Leave a comment

ပြင်ဦးလွင်မြို့၏(၅.၁.၂၀၁၃)နေ့ဖမ်းမိသောမူးယစ်မှုတွင် အမှုမှန်ပေါ်ပေါက်စေရန်နှင့် တရားမျှတမှုရှိစေလို

ပြင်ဦးလွင်ခရိုင်တရားရုံး

၅.၁.၂၀၁၃ ပြစ်မှုကြီးအမှတ် – ၃

 

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်

၂၀၁၄ ပြစ်ယူမှုအမှတ် – ၁၅၉

ရက်စွဲ။     ။၂၇.၁၀.၂၀၁၄

ပြင်ဦးလွင်မြို့တွင် ၅.၁.၂၀၁၃ ထောင်ချောက်ဆင် ဖမ်းမိသော မူးယစ်မှုတွင် အမှုမှန်ပေါ်ပေါက်စေရန်နှင့် တရားမျှတမှုရှိရန် တရားခံ ရဲလင်းအောင်၏ မိခင် ဒေါ်အေးအေးမြင့်မှ

နိုင်ငံတော် သမ္မတရုံး – နေပြည်တော်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး – နေပြည်တော်

ပြည်ထောင်စုရှေ့နေချုပ်ရုံး – နေပြည်တော်

မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ – နေပြည်တော်

  …..   စသည့် ဌာနများသို့ တိုင်စာများပေးပို့ခဲ့ပါသည်။

ရဲလင်းအောင် ပါ (၃) ဦး အမှုမှာ ၅.၁.၂၀၁၃ မှ ၆.၆.၂၀၁၄ ထိ အချိန်ကြာမြင့်စွာပြင်ဦးလွင်ခရိုင် တရားသူကြီး (၃) ဦး ပြောင်းရွှေ့ရင်ဆိုင်ခဲ့ရပြီး ခရိုင်တရားသူကြီး ဦးနေစိုးမှ ၁ – တရားခံ ရဲလင်းအောင် ၁၉ နှစ်၊ ၂ – တရားခံမင်းသက်ဝေ ၁၅ နှစ်၊ ၃ – တရားခံ တိုင်းဝင်းအောင်(ခ)ရခိုင် ၁၅ နှစ် အသီးသီးအမိန့် ချမှတ်ခဲ့ပါသည်။

ယူခံအမှုအားပြစ်မှု့အမှတ်(၁၉၅) –  ရဲလင်းအောင် ပြစ်မှုအမှတ်(၁၇၈တရားခံတိုင်းဝင်းအောင်(ခ)ရခိုင် တို့ နှစ်ဦးပြိုင် တက်ခဲ့သော်လည်း ၁.၉.၂၀၁၄ နေ့တွင်ပြစ်မှုအမှတ် – ၁၉၅ ရဲလင်း   အောင် အမှုကို မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးကြည်သိန်းမှ ပလပ်ခဲ့ပါသည်။

အမှုမှ ပစ္စည်းပိုင်ရှင် အဓိကဖြစ်သူ ပြစ်မှုအမှတ် ၁၇၈ – တိုင်းဝင်းအောင်(ခ)ရခိုင် အမှုကို ၂၉.၁၀.၂၀၁၄ တွင်ကြားနာရန် လက်ခံခဲ့ပါသည်။

အဘယ့်ကြောင့် တဦးကို ပလပ်၍ တဦးကို ကြားနာမည် ဆိုခြင်းကို ၁ – တရားခံ ရဲလင်းအောင်၏ မိခင်မှ ခိုင်လုံသော အကြောင်းပြချက် သိချင်ခဲ့ပါသည်။

ထို့ကြောင့် နိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေးအား အဂတိလိုက်စားမှု ကင်းရှင်းစွာနှင့် ကြားနာပေးလိမ့်မည်ဟု ယုံကြည်ပါသည်။

တရားဥပဒေကိုလေးစားသူ

အမည် –  ဒေါ်အေးအေးမြင့်

မှတ်ပုံတင်အမှတ် – MMO 2973218

နေရပ်လိပ်စာ – ပဒေသာမြို့သစ် ၊ ၀ / ၈၄ ၊

ခေတ္တရာလမ်း ၊ ပြင်ဦးလွင်မြို့။

ဖုန်းနံပါတ် – 09 400 306 184

 

အမှုတွဲမှတ်တမ်း

Displaying Untitled-26.jpg

Displaying Untitled-2.jpg

Leave a comment