှင့် ဆက်နွယ်နေတဲ့ အဖွဲ့အစည်းများအား ကိုယ်စားပြုထားသည့် ‘မျှဝေခံစား တန်ဖိုးများ မဟာမိတ်အဖွဲ့’မှ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် ဖသုလ္လာဟ် ဂူလန်က လွဲမှားသည့် ဘာသာရေး အမည်ခံ ဟောပြောရေးသားမှုများဖြင့် တကယ့်သရုပ်မှန်ကို ဖုံးကွယ်ထားသည့် ၎င်းအကြမ်းဖက် အဖွဲ့၏ ရက်စက်သည့် […]

ဆက်သွယ်ရေးဆင်းမ်ကတ်များလက်လီအရောင်း ဆိုင်များ တွင် လွတ် လပ်စွာ ဝယ်ယူနိုင်

Sat, 2014-08-30 15:12 ရန်ကုန် ရန်ကုန်− မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ်ရောင်းချပေးနေ သည့် ဆင်းမ်ကတ်များကို နိုင်ငံ တစ်ဝန်းရှိ လက်လီအရောင်းဆိုင် များတွင် စက်တင်ဘာ ၁ ရက်မှစ၍ လွတ်လပ်စွာဝယ် ယူနိုင်ပြီ   ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘ကျွန်တော်တို့ရဲ့ အရောင်း ကိုယ်စားလှယ်တွေကနေတစ် ဆင့် နိုင်ငံတစ်ဝန်းက လက်လီ အရောင်းဆိုင်တွေကို ဖြန့်ချိပေး သွားမှာပါ။ သတ်မှတ်ထားတဲ့ ပုံစံ စာရွက်ကို ဖြည့်ပြီးတာနဲ့ ဆင်းမ် ကတ် ကို ဝယ်ယူခွင့်ရမှာဖြစ်ပါ တယ်။ အရင်လိုကန့်သတ်ထား တာတွေမရှိတော့ပါဘူး’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့် သိန်းထွန်းက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် ပြီးခဲ့သည့်လများ တွင် ဆင်းမ်ကတ်လေးသိန်းကို နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းအသီးသီး၌ ခွဲတမ်းစနစ်ဖြင့် […]

မြန်မာဖြေရှင်းရန်ပြသနာလေးရပ်ရှိဟု ကုန်သွယ်ရေး အရာရှိ ပြော

By သိမ့်သိမ့်စိုး  Saturday, August 30, 2014 အမေရိကန်ကုန်သွယ်ရေးအရာရှိ မိုက်ကယ်ဖရိုမန် (ဓာတ်ပုံ – AFP)  မြန်မာနိုင်ငံတွင် ဖြေရှင်းရန် အခက်ခဲဆုံးပြဿနာ လေးခုရှိနေကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိ မိုက်ကယ်ဖရိုမန် ဒုတိယအကြိမ် အာဆီယံ- အမေရိကန်စီးပွားရေး အစည်း အဝေး ၌ ပြောသည်။ ငြိမ်းချမ်းရေးနှင့် ပြည်တွင်း ပဋိပက္ခများကို အဖြေရှာရေး၊ မြန် မာလူမျိုးများမီဒီယာ၊ ရွေးကောက်ပွဲနှင့် အစိုးရအဖွဲ့အစည်းအတွင်း တွင် ပြည်သူများ ရသင့်သော လွတ်လပ်ခွင့်များရ၊မရဆန်းစစ် ရေး၊ လွတ်လပ်စွာ ဒီမိုကရေစီအ ရကွဲပြားခြင်းနှင့် လူ့အခွင့်အရေး ကို အပြည့်အ၀ရရှိအောင် အကာ အကွယ်ပေးရေး၊ အားလုံးပါဝင်နိုင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီကာ စဉ်ဆက်မပြတ် တိုးတက်နေသော စီးပွားရေးဖြစ်ပေါ်လာအောင် ဆောင်ရွက်ရေး လုပ်ငန်းစဉ်များ […]

မြန်မာပြည် လူဦးရေ ၉ သန်း ဘယ်ရောက်နေသလဲ

Saturday, August 30, 2014 သန်းခေါင်စာရင်းကော်မရှင်က မြန်မာပြည်လူဦးရေ စာရင်းကို သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါပြီ။ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တနေရာ (ဓာတ်ပုံ – တေဇလှိုင်/ ဧရာဝတီ) မြန်မာပြည်မှာ လူဦးရေ ၅၁ သန်း ရှိပါတယ် တဲ့။ အဲဒီ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ရခြင်းက အစိုးရရဲ့ စီမံကိန်း၊ မူဝါဒချမှတ်မှု နဲ့ ဌာနဆိုင်ရာလိုအပ်ချက်များ  အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ခြင်း ဆိုတာဟာလည်း နိုင်ငံတကာလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ကိုင်ရခြင်းပါပဲ တဲ့။ လူဦးရေ အတိအကျကတော့ ၅၁,၄၁၉,၄၂၀ ဖြစ်ပါတယ်။ ဒါဟာ မတ်လ ၂၉ ရက်နေ့ မြန်မာပြည်မှာ ရှိတဲ့လူဦးရေစာရင်း လို့ ဆိုတယ်။ ပြည်ပရောက် သံရုံးဝန်ထမ်းတွေ အဲဒီထဲ […]